Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

ကြောက်ရပုံ

မီးရထားတစ်စင်းပေါ်တွင် လူနှစ်ယောက် ဘေးချင်းယှဉ်ထိုင်နေကြသည်။

ဘေးမှလူက ပြတင်းပေါက်ဘက်မှလူအား မေးသည်။

'အစ်ကိုကြီး အစ်ကိုကြီး စစ်ဗိုလ်လားဟင်'

ထိုသူက မျက်မှောင်ကျုံ့ လိုက်ပြီး ဖြေလိုက်သည်။

'မဟုတ်ဘူးဗျ'

'ဒါဖြင့် အစ်ကိုကြီး စစ်သားလားဟင်'

ထိုသူက ဆက်မေးသည်။

'မဟုတ်ဘူးဗျ'

'အစ်ကိုကြီး အမျိုးတွေထဲမှာ စစ်ဗိုလ်တွေ စစ်သားတွေ ရှိလားဟင်'

'မရှိပါဘူးဗျ'

'ဟို အစ်ကိုကြီး မိတ်ဆွေတွေ သူငယ်ချင်းတွေထဲမှာရော စစ်ဗိုလ်တွေ စစ်သားတွေရှိလားဟင်'

'မရှိပါဘူးဗျ။ နေပါဦး ခင်ဗျားက ဘာဖြစ်လို့မေးနေတာတုန်း'

'မဟုတ်ပါဘူးဗျာ အစ်ကိုကြီး ကျွန်တော့်ခြေထောက်တတ်နင်းထားတာ ဖယ်ခိုင်းမလို့ပါ။'

မင်းတိမ်ညို
( ရုရှားဟာသ တစ်ခုကို မှီငြမ်းပါသည်။ )

လူသားတွေအားလုံးကို မေတ္တာထားတတ်ကြပါစေဗျာ။

မရီရဘူး ...

ကျွန်တော့်စာလေးကို လက်ခံပါဗျာ...။
ဖြန်း...................
ကျွန်တော် 'မ' ကို ချစ်တယ်...။
ဖြန်း....................
ကျွန်တော် 'မ' ကိုတကယ်ချစ်တာပါဗျာ...။
ဖြန်း....................
ကျွန်တော့်ကို ပြန်ချစ်ပါ 'မ' ရယ်..။
ဖြန်း...................
'မ' ကျွန်တော့်ကို မရက်စက်ပါနဲ့နော်....။
ဖြန်း....................
'မ' ပြန်မချစ်ရင် ကျွန်တော်သေသွားပါလိမ့်မယ် 'မ' ရယ်...။
ဖြန်း....................
'မ' ကိုရင်ထဲကနေ နှစ်နှစ်ကာကာ ချစ်တာပါ 'မ' ရယ်...။
ဖြန်း...................
'မ' အတွက်ဆို ကျွန်တော့်ဘ၀ကို ကြိုက်သလို အသုံးချပါ 'မ' ရယ်....။
ဖြန်း.................... ဖြန်း..................

အင်း ..... ဒီလောက်ဆို 'မ' ငါ့ကို ကြွေလောက်ပါပြီ...။ အမြန်ဆုံးလှုပ်ရှားလိုက်တော့မယ်..။

ပလာတာရိုက်နေသော အကြော်ဆရာ။ ။ အင်း .... ဒီလူ ရူးနေတာလား မသိဘူး..။ တစ်ယောက်ထဲ ပြုံးလိုက် မဲ့လိုက် ရယ်လိုက်နဲ့ ..။ ငါ့အလုပ် ငါလုပ်တာပဲ ကောင်းပါတယ်လေ..။
ဖြန်း ... ဖြန်း... ဖြန်း... ( ပလာတာ ရိုက်နေသော အသံ )...။ ။

ဘာရယ်မဟုတ်ပါဘူးဗျာ ...။ ကျောင်းတွေ ပြန်တတ်ရလို့ စိတ်ညစ်ညစ်နဲ့ ရေးထားတာပါ ..။ မပြုံးချင်လည်း အားနာပါးနာနဲ့  ဟီး ....ဟီး ... လို့  မရယ်နဲ့နော် ...။ ဒါဘဲ ...။


ဒါနဲ့  စကားမစပ်ဗျာ မန်ယူနိုင်တယ်ဗျ.....။း))

ပေါက်တတ်ကရ ဗေဒင်





ဟိုတစ်ရက်က ကျွန်တော့် ကွန်ပြူတာထဲက စာတွေလျှောက်ဖတ်နေရင်း ဒီဗေဒင်လေးကို သွားတွေ့ တာပါ။ဘယ်
သူရေးတာလဲတော့ မသိဘူး။ဘယ်ထဲမှာ ပါပြီးသားလဲဆိုတာကိုလည်း မသိပါဘူး။ ကျွန်တော် ကြိုက်လို့ တင်လိုက်
တာပါ။ပေါက်ပေါက်ရှာရှာ ရေးလဲ ရေးတတ်တဲ့သူပါ။စာရိုက်ရတာ ပျင်းနေလို့  ဒီတိုင်းလေးပဲ တင်လိုက်တယ်။
မြင်ရမယ် ထင်ပါတယ်။

Funny






ရူပဗေဒ ပုစ္ဆာတွေ တွက်နေရင်း ခေါင်းစားလာတဲ့အခါ ကျောင်းသားတွေရေးလိုက်တဲ့ အဖြေလေးတွေ…

ကျွန်တော်တို့ နဲ့ တော်တော်တူလို့ … ခေါင်းတွေပူလာတဲ့အခါ လုပ်မိလုပ်ရာလေးတွေပေါ့ ….