ဘယ်လိုရယ်ကြလဲ ...

ရယ်တာဟာ ကျန်းမာရေးအတွက်ကောင်းပါတယ်။ စိတ်လွတ်ကိုယ်လွတ် ရယ်လိုက်ရရင် လူတစ်ကိုယ်လုံး ပေါ့ပါးသွားတာကို ရယ်ဘူးတဲ့သူတိုင်း သိမှာပါ။ စိတ်ဖိစီးမှုတွေကိုလည်း ရယ်ခြင်းဖြင့် လျှော့ချနိုင်တယ်လို့လဲ ကျန်းမာရေးဆိုင်ရာ စာအုပ်တွေမှာ ဆိုထားပါတယ်။ ပြီးတော့ ရယ်လိုက် ပြုံးလိုက်ရင် မျက်နှာက ကြွက်သားတွေ တင်းမာခြင်းတွေ ပြေလျှော့လို့ နုပျိုလာတယ်လို့လည်း ပြောကြတာကိုး။ လူတစ်ဦးနဲ့ တစ်ဦး တွေ့ ကြဆုံကြလို့ နူတ်ဆက်တဲ့ အခါဆိုရင်လည်း ရယ်ပြ ပြုံးပြပြီး နူတ်ဆက်တာဟာ မိတ်ဆွေတွေ တိုးပွားချစ်ခင်စရာပဲ မဟုတ်လား။ အဲဒီတော့ အားရပါးရရယ်၊ စိတ်လွတ် ကိုယ်လွတ်ရယ် ပေါ့ပေါ့ပါးပါး ရယ်လိုက်ကြပါလား။ အဲ အဲ မရယ်အပ် မရယ်သင့်တဲ့ နေရာတွေ အချိန်တွေကိုတော့ မရယ်ကြနဲ့နော်( ဥပမာ- တရားရုံးတို့၊ အပျိုကြီးတွေ ပဲများပြီး လမ်းလျှောက်နေတုန်း ချော်လဲတဲ့ အချိန်တို့) ။ ဘာတွေဖြစ်လာမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် အီးးးးးးးးးးးးး ပါးတွေတောင် ယားလာသလိုလို ........။ရယ်တာကို တော့ ဒီလို မှတ်သားဘူးတယ်...................

ရယ်ခြင်း ( ၃ ) ပါး

( ၁ ) သူမြတ် ရယ်ခြင်း
( ၂ ) သူလတ် ရယ်ခြင်း
( ၃ ) သူယုတ် ရယ်ခြင်း

သူမြတ် ရယ်ခြင်း ( ၂ ) ပါး။ ။ ( ၁ ) သတိ - မျက်လုံး နှုတ်ခမ်း စဉ်းငယ် အနေပျက်ရုံ ပြုံးကာပြု၍ ရယ်ခြင်း။
( ၂ ) ဥပဟသိတ - စဉ်းငယ် သွားပေါ်ရုံသာ ရယ်ခြင်း။

သူလတ် ရယ်ခြင်း ( ၂ ) ပါး။ ။ ( ၁ ) ၀ိဟသိတ - ပကတိသော အသံညင်းညင်း ထွက်ရုံ ရယ်ခြင်း။
( ၂ ) ဥပဟသိတ - ပခုံး ဦးခေါင်း လှုပ်အောင် ရယ်ခြင်း။

သူယုတ် ရယ်ခြင်း ( ၂ ) ပါး။ ။ ( ၁ ) အပဟသိတ - မျက်ရည်ထွက်အောင် ရယ်ခြင်း။
( ၂ ) အတိဟသိတ - ခြေပစ် လက်ပစ် မရှိုက်မရှုနိုင်အောင် ရယ်ခြင်း။

ကျွန်တော်လား ....... ကျွန်တော်ကတော့ ရယ်ချင်သလို ရယ်လိုက်တာပဲ ဟတ် ဟတ် ဟတ် .........။

ဒါနဲ့ စကားမစပ် လောလောဆယ်တော့ မရယ်နိုင်သေးဘူး .... ပါပါကြီးရုံး တတ်လိုက်ရလို့ အဟင့် ရွှတ်း(

အခု

တွေးချင်တာတွေ များ
ရေးချင်တာတွေ များ
ဆွေးချင်တာတွေ များ
ကြည့်ချင်တာတွေ များ
လုပ်ချင်တာတွေ များ
---------------------
---------------------
---------------------
ဟိုဟာတွေက များ
ဒီဟာတွေက များ
ငါ့မှာ အချိန်က မအား.....။

ကြောက်ရပုံ

မီးရထားတစ်စင်းပေါ်တွင် လူနှစ်ယောက် ဘေးချင်းယှဉ်ထိုင်နေကြသည်။

ဘေးမှလူက ပြတင်းပေါက်ဘက်မှလူအား မေးသည်။

'အစ်ကိုကြီး အစ်ကိုကြီး စစ်ဗိုလ်လားဟင်'

ထိုသူက မျက်မှောင်ကျုံ့ လိုက်ပြီး ဖြေလိုက်သည်။

'မဟုတ်ဘူးဗျ'

'ဒါဖြင့် အစ်ကိုကြီး စစ်သားလားဟင်'

ထိုသူက ဆက်မေးသည်။

'မဟုတ်ဘူးဗျ'

'အစ်ကိုကြီး အမျိုးတွေထဲမှာ စစ်ဗိုလ်တွေ စစ်သားတွေ ရှိလားဟင်'

'မရှိပါဘူးဗျ'

'ဟို အစ်ကိုကြီး မိတ်ဆွေတွေ သူငယ်ချင်းတွေထဲမှာရော စစ်ဗိုလ်တွေ စစ်သားတွေရှိလားဟင်'

'မရှိပါဘူးဗျ။ နေပါဦး ခင်ဗျားက ဘာဖြစ်လို့မေးနေတာတုန်း'

'မဟုတ်ပါဘူးဗျာ အစ်ကိုကြီး ကျွန်တော့်ခြေထောက်တတ်နင်းထားတာ ဖယ်ခိုင်းမလို့ပါ။'

မင်းတိမ်ညို
( ရုရှားဟာသ တစ်ခုကို မှီငြမ်းပါသည်။ )

လူသားတွေအားလုံးကို မေတ္တာထားတတ်ကြပါစေဗျာ။

ဒီည


အိပ်မရ
လိမ့်ထ
စိတ်ကြွ
လာထား ဘီယာတစ်လုံး........။း)

အောင်မာ အောင်မာ ငါက အိပ်မရပါဘူးဆို ဒင်းက ပိုးလိုးပက်လက်နဲ့ တယ်လေ ငါ ရိုက်လိုက်ရ ......... ( မီးမီးကို ရန်တွေ့ နေတာ ဟတ် ဟတ် ဟတ် )။ ။

အေးစက်စက် ဆောင်း ...........

ဆောင်း ဆောင်း ဆောင်း ........ လေးမ Tag ထားတာကြာပါပြီ ဒါပေမယ့် ကျွန်တော် ကျောင်းတတ်နေရတာရော မအားတာေ၇ာ အားလုံးပေါင်းစုံပြီး ဘာကိုမှ မလုပ်ဖြစ်သေးဘူး ဖြစ်နေတယ် လိမ်လည်တာလဲ မဟုတ်ပါဘူး အယောင်ပြတာလဲ မဟုတ်ပါဘူး။ တကယ်ကို မအားသေးလို့ပါ။ အခုတော့ အားချင်ယောင်ဆောင်ပြီး ကျွန်တော့်အတွက် အမှတ်တရတွေဖြစ်စေတဲ့ ဆောင်းကို ခံစားလိုက်တော့ ..........

အဲဒီဆောင်းပေါ့ ...
အနီရောင်ဆွယ်တာလေးနဲ့
ငါ့ရဲ့ ပါရမီဖြည့်ဘက်လေးကို စတွေ့ ခဲ့တာ
ငါ မှတ်မိနေတယ်
ငါ 'ချစ်တယ်' လို့ပြောတော့
သူ့ရဲ့ ပါးပြင်လေးတွေ နီရဲသွားတာ
သူ့ကြောင့် ငါကဗျာတွေရေးတတ်ခဲ့တာ
သူရဲ့ မျက်ရည်တွေကို တယုတယ သုတ်ပေးခဲ့တာ
ငါ့ရဲ့ ဘ၀ကို သာယာနွေးထွေးစေခဲ့တာ
အဲဒီဆောင်းပေါ့ ...........။

ဆောင်းတွင်းမနက်တွေမှာ ကျွန်တော့်ရဲ့ အချစ်ဆုံးလာမယ့်လမ်းက ကြိုစောင့်နေရတာလဲ ကျွန်တော့်အတွက် ရင်ခုန်မှုတွေကို အေးမြစေခဲ့တာပါ။ သူလာမယ့်လမ်းကို သစ်ပင်အောက်က ဆေးလိပ်ဖွာပြီး မျှော်နေတတ်တဲ့ ကျွန်တော်၊ သူပြန်သွားတဲ့ အခါလည်း နောက်ကနေ လိုက်နေတတ်သူပါ။ ဆောင်းညတွေ ဘယ်လိုပဲ အေးစက်ပါတယ်ပြောပြော သူရဲ့ အခန်းလေးကို မရောက်ရောက်အောင် သွားပြီး သူ့ရဲ့ အရိပ်လေးကို မြင်ရမှ နေတတ်ခဲ့တဲ့ ကျွန်တော်ပါ။ ကျွန်တော်ရောက်ရှိခဲ့ကြောင်း သူ့ အခန်းပြတင်းပေါက်ကို ကျောက်ခဲလေးတွေနဲ့ ပေါက်ပြီး ပြောပြတတ်ခဲ့တာပါ။ချမ်းအေးတဲ့ ဆောင်းမနက်ခင်းတွေမှာ သူ့ရဲ့နွေးထွေးတဲ့ လက်တွေကိုဆုပ်ကိုင်ပြီး လမ်းတွေအတူတူလျှောက်ခဲ့တာလည်း ကျွန်တော့်အတွက်တော့ ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရတွေပေါ့။

အဲဒီဆောင်းပေါ့ ...
'ချစ်သူ' ငါ့ဘ၀ထဲက ထွက်ခွာသွားခဲ့တာ
'မေ့လိုက်ပါတော့' စကားတစ်ခွန်းနဲ့
ငါ့နှလုံးသွေးတွေ အေးခဲ ငါ့နှုတ်တွေ ဆွံ့ အခဲ့တာ
ခါးသီးလွန်းတဲ့ ဝေဒနာကို သေမတတ်ခံစားခဲ့ရတာ
ပူပြင်းခါးသက်တဲ့ အရည်တွေနဲ့
ငါ့နှလုံးသားဒဏ်ရာတွေကို ဆေးကြော
ငါ့ဘ၀ကို နှစ်မြှပ်ခဲ့တာ
အဲဒီဆောင်းပေါ့...........။

အေးစက်ခြောက်သွေ့ နေတဲ့ ဆောင်းတွင်းတစ်ညနေမှာ ကျွန်တော့်ကို ထားခဲ့ပြီး ထွက်သွားတဲ့ ချစ်သူရဲ့ပုံရိပ်ကို အခုထိမြင်ယောင်နေတုန်းပါ။ ယောင်ချာချာနဲ့ လမ်းဘေးတစ်နေရာမှာ ရပ်နေမိခဲ့တဲ့ ကျွန်တော့်ကို ဘယ်သူမှ တစ်ချက်လေးတောင် ငဲ့စောင်းမကြည့်ကြပါဘူး။ အဲဒီအချိန်ကစလို့ သူရာရည်တွေနဲ့ ရင်းနှီးမှုအတိုင်းအတာ မြင့်တတ်ခဲ့တာ.. စွတ်စိုနေတဲ့ ဆောင်းညရဲ့ မြက်ခင်းတွေပေါ် အဖော်မဲ့ အိပ်စက်ခဲ့ဘူးတာ... ပူလောင်လွန်းလှတဲ့ ရင်ဘတ်ထဲကဒဏ်ရာကို ဘယ်လိုအရာတွေနဲ့မှ ကုစားလို့ မရခဲ့ဘူးဆိုတာ .. ဆောင်းညတွေ သက်သေပေါ့။

အဲဒီဆောင်းပေါ့
ငါ့ဘ၀ကို အပြီးတိုင်မြေမြှပ်လိုက်တာ
အေးစက်ခြောက်သွေ့ တဲ့ နေ့တွေ
တိတ်ဆိတ်မှောင်မဲတဲ့ ညတွေ
အရာရာအားလုံး မှုန်ဝါး........
ငါ့မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့တာ
အဲဒီဆောင်းပေါ့ ....။ ။

................................................................................................................................................................................................
.................................................................................................................................................................................................
...............................................................................................................................................................................................
ကျွန်တော်ဟာ ကောင်းကင်ကြီးထဲက
လွတ်လပ်စွာ ၀ဲပျံနေတဲ့ ဌက်တစ်ကောင်ဖြစ်ချင်ခဲ့သူပါ။ ဒါပေမယ့် ... အခုတော့ ပင့်ကူအိမ်ထဲက ပင့်ကူတစ်ကောင်လို ..............။

ဒီပိုစ့်လေးကတော့ ကျွန်တော်ရဲ့ ဟိုးငယ်ငယ်က ရင်ခုန်သံတွေဝုန်းဒိုင်းကြဲတတ်တဲ့အရွယ် ကျောင်းသားဘ၀ကို ပြန်ပြီးအမှတ်ရစေပါတယ်။ ဆရာမစာသင်နေရင် ကောင်မလေးတွေအတန်းဘက်ကို ခိုးခိုးကြည့်ပြီး ကဗျာတွေ၊စာတွေ ရေးခဲ့တဲ့ ဘ၀ပေါ့...။ အခုလဲ ဆရာစာသင်နေတုန်း လက်ချာမလိုက်ပဲ ခပ်တည်တည်နဲ့ ကိုယ်ရေးချင်တာတွေ ရေးလိုက်တာ ... ဆရာကတော့ ထင်မှာပဲ ခေါင်းတောင်မော်မကြည့်ပဲ စာတွေလိုက်ရေးနေတယ်ပေါ့ ဟတ် ဟတ် ဟတ် ..။ ဆောင်းအကြောင်းကို ဆက်ပြီး ရင်ခုန်စေချင်သောသူများကတော့

(၁) ကမ္ဘာအမြင့်ဆုံးတောင်ပေါ်ကိုတတ်ပြီး နေပူစာလှုံချင်ပါတယ်ဆိုတဲ့ ကိုခွန်မောင်
(၂) ချစ်သူက ဆံပင်အရှည်ထားနေပြီဆိုလို့  ပျော်နေတဲ့ ကိုမိုးစက်
(၃) ဘ၀ကို အေးဆေးလေးပဲ ဖြတ်သန်းချင်တယ်ဆိုတဲ့ ကိုသင်္ကြန်
(၄) အနီရောင်နှင်းဆီကိုမှ ကြိုက်ပါတယ်ဆိုတဲ့ မနှင်းဆီနီနီ

ကျေးဇူးပြုပြီး ဆောင်းကိုရင်ခုန်ပေးကြပါလား ...။
ဒါနဲ့ စကားမစပ် မြန်မာအမျိုးသမီးဘောလုံးအသင်းက အရှေ့တောင်အာရှချန်ပီယံ ဖြစ်သွားပြီဗျ....။ ။

အားလုံးပဲ နားလည်ပေးကြပါဗျာ.....

ကျွန်တော် အခုတလော ဘလော့ကို မလော့နိုင်ဖြစ်နေတယ်ဗျာ။ ကျောင်းတွေကလည်း ပြန်တတ်နေရတော့ အချိန်ကိုမရဘူး။ မနက်ဆို ၈း၀၀ အဆောင်ကထွက် ညနေဆို ၇း၀၀ မှအဆောင်ကို ပြန်ရောက်နဲ့ ဘာမှကို မလုပ်နိုင်ဖြစ်နေတာ။ အရင်လို နေ့အိပ် ညပျော်လည်း မလုပ်နိုင်တော့ပါဘူး။ ဘလော့မှာလည်း ပို့စ်အသစ်တွေ မတင်နိုင်ဖြစ်နေတယ်။ ပို့စ်တွေတော့ ရေးပါတယ်။ အချိန်ကိုလုပြီးရေးပါတယ် ဒါပေမယ့် ကျွန်တော့်ကြောင်မလေးက ကျွန်တော်ပို့စ်ရေးနေပြီဆို အရမ်းဆော့တာဗျာ။ ရီစတတ်ခလုပ်ကို ဖိလိုက်၊ ပါဝါကြိုးကို ဖြတ်ပြေးလိုက်နဲ့ ရေးနေတုန်းဆို ဘယ်တော့မှ အပြီးမသတ်ပဲ စက်က ရပ်ရပ်သွားတော့ ပို့စ်တွေ မတင်ဖြစ်တာပါ။ ကျွန်တော့်ကြောင်ကလည်း ကျွန်တော့်လိုပဲ နေ့အိပ် ညပျော်အရမ်းလုပ်တာ။ အခုဆို သူ့ကို အရင်အိပ်အောင်သိပ်နေရတာ အလုပ်တစ်လုပ်လို ဖြစ်နေတာ။ သူလဲ နေ့ဘက်ဆို ကျွန်တော်တို့က ကျောင်းသွားတော့ ပျင်းလို့အိပ်၊ ညဘက်ဆို အရမ်းဆော့ ဘယ်လိုမှကို မနိုင်ဘူးဖြစ်နေပါတယ်။ အဲ ........ဘယ်လိုလုပ် မီးမီးအကြောင်းရောက်သွားလဲ မသိဘူး ( မီးမီးဆိုတာ ကျွန်တော့် ကြောင်မလေး နာမည်ပါ )။ အဲသလို အဲသလိုတွေနဲ့ ကျွန်တော့်ပို့စ်တွေ အသစ်မတင်နိုင်ဖြစ်နေတာပါ။ ကျွန်တော့်ဆီကို လာလည်တဲ့သူတွေ အားလုံးကို အခုတခါထဲ တောင်းပန်ပါတယ်။ ကျွန်တော့်ဘလော့လေးကို ဆက်ပြီးတော့ အသက်သွင်းနေဦးမှာပါ။ ပို့စ် အသစ်အသစ်တွေကိုလည်း ရေးပါဦးမယ်။ကျွန်တော့်ဆီကို လာလည်တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ သူငယ်ချင်းတွေဆီလည်း မရောက်ဖြစ်ဘူး ဖြစ်နေတယ်။ တကယ်လို့များ ကျွန်တော့်ဆီကို ကြုံကြိုက်လို့လာတာပဲ ဖြစ်ဖြစ်၊ သတိရလို့ လာတာပဲ ဖြစ်ဖြစ် ဆီဗုံးမှာတော့ အော်သွားပေးကြပါ။ ကျွန်တော့်အတွက်တော့ သူငယ်ချင်းတွေရဲ့ စကားတွေဟာ အားတွေဖြစ်လို့ပါ။ ကျွန်တော့် သူငယ်ချင်းတွေရဲ့ ဘလော့လေးတွေကိုလဲ အားတာနဲ့ လာခဲ့ပါ့မယ် ခင်ဗျာ။ ကျွန်တော့်ကိုလည်း နားလည်ပေးကြပါလို့ ............။

ဖန်ခွက်

မင်းနှုတ်ခမ်းနဲ့  ငါ့နှုတ်ခမ်း
ထိတွေ့ လိုက်တဲ့ တခဏမှာ
ငါဟာ အရာရာအားလုံးကို မေ့သွားခဲ့.... ။

မင်းနှုတ်ခမ်းရဲ့ နွေးထွေးတဲ့
အထိအတွေ့ ဟာ
ငါ့ခန္ဓာမှာ လှည့်ပတ်စီးမျောလို့ပေါ့.....။

မင်းရဲ့ နှုတ်ခမ်းလေးတွေဟာ
ငါ့အတွက်တော့
အချိုမြဆုံး သံစဉ်တစ်ပုဒ်ပါ ချစ်သူ.....။

မင်းလွှတ်ချခဲ့ရင်
ငါ့ဘ၀ဟာ
အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားမှာပါ...။

မင်းလွှတ်မချမိဖို့
ငါ့ရင်ထဲမှာ
အချိန်တိုင်း ဆုတောင်းနေမိပါတယ်..။

လွှတ်ချခဲ့ရင်လည်း
ကွဲအက်သွားရုံကလွဲလို့
ငါ ဘာများ တတ်နိုင်မှာမို့ လဲ ....။

ငါဟာ မင်းလက်ထဲက ဖန်ခွက်လေးပါ ချစ်သူရယ် ...။ ။

မရီရဘူး ...

ကျွန်တော့်စာလေးကို လက်ခံပါဗျာ...။
ဖြန်း...................
ကျွန်တော် 'မ' ကို ချစ်တယ်...။
ဖြန်း....................
ကျွန်တော် 'မ' ကိုတကယ်ချစ်တာပါဗျာ...။
ဖြန်း....................
ကျွန်တော့်ကို ပြန်ချစ်ပါ 'မ' ရယ်..။
ဖြန်း...................
'မ' ကျွန်တော့်ကို မရက်စက်ပါနဲ့နော်....။
ဖြန်း....................
'မ' ပြန်မချစ်ရင် ကျွန်တော်သေသွားပါလိမ့်မယ် 'မ' ရယ်...။
ဖြန်း....................
'မ' ကိုရင်ထဲကနေ နှစ်နှစ်ကာကာ ချစ်တာပါ 'မ' ရယ်...။
ဖြန်း...................
'မ' အတွက်ဆို ကျွန်တော့်ဘ၀ကို ကြိုက်သလို အသုံးချပါ 'မ' ရယ်....။
ဖြန်း.................... ဖြန်း..................

အင်း ..... ဒီလောက်ဆို 'မ' ငါ့ကို ကြွေလောက်ပါပြီ...။ အမြန်ဆုံးလှုပ်ရှားလိုက်တော့မယ်..။

ပလာတာရိုက်နေသော အကြော်ဆရာ။ ။ အင်း .... ဒီလူ ရူးနေတာလား မသိဘူး..။ တစ်ယောက်ထဲ ပြုံးလိုက် မဲ့လိုက် ရယ်လိုက်နဲ့ ..။ ငါ့အလုပ် ငါလုပ်တာပဲ ကောင်းပါတယ်လေ..။
ဖြန်း ... ဖြန်း... ဖြန်း... ( ပလာတာ ရိုက်နေသော အသံ )...။ ။

ဘာရယ်မဟုတ်ပါဘူးဗျာ ...။ ကျောင်းတွေ ပြန်တတ်ရလို့ စိတ်ညစ်ညစ်နဲ့ ရေးထားတာပါ ..။ မပြုံးချင်လည်း အားနာပါးနာနဲ့  ဟီး ....ဟီး ... လို့  မရယ်နဲ့နော် ...။ ဒါဘဲ ...။


ဒါနဲ့  စကားမစပ်ဗျာ မန်ယူနိုင်တယ်ဗျ.....။း))