ဘ၀သံသရာ

တစ်နေ့လုံး ညစ်တစ်တစ်ဖြစ်နေတာနဲ့ ဂစ်တာထိုင်တီးနေတာ အဆင်မပြေပါဘူး။ သီချင်းတွေကို လိုက်ဖွလိုက်တာ ဆရာကြီး ဦးသုခရဲ့ ဘ၀သံသရာ သီချင်းကို သွားတွေ့ လို့ နားထောင်လိုက်တာ အင်း အခုတလောဖြစ်နေတာတွေကို တရားသဘောလေးနဲ့  ဆင်ခြင်လိုက်တော့လဲ .........။ ဘာရယ်မဟုတ်ပါဘူး လျှောက်စဉ်းစားကြည့်တာပါ။ စိတ်ညစ်နေရင် နားထောင်ကြည့်ပါလား...။ တစ်ခုခုတော့ ရင်ထဲမှာ ကျန်ခဲ့မယ်ထင်လို့ ။ တွေးစရာလေးတွေလဲ ရသွားတာပေါ့....။
ဒါနဲ့ စကားမစပ်ဗျာ ချစ်သူတွေလဲ စိတ်ဆိုးကုန်ကြပြီ .......။

ဘ၀သံသရာ_ဦးသုခ

ဘ၀ သံသရာ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
ဘ၀ သံသရာတဲ့ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ

လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စရာ သင်္ခါရာ
ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာမတည်မြဲ
ဖောက်လွှဲ ဖောက်ပြန် အကြောင်းကံ ကံမ္မသကာ

သြော် လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္ဆရာ သင်္ခါရာတဲ့
ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာမတည်မြဲ
ဖောက်လွှဲ ဖောက်ပြန် အကြောင်းကံ ကမ္မသကာ

တွေ့ကြုံ ဆုံကွဲ တစ်ခရီးတည်း ၀မ်းနည်းဝမ်းသာ ၀ပ္တံသာ
ဖြစ်ချင်တာလည်း မဖြစ်ရပါ မဖြစ်ချင်ပါလည်း ဖြစ်ရမှာ
သြော် ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ မဖြစ်ချင်တာတွေလည်း ဖြစ်ရမှာ
၃၁ ဘုံဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းရှောက်တဲ့ တေးပုံမာ
အဲဒါ အဲဒါ အဲဒါ ဘ၀သံသရာ

ဘ၀ သံသရာ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
(ဘ၀ဆိုတာ သတ္တ၀ါတစ်ခုရဲ့ ဇာတိကအစ
မရဏအထိ အဲဒီကာလကလေးလို့ သိကြရပါတယ်
အဲဒီဘ၀ဟာ တစ်ဘ၀တည်းနဲ့ ပြီးသွားကြမလား
ဘ၀ပေါင်းများစွာ ရွေလျားနေရတဲ့အတွက်
သံသရာရယ်လို့ ဘုရားဟောတော်မူခဲ့ပါတယ်
အဲဒီလို ဘ၀သံသရာမှာ ဒီဘ၀ ဒီခန္ဓာ ဒီရုပ်
ဟိုဘ၀ ဟိုခန္ဓာ ဟိုရုပ်
ဗြမ္မပြည် တ၀န်းဝန်း ၀ဋ်လကျင်း တရှုံ့ ရှုံ့ 
ကံမ္မဆိုတဲ့ စက်ခလုတ်ကြောင့် အရုပ်များ လှမ်းသလို လှမ်းနေကြရတာက)
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ
( အဲသလို သံသရာမဆုံးမချင်း သွားကြရတာက
ဘယ်သူတွေရဲ့ ပယောဂပါလဲ စဉ်းစားကြည့်လိုက်တော့ )
သြော် လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္ဆရာ သင်္ခါရာတဲ့
(အရင်းစစ်လိုက်တော့ အ၀ိဇ္ဇာ ပစ္ဆရာ သင်္ခါရာဆိုတဲ့အတိုင်း
စုံလုံးကန်းတဲ့ အ၀ိဇ္ဇာကြောင့်
သင်္ခါရဆိုတဲ့ ပြုပြင်တာတွေ စီမံတာတွေ ခံနေကြရတာပါပဲ
ဒါကို ဘ၀တိုင်း ဘ၀တိုင်း
ကောင်းတာလေးတွေ တွေ့ တော့ ပျော်လိုက်ကြ
မျူးစရာလေးတွေ့ တော့ ရွှင်လိုက်ကြ
ဒုက္ခဆင်းရဲတွေ့ တော့ ငိုလိုက်ကြ
ကိုယ်လိုချင်တာလေးရတော့ ရယ်လိုက်ကြ
ဒါပေမယ့် ဘယ်ဟာမှ မမြဲကြပါဘူး
တွေ့ တယ် ကြုံတယ် ဆုံတယ် ကွဲတယ်
ဝမ်းနည်းဝမ်းသာ ၀ိပံ္ပလာသတရားတွေမို့ 
ဖြစ်ချင်တာလည်း ဖြစ်ချင်မှ ဖြစ်ကြမယ်
မဖြစ်ချင်ပါဘူးဆိုလဲလည်း မဖြစ်ချင်လည်း ဖြစ်ကြရမယ်
အဲဒီလို တေးဘူမက္က ၀ဋ်ဒုက္ခဆိုတဲ့
၃၁ ဘုံက လွတ်ကင်းအောင် ဇွတ်အတင်းထွက်နိုင်ကြဖို့ ကလဲ
သန်းခေါင်လကွယ် တောအုပ်အလယ်
လမ်းမှားနေကြတဲ့ ခရီးသွားများသဖွယ်
ကရွတ်ပေါ် ကင်းများရှောက်သလို
ဝိုင်းကြီးပတ်လည် ဘ၀မဆုံးပဲနဲ့ 
ဒုက္ခစုံညီ ရင်ဝယ်ပိုက်နေကြရတဲ့အတွက်
ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာတွေ
ရင်ဝယ်ပိုက်နိုင်အောင် ကြိုးစားကြဖို့ )
၃၁ ဘုံဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းရှောက်တဲ့ တေးပုံမာ
အဲဒါ အဲဒါ အဲဒါ ဘ၀သံသရာ....။ ။

ဒီစာသားလေးတွေတော့ သဘောကြတယ်

"ခေါင်းဆောင်မလား ခေါင်းဆောင်ပါ
နောက်လိုက်လုပ်မလား လုပ်ပါ
ဒါမှမဟုတ်ရင် လမ်းဖယ်ပေးလိုက်ပါ။"

အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ခေါင်းဆောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဦးစီး ဦးဆောင် မလုပ်နိုင်လို့ရှိရင်တော့ ခေါင်းဆောင်သူရဲ့ အရည်အချင်းကို ကြည့်ပြီးနောက်လိုက်လုပ်သင့်လည်း လုပ်ရမှာပေါ့။ ခေါင်းဆောင်လဲ မလုပ်နိုင်ဘူး၊ နောက်လိုက်လဲ မလုပ်ချင်ဘူးဆိုရင်တော့ တပါးသူအတွက် အနှောင့်အယှက်မဖြစ်အောင်လမ်းဖယ်ပေးထားတာ ကောင်းပါတယ်။

"ဘာမှမလုပ်သောသူ အိပ်ရေးဝတယ်။"

ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘူးဆိုရင်တော့ အိပ်နေတာ ကောင်းပါတယ်။ အိပ်စက်ခြင်းဟာ ကမ္ဘာပေါ်မှာ ငွေကြေးကုန်ကြမှု အနည်းဆုံးနဲ့  အကောင်းဆုံးအပန်းဖြေခြင်းတစ်ခုလို့တော့ ပြောကြတယ်။ ဒါမှမဟုတ်ပဲ ဘယ်အရာကိုမှ အကျိုးမရှိတဲ့ အလုပ်မျိုးတွေ လုပ်နေမယ်ဆိုရင်တော့ ဘယ်တော့မှ အိပ်ရေးဝမှာ မဟုတ်ဘူး။

"အထွဋ်အထိပ်၌ နေရာလွတ်များစွာရှိ၏၊ ထိုင်စရာနေရာကား မရှိပါချေ။"

အောင်မြင်မှုအတွက် အမြဲတမ်းတွေးတော ကြံဆ တီထွင် လုပ်ကိုင်နေရမယ်။ အောင်မြင်ဖို့ဆိုတာ မခက်ခဲပေမယ့် ရေရှည်အောင်မြင်မှုအတွက်တော့ ကြိုးစားနေရမယ်။

မဟာဥာဏ်တော်ကြီးဖြင့် စတွန့်ခြင်းသာ ဖြစ်ပါသည်။ ၀င်ပြီးတော့ စတွန့်သွားကြပါကုန် .... ။

ပုံ
မဟာက၀ိ ပညာရှိ ဘာညာသာရကာ နေကြာကွာစိ တောင်ကြီးပဲလှော် ချိုချဉ် မရမ်းပြား ဆြာမျှားပြာ

Tag လိုက်ကြစို့ 

ကိုရန်က Tag တော့လည်း ကျွန်တော်ကရေးရတော့မှာပေါ့...။ ရေးချင်တာကလည်း လက်ကိုယားနေတာပဲ။ တကယ်လဲ ရေးမယ်ဆိုတော့ ဘာကိုရွေးရမှန်းကို မသိတော့ဘူး။ ကျွန်တော့ရဲ့ ကဗျာလေးတွေကိုပဲ ရွေးလိုက်ပါတယ် ။

( ၁ ) ရင်ဘတ်ထဲမှာ
( ၂ )
( ၃ ) သိမ်မွေ့ စေသော
( ၄ ) မင်းရှိရာ
( ၅ ) တစ်မိုးတည်းအောက်

ကိုရန်ရေ ရေးပြီးပါပြီ...။ ဒါနဲ့ စကားမစပ် မြန်မာ ရှုံးတယ်ဗျာ ....း( ။

....ဆီသို့ 

ဟိုးအဝေးမှာ...
သူတို့တွေ
သီချင်းဆိုနေကြတယ်။


ဟိုးအဝေးမှာ..
သူတို့တွေ
ပြုံးနေကြတယ်။


ဟိုးအဝေးမှာ...
သူတို့တွေ
အိမ်မက်လှလှ မက်နေကြတယ်။

ဟိုးအဝေးမှာ...
သူတို့တွေ
.....................။


ငါရောက်အောင်သွားမယ်
သွားမယ်
ငါ ...............။ ။

တစ်မိုးတည်းအောက် တစ်လမ်းတည်းလျှောက်

သူငယ်ချင်း..
တစ်မိုးတည်းအောက်မှာ …
အရိပ်ပျောက်လို့ …မိုးသောက်ခဲ့ရသူချင်းအတူတူပါပဲ…။

အရာရာကို ကောင်းစေချင်တဲ့စိတ်
မင်းတို့ ရင်ထဲမှာ ကိန်းအောင်းဖြစ်ခဲ့ရင်…
ငါဝမ်းမြောက်ပါတယ် ….သူငယ်ချင်း ….။

မင်းတို့ လျှောက်ခဲ့တဲ့လမ်း ပင်ပန်းကြမ်းတမ်းခဲ့တာ
ငါ ကိုယ်ချင်းစာနိုင်ပါတယ် … သူငယ်ချင်း …။

အခုတော့ သူတို့ လေးတွေလဲ ….
ကံ့ကော်တောမှာ လမ်းမလျှောက်နိုင်တော့ဘူး…
အင်းယားမှာလဲ မရယ်မောနိုင်တော့ပါဘူး…
မနက် ၆ နာရီ ဖယ်ရီစီးလို့ 
ည ၆ နာရီ အိမ်အရောက်မှာ…
အမောဖောက်လို့  ကျောင်းသားဘ၀ဆိုတာလဲ
ပျောက်ဆုံးကုန်ကြပါပြီ…. သူငယ်ချင်း …။

တချိန်မှာ မင်းတို့ တွေ
စွမ်းနိုင်မယ်ဆိုရင်တော့
သူတို့ ကို ဒီအခွင့်အရေးလေးတွေ
ရအောင်လုပ်ပေးလိုက်ပါ ….သူငယ်ချင်း ။

ငါဟာ ဘာမှမဟုတ်
အဖြူရောင်တစ်ခုပါ သူငယ်ချင်း …
ဝါးလုံးရှည်နဲ့ လဲမရမ်းဘူး
ဓါးရိုးလဲမကမ်းဘူး ….
မင်းတို့ ကို ဂုဏ်ယူချင်ရုံသက်သက်ပါ ….သူငယ်ချင်း…။

ငါတို့ အားလုံး…. လောကဇာတ်ခုံပေါ်မှာ
ဇာတ်ဆရာချတဲ့ နေရာက
ဇာတ်ကနေကြရတယ်…..သူငယ်ချင်း…။
ဒါပေမယ့်
ဘီလူးခေါင်းဆောင်းပြီး….ပြုံးပြလို့ လဲရပါတယ်…
အရူးဆိုင်းတီးပြီး … ထူးပြလို့ လဲရပါတယ် …
လူကြမ်းမင်းသား မျက်ရည်ကျလို့ လဲရပါတယ်….
အရေးကြီးတာက မင်းပေးမယ့် အနုပညာပါပဲ …..။ ။

လေးမ

ဒီကဗျာလေးက ကျွန်တော့်အတွက် ကွန့်မန့်မှာ လေးမ ရေးပေးခဲ့ ကဗျာလေးပါ ....။ ကျွန်တော်ကြိုက်လို့ လေးမကို ခွင့်တောင်းပြီး ကျွန်တော့်ဘလော့မှာ ပြန်တင်ထားတာပါ..။ ။

တစ်မိုးတည်းအောက်

မင်းတို့တွေ ပြောနေကြတယ်

မင်းတို့တွေ ပြောနေကြတယ်......

မင်းတို့တွေနဲ့ ငါတို့အသက်မွေးမှုမတူတာနဲ့

ငါတို့တွေဟာ အရိုင်းအစိုင်းဖြစ်သွားပြီလား....။



ငါတို့တွေလည်း ဒီမြေမှာမွေး

ဒီရေကိုသောက် ဒီမြေမှာကြီးလာတာ...

ငါတို့ ရင်ထဲမှာ မင်းတို့တွေလို

အရာရာကို ကောင်းစေချင်တဲ့စိတ်တွေ

မရှိကြတော့ဘူးလို့ မင်းတို့ ထင်နေသလား...။



ငါတို့ လျှောက်ခဲ့တဲ့လမ်း ပင်ပန်းကြမ်းတမ်းခဲ့တာ

ခါးသီးမှုတွေကို အရွယ်နဲ့မမျှအောင်ခံစား

နာကြည်းမှုတွေကို ရင်မှာမြိုသိပ်

အိပ်မရတဲ့ညတွေ ဘယ်လောက်များခဲ့တယ်ဆိုတာ

မင်းတို့တွေ သိကြရဲ့လား....။



မင်းတို့တွေ ပြောနေကြတဲ့

ကံ့ကော်တောရဲ့ စိမ်းလန်းခြင်းတွေ

အင်းယားမြေရဲ့ ချစ်စရာကောင်းတဲ့ ရယ်သံတွေ

လူငယ်ဘ၀ရဲ့ ပျော်ရွှင်မှုတွေ

လွတ်လပ်ခြင်းတွေ အိမ်မက်တွေ

ငါတို့ရဲ့ ကောင်းကင်မှာ ပျောက်ဆုံးခဲ့တာ

ငါတို့ဘ၀ သာယာခဲ့တယ်လို့  မင်းတို့ ထင်ကြသလား...။



အခြေအနေ အကြောင်းကြောင်းကြောင့်

ဘ၀ရပ်တည်မှုခြင်းမတူတာနဲ့

ငါတို့ရဲ့ စိတ်ဓါတ်တွေ၊ အပြုအမူတွေဟာ

အောက်တန်းစားတွေရဲ့ လုပ်ရပ်တွေပါလို့

မျက်စိတွေမှိတ် နားတွေပိတ်ပြီး

မင်းတို့တွေ ဇွတ်အတင်း အော်နေကြတော့မှာလား...။



လက်တစ်ဆုပ်စာ လူတစ်စုရဲ့ လုပ်ရပ်တွေနဲ့

လိုချင်တပ်မက် ပျော်ရွှင်နေကြတာကို

မင်းတို့တွေ မြင်နေ၊ သိနေတာနဲ့

ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်း

ငါတို့ရဲ့ စိတ်ဓါတ်တွေကို အရောင်တွေဆိုးကြတော့မှာလား....။



လောကကြီးရဲ့ သဘာဝတွေကို

မသင်ယူ မတတ်မြောက်ခဲ့တာခြင်းအတူတူ

ငါတို့ရဲ့ မဖြစ်စလောက်အတွေးတွေကို

ကမ္ဘာတစ်ဖက်မှာ မြေမြုပ်ထားခဲ့ပြီး

အနာဂါတ်ဆီကို တွဲလက်တွေနဲ့ လျှောက်လှမ်းကြရအောင်

လာ ..... မဝေးပါဘူး သူငယ်ချင်း......။

မြန်မာ ထမင်း၊ ဟင်း

စားရသောက်ရတာလည်း အဆင်မပြေ၊ လျှော်ရ ဖွတ်ရနဲ့ .... သြော် ငါ့ဘ၀ ငါ့ဘ၀ မိန်းမလေးတစ်ယောက်တော့ အမြန်ယူဦးမှ ...ဟဲ ဟဲ။ ခေါက်ဆွဲခြောက်တလှည့် ကြက်ဥ တလှည့် ဖြစ်သလိုစား၊ဗိုက်ဆာရင်စား၊ ခန္ဓာကိုယ်ကြီးက အချက်ပေးရင် စား၊ ဘာမှလဲ ဖွယ်ဖွယ်ရာရာ မရှိ။ အဖြစ်ရှိအောင်လည်း မချက်တတ် လူတတ်ကြီးလုပ်ပြီး ချက်နည်းပြုတ်နည်းစာအုပ်ကိုကြည့် ဟိုဟာထည့် ဒီဟာထည့် တခါမှလည်း မကောင်း။ ဒါကိုပဲ ကျိတ်မှိတ်ပြီး မြိုချ ရေနဲ့ မျောချ..... အင်း ကောင်းပ ကောင်းပ။အရသာ လျှာကသိသည် တဲ့ အင်း တနေ့တနေ့ ရယ်ဒီမိတ်တွေနဲ့ နှစ်ပါးသွားနေရတဲ့ ကိုယ့်လျှာလေးကိုတောင် သနားမိတယ်..။ သူငယ်ချင်းတွေနဲ့ ချက်ပြုတ်စားရင်လည်း ကောင်းကောင်းကန်းကန်းနဲ့ ချက်တတ်တဲ့သူကမရှိ ... ထုံးစံအတိုင်း ခေါက်ဆွဲကာလသားချက် ကြက်သားကာလသားချက်မဟုတ်ပါ...။( ခေါက်ဆွဲခြောက်ထုပ်သုံးထုပ်လောက်ကို ရေထဲပစ်ထည့် အစိမ်းရော အကြတ်ရော စားလို့ရတာ အကုန်လုံးထည့် နူးရင်ချ တန်ဆေး လွန်ကောင်း ) အဲသလို အဲသလို ချက်ပြုတ် စားသောက်နေရသော ကျွန်တော်မျိုး၏ ဘ၀ကို အဘယ် နတ်သကြားတွေက ထိုင်ပြီး ကြည့်နေကြသလဲ...။အပြင်ထွက်စားဖို့ကြတော့လဲ ရတဲ့လခနဲ့ ဈေးနှုန်းနဲ့ အင်း အင်း ကောင်းပါလေစွ ကောင်းပါလေစွ...။ ဒီလိုဘ၀ကြီးကို နောက်ထပ်ဘယ်လောက်ကြာကြာ ဖြတ်သန်းရဦးမှာပါလိမ့်....။ ဒွတ်ခ ဒွတ်ခ ....။ အမေရဲ့ သားသမီးတွေကိုထားတဲ့ မေတ္တာနဲ့ ချက်ကျွေးတဲ့မိသားစု ထမင်းဝိုင်းလေးကို သတိရလိုက်တာ ...။ ကိုယ့်လိုပဲ အိမ်နဲ့ ဝေးနေပြီး အမေ့ရဲ့လက်ရာလေးတွေကို လွမ်းနေသူတွေ၊ မိန်းမရဲ့ လက်ရာကို လွမ်းနေသူတွေ၊ မြန်မာ ထမင်း၊ဟင်းကို လွမ်းနေတဲ့သူတွေအတွက် မြန်မာ ထမင်းနဲ့ ဟင်းကို တင်ထားပေးတယ်ဗျာ ...။ အ၀သာ စားကြပေတော့ အားမနာနဲ့နော် .... စားသာစား .....း) ။


သူငယ်ချင်း.........

အခုတလော စိတ်ညစ်နေတာရော ခန္ဓာကိုယ်ကြီး ပျက်စီးယိုယွင်းနေတာရော အင်တာနက်မကောင်းတာရော အားလုံးပေါင်းဆုံပြီး ဘာမှမလုပ်ဖြစ်.။ ကနေ့ညနေတော့ သူငယ်ချင်းတွေ စာမေးပွဲအောင်တာကို ဂုဏ်ပြုရင်းနဲ့ နည်းနည်းပျော်လာပြီး ထွေရာလေးပါးတွေ လျှောက်တွေးနေမိတယ်..။ သူငယ်ချင်းဆိုတာ ကောင်းတူဆိုးဖက် ခံရလည်းအတူတူ စံရလည်းအတူတူ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးရင်း ဘ၀ကိုဖြတ်သန်းနေကြ...။ ကောင်းတာတွေ အတူတူလုပ်လိုက်၊ တခါတလေလည်း မကောင်းတာကို မကောင်းဘူးလို့ ပြောနေရင်းနဲ့ ကိုယ်တိုင်လည်း ကျူးလွန်မိခဲ့ .... ဘာပဲဖြစ်ဖြစ် သူငယ်ချင်းဆိုတာ ကျွန်တော့်တို့တွေအတွက်တော့ အမြဲတမ်းရှိနေသင့်တဲ့သူ..။ သူငယ်ချင်းတွေကြောင့် ဘ၀မှာ ပျော်ရွှင်ခြင်းတွေ ရှိသလို၊ စိတ်ညစ်မှုတွေလည်း ကြုံဆုံခဲ့ရ ...။ ပျော်ရွှင်မှုတွေ ကြည်နူးမှုတွေ စိတ်ဆိုးဒေါသထွက်ရခြင်းတွေ ခံစားချက်တွေအမျိုးမျိုး သူငယ်ချင်းတွေနဲ့တူတူ အချိန်တွေကို ဖြတ်သန်းခဲ့ကြ ....။ အခုလည်း ဖြတ်သန်းဆဲ .... နောက်လဲ ဖြတ်သန်းရဦးမယ်....။ ဟိုး...........ဘ၀ရဲ့ ငြိမ်းအေးမှုတွေ မရခင်အထိ....................။

ဘာကိုမှ ဆက်မရေးချင်တော့ဘူးဗျာ.........

ကောင်းလိုက်တဲ့လေဗျာ ရင်ထဲထိအောင် အေးသွားတာပဲ...။ အခုမှပဲ ခန္ဓာကိုယ်က အပူတွေကော စိတ်ထဲက အပူတွေကော လျှော့သွားသလိုပဲ။ ဒီမှာ ပူနေတာ ၂ ရက်လောက်ရှိနေပြီဗျာ။ ပူလိုက်အိုက်လိုက်တာ မပြောပါနဲ့တော့ ပူလွန်းလို့ အင်္ကျီချွတ် သဘက်ပတ်ပြီးနေ နေရတယ်။ အခန်းထဲကို ဖြည်းဖြည်းညှင်းညှင်း တိုက်လာတဲ့ လေနုအေးလေးကို ခပ်ပြင်းပြင်းလေး ရှုပြီး တကိုယ်လုံးကို လျှော့ချလိုက်တာ ပေါ့ပါးသွားလိုက်တာ။ ဒီလို တန်ဖိုးရှိလွန်းတဲ့ လေကို ကျေးဇူးတင်မိတယ်ဗျာ။ ကျွန်တော်တို့တွေ အသက်ရှင်နေထိုင်လို့ရအောင် ကမ္ဘာကြီးက လေတွေကို ပေါပေါများများ ဖန်ဆင်းပေးထားတာပါ။ သို့သော်လည်း..... သို့သော်လည်းပေါ့နော် အလကားရပါတယ်ဆိုပြီး ဒီလေတွေကို အားရပါးရရှု ပါးစပ်ကြီးတွေနဲ့ သူများပျက်ဆီးရာ ပျက်ဆီးကြောင်းတွေကို ဖောဖောသီသီ ပြောနေကြတဲ့ သူတွေကိုကြည့်ပြီးတော့ တခါတလေတော့လဲ စိတ်ထဲမကောင်းဘူးဗျာ။ ဘာလို့များ သူတပါးအကျိုးယုတ်စေမယ့် အကြောင်းအရာတွေကို တန်ဖိုးရှိတဲ့လေတွေနဲ့ ပြောဆိုနေကြတာလဲ စဉ်းစားလို့ကို မရဘူးဗျာ။ ကိုယ့်အတွက်လဲ အကျိုးမရှိ သူများအတွက်လဲ မကောင်းရာ မကောင်းကြောင်းတွေကို ဖြစ်သွားစေမဲ့ ကိစ္စတွေကို ဘာလို့ များ လေတွေအကုန်ခံပြီး ပြောချင်နေကြတာလဲ မသိပါဘူး။ လူတိုင်းဟာ ကိုယ့်ဘ၀ကိုယ် အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေကြတဲ့သူတွေချည်းပါပဲ။

ကျွန်တော် ဒီပို့စ်ကို ရေးနေတုန်း အမှတ်တမဲ့နဲ့ ကိုကလိုစေးထူးရဲ့ ဘလော့ကို ရောက်သွားပါတယ်။ ကိုစေးထူးရဲ့  ဒီပို့စ်လေးက ကော်မန့်ကိုဖတ်ပြီး ဘာကိုမှ ဆက်ရေးချင်စိတ်မရှိတော့ပါဘူးဗျာ။ စိတ်ထဲမှာ အရမ်းကို ခံစားသွားရပါတယ်။ ရင်ထဲမှာ တကယ်မကောင်းဘူးဗျာ။ ကျွန်တော် အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ စိတ်ညစ်သွားပြီဗျာ.................။

အစိမ်းရောင်တဲ့ဗျာ ...

ကိုစေတန်ဂေါ့ဆီမှာ တွေ့ လို့ စမ်းကြည့်မိတာပါ။ ကျွန်တော်က အစိမ်းရောင်ပါတဲ့...။ ၂ ၈၄၉ ၈၆၃ ယောက်ဖြေတာမှာ ၉၈၈ ၃၃၄ ယောက်က အစိမ်းရောင်ပါတဲ့။ ကျွန်တော်က အပြာရောင် ကို အကြိုက်ဆုံးပါ...။
ဝင်ပြီး စမ်းကြည့်ကြပါဦး..။





GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!




အတွေ့ အကြုံလေးတွေ ...

ဒီနေ့တော့ သူများဘလော့ဂ်တွေကို လိုက်ဖတ်ရင်းနဲ့ပဲ တနေကုန်တာပဲ...။ ကျွန်တော်လည်း လမ်းလျှောက်ကြည့်တာပါ လေထဲလမ်းလျှောက်ခြင်းပေါ့ဗျာ။ ဖတ်စရာရှိတာဖတ် မှတ်စရာရှိတာမှတ် လိုချင်တာလေးကူးပြီး ပြန်ရောက်တော့ မနက်က ထမင်းအကျန်လေးကို ကြက်ဥလေးကျော်ပြီး အားရပါးရလွေးလိုက်တာ ကောင်းလိုက်တာဗျာ။ဗိုက်ဆာနေလို့လား မသိဘူး စားကြပါဦးလားး)) ။ထမင်းစားပြီး ခံတွင်းလေးချဉ်လာလို့ ဆေးလိပ်သောက်မလို့ ဆေးလိပ်ဘူးလှမ်းယူလိုက်တာ တစ်လိပ်မှ မရှိတော့ဘူးဗျ။ ဟ ဘယ်လိုလဲပေါ့ မနက်ကမှ ဖောက်ထားတဲ့ဘူးသစ် ဘယ်လိုကုန်သွားမှန်းမသိလိုက်ဘူး။ အဲဒါကြောင့် ကျွန်တော် ကွန်ပြူတာရှေ့ မထိုင်ချင်တာဗျာ။ တနေကုန်ထိုင်မိလို့ကတော့ ဆေးလိပ်က ၀ယ်မလောက်ပဲ။ ငယ်ငယ်ကတော့ သူများတွေပြောကြတယ် တစ်နေ့ကိုဆေးလိပ်၁ဗူးလောက် ကုန်တယ်ပေါ့ မဖြစ်နိုင်တာဗျာ ဒီလောက်ကြီးသောက်နိုင်ပမလားပေါ့။ အခုတော့ ကိုယ်တိုင်ကြုံနေရတယ်။ ကိုယ့်အဆုတ်လည်း ဘယ်လိုတွေ ဖြစ်နေပြီလဲတော့ မသိဘူး။အရင်ကတော့ ဆေးလိပ်ကို စီးကရက်ပေါ့ဗျာ ဒီလောက်မသောက်ဖြစ်ဘူးဗျ။ ကိုယ့်နိုင်ငံမှာက ဆေးပေါ့လိပ်ရှိတာကိုး သောက်ချင်တဲ့ အချိန်မှ မီးလေးညှိပြီးသောက်၊ မသောက်ချင်ရင် သတ်ထားလိုက် ဒီလောက်လည်းမသောက်ဖြစ်ဘူး။ စီးကရက်ဆိုတော့ မီးသတ်ထားလို့ကလဲမရ၊ ဘာလို့မရ ရမှာလဲလို့ မေးချင်ပါလိမ့်မယ်။ မရဘူးတော့ မဟုတ်ဘူးပေါ့ဗျာ ရပါတယ်။ ဒါပေမယ့် ပြန်မီးညှိပြီး သောက်ရင် အရသာမရှိတော့ဘူး။ ဆေးလိပ်သောက်တဲ့သူတွေ သိမှာပါ။ ဖက်ကြမ်းလဲ မဟုတ်တော့ မီးကလည်းမသတ်ထားချင်။ အဲဒီလိုနဲ့ သောက်လာလိုက်တာ ဆေးလိပ်တစ်ဘူးကို တစ်ရက်၊ တခါတလေ နှစ်ရက်ကို သုံးဘူးလောက်တောင် ဖြစ်သွားသေးတယ်။ ဒီမှာကလည်း ကြီးကြီးငယ်ငယ် ပျိုပျိုအိုအို အကုန်လုံးက ဆေးလိပ်သောက်ကြတာဆိုတော့ ကိုယ်ပဲ ဆေးလိပ်မသောက်ရင် ခေတ်မမှီသလို၊ တကယ်ပါ ဒီမှာ မိန်းကလေးတွေ ၆၀ ရာခိုင်နှုန်းလောက်က ဆေးလိပ်သောက်ကြပါတယ်။ သူတို့ဆီမှာ ဆေးလိပ်တောင်းသောက်တာကလည်း ယဉ်ကျေးမှုလို ဖြစ်နေပါပြီ။ ကောင်မလေးချောချောလေးတွေ ကိုယ့်ကို ကြည့်နေပြီဆိုရင် ဘ၀င်လေဟပ်မသွားနဲ့ အဲဒါ ဆေးလိပ်တောင်းသောက်တော့ မလို့ဗျ။ ဒီ စရောက်ရောက်ချင်းတော့ မသိဘူး။ ကိုယ့်ကို ကောင်မလေးက ကြည့်နေပြီဆိုတော့ ကိုကိုကာလသားတို့ ထုံးစံအတိုင်း ဂိုက်ပေးတွေကြမ်း ဆေးလိပ်လေးဖွာပြလိုက်ဦးမယ်ဆိုပြီး ဆေးလိပ်လေးထုတ်မသောက်လိုက်နဲ့ လာပြီးတောင်းတော့တာ ခင်ဗျ။ အမယ် တခါတလေ သုံးလေးလိပ်တောင်းသွားတာ။ သူရို့  အကုန်လုံးစာအတွက် တစ်ယောက်တည်းက ဒိုင်ခံတောင်းတာပါ။ မပေးလို့ကလဲ မကောင်း အီလည်လည်ကြီးနဲ့ ပေးလိုက်ရတာ အမယ် အမယ် မရွှေချောတို့က ဆေးလိပ်လည်းတောင်းသောက်သေးတယ် ကိုယ်သောက်တဲ့ ဆေးလိပ် အမျိုးအစားညံ့ရင် နှာခေါင်းက ရှုံ့ ချင်ကြသေးတာ။ သူဌေးမှ မဟုတ်တာဗျာ အမြဲတမ်းကြီးတော့ ဆေးလိပ်အကောင်းစားကြီး ဘယ်သောက်နိုင်မလဲ။ ကလေးတွေကလည်း ဆေးလိပ်သောက်တာပဲဗျ။ ဒီမှာ ၂၁နှစ် မပြည့်သေးရင် ဆေးလိပ်ကို တရားဝင်ဝယ်လို့မရဘူး။ဒါပေမယ့် ကလေးတွေကလည်း ဘယ်ကဘယ်လိုရလာလဲတော့ မသိဘူး ခိုးပြီးသောက်နေကြတာပဲ။ လမ်းတွေ့ ရင် မီးခြစ်ကတောင်းသေးတာ။ မီးခြစ်ပေးလိုက်ပြီးရင် ကိုယ့်ကိုတောင် ပခုံးတွေဘာတွေပုတ်လို့ သူတို့ ယဉ်ကျေးမှုပေါ့ဗျာ။ စိတ်ထဲတော့ မခံချိ မခံသာပေါ့ဗျာ... ဘာလဲဟ ကြည့်တော့ကလေးရှိသေး ငါ့ကိုလာပြီး ပခုံးကပုတ်သေးတာ ဆိုပြီး ဒေါသလည်း ထွက်ရသေးတာ။တစ်ခါလည်း ကလေးတစ်ယောက်ကို မီးခြစ်ပေးလိုက်တာ အပြောခံလိုက်ရတာဗျာ ဖြစ်ပုံက ကျောင်းကအပြန်လမ်းမှာ ၁၀ နှစ် ၁၁ လောက်ပဲရှိလောက်မယ်ထင်တယ် အဲဒီကလေးက မီးခြစ်လာတောင်းတာ သိတဲ့အတိုင်း ကိုယ်ရွှေမြန်မာတို့ ထုံးစံအတိုင်း ကူညီချင်တာကိုး။ ပေးနေတုန်းရှိသေး ဘေးကဖြတ်သွားတဲ့ ဦးလေးကြီးတစ်ယောက်က ၀င်ပြီးပြောသွားတာ ကလေးကို ဖျက်ဆီးနေတာလား မင်းဒါလောက်လေးတောင် အသိဥာဏ်မရှိဘူးလား ဘာလား ညာလားနဲ့ ရစရာကိုမရှိဘူး။ ကိုယ်က မှားနေတာဆိုတော့လဲ ပြန်ပြောလို့ကမကောင်း ကျောင်းဆင်းချိန်ဆိုတော့ လူတွေကလည်း အများကြီး၊ တခြားနိုင်ငံက ကိုယ့်လိုပဲ ကျောင်းလာတတ်တဲ့ကောင်မလေးတွေကလည်း အများကြီး ရှက်လိုက်တာဗျာ။ လူကြားသူကြားထဲ အပြောခံရတာ ဒါပထမဆုံးပါပဲ။ ထူပူပြီးတော့ချက်ချင်းကို ထွက်ပြေးချင်စိတ်ကိုပေါက်သွားတာပဲ။ ကိုယ်ရွှေကိုယ်တော်လေးကတော့ ကော့ကော့ ကော့ကော့နဲ့ ထွက်သွားတာ သူနဲ့ မဆိုင်တဲ့အတိုင်းပဲ။ နောက်များဆိုရင်တော့ ဘယ်တော့မှကလေးတွေကို မီးခြစ်မပေးတော့ပါဘူးဗျာ။ တစ်ခါတည်းနဲ့ကို မှတ်သွားတာပဲ။ ရယ်စရာပြောရဦးမယ် ဒီကိုစရောက်ရောက်ချင်း ဆေးလိပ်ဝယ်တော့ ဆိုင်က ဘွားတော်က ပတ်စပို့တောင်းကြည့်တယ်ခင်ဗျ။ ဘာလဲပေါ့ ဆေးလိပ်ဝယ်တာ ပတ်စပို့နဲ့ ဘာဆိုင်လို့လဲပေါ့ မေးကြည့်တော့ အသက်မပြည့်သေးရင် ဆေးလိပ်မရောင်းပါဘူးတဲ့။ ဟုတ်ပါတယ် သူတို့နဲ့ ယှဉ်ရင် ကိုယ်က ကလေးလိုဖြစ်နေတာကိုး နည်းတဲ့ကောင်ကြီးတွေမှ မဟုတ်တာ။ ကိုယ့်ကို ကလေးလို့ထင်ရင်လဲ ထင်ချင်စရာကိုး။ ပတ်စပို့ ပြပြီးမှ ဆေးလိပ်ဝယ်လို့ရတာခင်ဗျ။ ကိုယ့်ထက် လူကောင်သေးတဲ့သူဆိုရင် ပတ်စပို့ပြတာတောင် ရောင်းချင်တာ မဟုတ်ဘူး။ အဲဒီလို အဲဒီလိုတွေ ကြုံရသေးတာ။ ဆေးလိပ်သောက်တာတော့ မကောင်းပါဘူးဗျာ။ ဖြတ်နိုင်အောင်တော့ ကြိုးစားပါဦးမယ်။ ဖြတ်လိုက် ပြန်သောက်လိုက်နဲ့ သံသရာလည်နေတာပါပဲ။ ဆေးလိပ်ဆိုတာကလဲ တခါတလေကျတော့ ကောင်းသွားပြန်ရော ဘာလို့လဲ သိချင်ရင် သီချင်းလေးတစ်ပုဒ်ဖွင့်ပြမယ်။ ရင်ဂိုဆိုထားတဲ့ သီချင်းလေးပါ ဆက်သောက် တဲ့....။ ကြေကွဲလိုက်ဦးမယ်ဗျာ...............။

ဆက်သောက်_ရင်ဂို

ဒီသီချင်းလေးကို Upload တင်တာ ၄၅ မိနစ်လောက်ကြာတယ်...။ ကောင်းလိုက်တဲ့ ကွန်နက်ရှင်ဗျာ စိတ်ကိုညစ်သွားတာပဲ.............။

Cute Toilet

အိမ်သာဆိုတာ အိမ်ကို သာယာစေအောင် လုပ်ပေးပါတယ်လို့တော့ ဖတ်ဘူးတာပဲ။ အိမ်သာကို ငွေကုန်ကြေးကြခံပြီး ပြင်ဆင်ထားလိုက်ကြတာ။ ကျွန်တော်တို့ နိုင်ငံမှာရော ဒီလို အိမ်သာမျိုးတွေ တွေ့ မိကြသလားဗျို့။တတ်နိုင်တဲ့ သူတွေများကြတော့လည်းနော်။တအားကို အသန့်အပြန့်ဦးစားပေးတဲ့ သူတွေပါလားနော်။







ဟိုက တက်လိုက် ဒီကတက်လိုက် ဖြစ်နေကြတဲ့ အချိန်မှာ ကျွန်တော့်ဆီမှာလဲ တတ်သွားကြပါဦး...း)) ။ တတ်ခ
ကတော့ ဈေးကြီးတယ်နော် တစ်ခါတတ် ဘီယာ တစ်ပါကင် ဟဲ..ဟဲ..။ အဆင့်မြင့်မြင့် လေထဲက အိမ်သာ ဟတ် ဟတ် ဟတ် ....။

ရင်ဘတ်ထဲမှာ

စေတနာအတု
ပျားရည်ပါးပါး
အဆိပ်သင့်အပြုံးတွေနဲ့
ကျေးဇူးပြုပြီး ငါ့ကိုမပြုံးပြပါနဲ့။

ရင်ဘတ်ထဲက လာတဲ့
ပေါက်တတ်ကရတွေ
ငါ့ကိုပြောပါ။

အဲဒီ ပေါက်တတ်ကရတွေကို
ဟောဒီ လူတကာနင်းဖြတ်နေကြ
ငါ့ရင်ဘတ်ထဲမှာ အမှတ်တရအဖြစ်
ထာဝရ သိမ်းထားပါ့မယ် ... ။

အကြောင်းအရာလေးတစ်ခုကို အရမ်းခံစားနေရလို့ဗျာ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး...။

သိမ်မွေ့ နေစေသော ....

မိုးရွာလို့ လမ်းလျှောက်တိုင်းသာ
ကဗျာတွေ ကောက်ရမယ်ဆိုရင်
မင်းကိုတောင် ချစ်ဖြစ်ခဲ့မှာ မဟုတ်ဘူး။

ကိုယ် ကိုယ်တိုင်တောင်
ခဏ ခဏပြန်ရှာနေရတဲ့ ငါ့အိမ်မက်တွေ
ဘယ်သူမှ မတွေ့ တာ အဆန်းမှ မဟုတ်ပဲ။

ဟိုးအရှေ့ဆီမှာ ရောင်နီတွေလင်းလို့
ငါ့ရဲ့ မနက်ခင်းတွေကတော့ နှင်းမြူတွေနဲ့
အေးစက်မှောင်မည်းနေပြီ။

မနက်ခင်းရဲ့ နုပျိုမှုတွေမှာ
ခပ်ညစ်ညစ် မရေရာမှုတွေနဲ့
ငါ့ဘ၀ကို အဆုံးစီရင်ရမှာလား။

တစုံတရာဟာ ငါ့ရင်ဘတ်ထဲမှာ ရှိနေသရွေ့ တော့
မင်း မာယာတွေအောက်က
ငါ့ကို ရုန်းထွက်ခွင့်ပေးပါ ချစ်သူ ....... ။

ည .......

အရက်တစ်ခွက်
ဂစ်တာတစ်လက်
ဘလော့တစ်ဖက်နဲ့
ညတွေကို ငါခံစားတယ် .........။

အလကားဆိုရင် ....

အခုတလော ဘာမှမလုပ်ပဲ ဟိုဟာတွေ ဖတ်လိုက် ဒီဟာတွေဖတ်လိုက်နဲ့ အလကားရတဲ့လေတွေနဲ့ အတင်းပဲလိုက်တုပ်နေတာ ကိုယ့်ကို ကိုယ်တောင် ဘာတွေလုပ်နေတာလဲလို့ ပြန်မေးယူနေရတယ်။ ဟိုစာလေးလဲ ဖတ်ချင်၊ဒီစာလေးလဲ ဖတ်ချင်နဲ့ ဘယ်စာမှလဲ သေချာမဖတ်ဖြစ်။ သတင်းတွေကလဲ စိတ်ဝင်စားဖို့တော့ အတော်ကောင်းတာဗျ။ ပြီးမှ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ စောင့်ကြည့်ရမှာပဲ။ ကိုယ်တိုင်ရေးဖို့ စဉ်းစားတော့လဲ ဘာကိုရေးချင်နေမှန်း မသိ။ အဲဒါနဲ့ပဲ ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်ထဲက အကြောင်းအရာလေးကို တင်လိုက်ပါတယ်။ဆရာတော် အရှင် ဆန္ဒာဓိက( ရွှေပါရမီတောရ )ရဲ့ စာအုပ်ထဲက အကြောင်းအရာလေးပါ။ ဆရာတော်က ဒီလိုပြောထားပါတယ်.....
' အလကားရလေ ခံရလေ'
တကယ်တော့ အလကားရတဲ့ ပစ္စည်းဆိုတာ အဆိပ်ထက်ပိုကြောက်စရာကောင်းပါတယ်။အလကားရလေ တာဝန်ပိုကြီးလေ၊ အလကားရလေ အပြစ်ပိုခံရလေပါပဲ။ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို မတော်မတရားလုပ်တဲ့သူတွေ၊ အများအကျိုးဗန်းပြပြီး ကိုယ့်အကျိုးအမြတ်ထုတ်တဲ့သူတွေဟာလည်း သူတပါးပစ္စည်းကို အလကားယူနေတာမို့ အလကားရလေ ခံရလေ ဆိုတဲ့ ဥပဒေသအတိုင်း ရခဲ့တာနဲ့ မကာမိအောင်ကို ဆင်းရဲဒုက္ခတွေ အကြီးအကျယ်ခံရပါလိမ့်မယ်။ အဲဒီအခါကျမှ သေပြီဆရာ လို့အော်နေလဲ ဘာမှ အကျိုးထူးမှာမဟုတ်တော့ပါဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံပေါ့။ အလကားရတဲ့အရာ မှန်သမျှ အလကားပါပဲ။ရတာကိုကအလကားလို့ဆိုထားတာကိုး။တစ်ခုခုအလကားရလို့များ
သွားဝမ်းမသာလိုက်ပါနဲ့။ နောက်ကွယ်မှာ ဒုက္ခတွေ ကပ်ပါနေပါတယ်။ အလကားရလေ ခံရလေ ဆိုတာကို မှတ်ထားပြီး ဘယ်အရာကိုမှ အလကား မလိုချင်လိုက်ပါနဲ့။ အရာရာတိုင်းမှာ တန်ရာတန်ကြေးဆိုတာ ရှိပါတယ်။ အကျိုးတရားတစ်ခုကို တန်ရာတန်ကြေးပေးပြီးမှ ယူရင် နောက်ထပ်ဘာမှ ထပ်ပေးစရာမလိုတော့ပါဘူး။ တန်ရာတန်ကြေးမပေးပဲ အလကားယူရင်တော့ နောက်ထပ်တန်ရာတန်ကြေးတွေ တနင့်တပိုးထပ်ပေးရပါလိမ့်ဦးမယ်။ အကျိုးကိုအရင် အလကားယူပြီးမှ ထပ်ပေးရတဲ့ တန်ရာတန်ကြေးက အကျိုးကို နောက်မှယူသူပေးရတဲ့ တန်ရာတန်ကြေးထက် အဆပေါင်းများစွာ ပိုပင်ပန်းပါတယ်။ တန်ရာတန်ကြေးအရင်ပေးတဲ့သူမှာ ချမ်းသာသုခ ရှိနိုင်ပေမဲ့ တန်ရာတန်ကြေး နောက်မှ ပြန်ပေးရတဲ့သူမှာတော့ ချမ်းသာသုခဆိုတာ စိုးစဉ်းမျှမရှိ၊ ဆင်းရဲဒုက္ခတွေချည်း အတိပြီးနေပါလိမ့်မယ်။ ဒါကြောင့် .... မဟုတ်တာလုပ်ပြီးလဲ အလကားမယူလိုက်ပါနဲ့၊ မဆိုင်တာလုပ်ပြီးလဲ အလကားမယူလိုက်ပါနဲ့။ ဟုတ်တာပဲ လုပ်၊ ဆိုင်တာပဲလုပ်ပြီး ပိုတာလေးထိုက်တာလေးနဲ့ ကျေနပ်လိုက်ပါလို့.......။

Poem

To suffer woes
which hope thinks infinite;
To forgive wrongs
darker than death or night;
To defy power
which seems omnipotent;
To love and bears
to hope till hope creates
From its own wreck
the things it contemplates;
This is to be good, great and joyous
beautiful and free;
This is alone Life, joy, Empire, and Victory.

' မျှော်ကိုးမှု ' က တစ်ကမ္ဘာလောက် ကြာတယ်ထင်တဲ့
ဝေဒနာကို ခံစားရတာ
သေခြင်းနဲ့ လမိုက်သန်းခေါင်
အဲဒီထက် မည်းမှောင်တဲ့ ယုတ်မာမှုကို ခွင့်လွှတ်ရတာ
အနန္တ ထင်ဖွယ်ရာ
တန်ခိုးအာဏာကို အန်တုရတာ
ချစ်ရတာ၊ ကြံ့ကြံ့ခံရတာ
မျှော်ကိုးမှုက အပျက်ထဲက အဖြစ်ဆောင်
စိတ်တိုင်းကျအောင် ဖန်တီးတဲ့တိုင်
မျှော်ကိုးရတာ
အဲဒါဟာ ...
ကောင်းဖို့ ၊ကြီးမြတ်ဖို့
ပျော်ဖို့၊ လှဖို့၊ လွတ်လပ်ဖို့
ဒါသည်ပင် ဘ၀၊ သုခ၊ နိုင်ငံတော်ကြီးနဲ့ အောင်ပွဲ။

ရှယ်လီ


ဆံပင် ရှည်ရှည်ဆိုရင် ......

ညနေက အဆောင်အောက်ကို ခဏဆင်းတော့ ဒီနိုင်ငံသူတစ်ယောက်ကို တွေ့ လိုက်မိတယ်။ ဒီလိုနိုင်ငံမှာ တွေ့ ရခဲတယ်လို့ ပြောရမှာပဲ။ဘာလို့လဲဆိုတော့ သူက ဆံပင်အရှည်နဲ့၊ ရှည်တာမှ တော်တော်လေးကို ရှည်ပါတယ်။ တင်ပါးကျော်ကျော်လောက်ကို ရှိမယ်။ကျွန်တော်လည်း ငေးကောင်းကောင်းနဲ့ငေးလိုက်တာ ဘေးက အဒေါ်ကြီးတစ်ယောက် ချောင်းဟန့်မှပဲ ငန်းတာကို ရပ်လိုက်ရတယ်။ဘယ်လောက်တောင် ကြည့်နေမိမှန်းကို မသိတာပါ။ ကျွန်တော်ဆိုတဲ့ ကောင်ကလည်း ဆံပင်ရှည်ရှည်မြင်ရင် လိုက်ငေးလိုက်ရမှ။ အဲဒါငယ်ငယ်ကတည်းက ဆံပင်အရှည်နဲ့ ကောင်မလေးတွေဆို မလွတ်တမ်း အားပေးနေကြ။ တစ်ခါကလည်း အငေးကောင်းတာ အရိုက်ခံရတော့မလို့  သီသီလေးလိုတယ်။ အဲဒီအချိန်တုန်းက ၈တန်း၊ ၉တန်း ကျောင်းသားဘ၀။ ပြောရရင် သစ်ရွက်ကြွေတာတောင် ရင်ခုန်ချင်တဲ့ အရွယ်ကောင်မလေးတွေအကြောင်းကို လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ပြောနေရရင် ကျေနပ်နေတဲ့ အရွယ်။ ဖြစ်ပုံက ကျွန်တော်တို့ အိမ်ရှေ့ က အဒေါ်ကြီး အ၀တ်ထွက်လှန်းနေတာ သူ့ဆံပင်က အရှည်ကြီးဗျ။ တခေါက်ခွက်ကျော်တယ် ကျွန်တော်ကလည်း ဆံပင်ရှည်ရှည်မြင်ရင် လိုက်ကို ငေးလိုက်ရမှ။ နေရောင်အောက်မှာ ဆံပင်ရှည်နဲ့ မိန်းမတစ်ယောက် အ၀တ်လှန်းနေတာ ကဗျာပဲဆန်နေသလို ဘာလိုလို။ကြည့်နေရင်းနဲ့ သူတို့အိမ်ပေါ်ကို မျက်စိရောက်သွားတာ သူ့ယောက်ကျားကြီးဗျာ ကျွန်တော်ကို စားတော့ဝါးတော့ မတတ်ကြည့်နေတာ မျက်လုံးက မီးဝင်းဝင်းကိုတောက်လို့။ ကျွန်တော်ကတော့ ဘာရယ်မဟုတ်ပါဘူး ဆံပင်အရှည်ကို လိုက်ကြည့်မိတာပါ။ သူကတော့ ဘယ်လိုထင်တယ် မသိဘူး ကျွန်တော့်ကို ဂျိုတွေပေးနေတာ ဆင်းမရိုက်တာ ကံကောင်းတယ်လို့  ပြောရမှာပဲ။ အဲဒီလို အဲဒီလို ဆံပင်ရှည်ရှည်နဲ့ဆိုရင် လိုက်ကို ငေးတာ။ ရည်းစားထားမယ် စဉ်းစားထားတော့ ကိုယ့်ရုပ်ကတာ ဘာမှမဟုတ်တာ ကြိုက်ချင်တဲ့ ကောင်မလေးက ဆံပင်ရှည်ရှည်နဲ့ အရမ်းချောတဲ့ ကောင်မလေးတွေကိုမှ စိတ်ကူးချင်တာ။ အခုဆို ကျွန်တော်တို့ ဆီမှာလဲ ဆံပင်အရှည်ထားတဲ့ မိန်းကလေးတွေ အရမ်းကို နည်းသွားပါပြီ။ အိမ်တွင်းပုန်းတဲ့ သူတွေရယ်၊ ဆံပင်အရှည်ကို မြတ်နိုးတဲ့ ကောင်မလေးတွေရယ်လောက်ပဲ ရှိတော့မယ်ထင်တယ်။ အများစုကတော့ ခေတ်ပေါ်စတိုင်တွေလေးတွေနဲ့ပဲ မလှဘူးရယ်တော့မဟုတ်ပါဘူး ဒါပေမဲ့ မျက်စိထဲမှာ ဘယ်လိုကြီးလဲ မသိဘူး။ ဆံပင်အရှည်နဲ့ ကောင်မလေးတွေကပဲ ပိုချောနေသလိုလို။ မိန်းမတွေရဲ့အလှတွေမှာလဲ ဆံပင်ရဲ့ကောင်းခြင်းဆိုတာ ပါလေတော့ ဆံပင်အရှည်ထားရင် ပိုများလှသွားမလားလို့ပါ။ ဘာလိုပဲ ဖြစ်ဖြစ်
ကျွန်တော်ကတော့ ဆံပင်ရှည်ရှည် ကောင်မလေးတစ်ယောက် ကိုချစ်တယ်။ :)

မင်းရှိရာ ...

ငါဟာ အမှောင်ထဲမှာ လမ်းလျှောက်နေရသူပါ
ငါ့ဘ၀အတွက် အလင်းရောင်ပေးပါ ချစ်သူ...
တို့တွေ လက်တွဲပြီး ဘ၀ခရီးကို
အတူတူလျှောက်ကြရအောင်.......
မင်းရဲ့ အချစ်တွေကို ငါယုံကြည်ပါတယ်
ဒါပေမယ့်.....
ဘာလို့ ငါ့အနားမှာ
မင်းမရှိတာလဲ ချစ်သူ...
မင်းရှိတဲ့ နေရာကို
ငါရောက်အောင် လာခဲ့ပါမယ်...
ငါအားတင်းပြီး တရွေ့ ရွေ့ .......
ငါ ........
ငါ ..............။

သီချင်း

လေးဖြူ_အခမဲ့

အခမဲ့
နေရာတွေတိုင်းမှာ လူတိုင်း
ဝေဒနာရဲ့ မျက်ရည်တွေ
အလွယ်တွေကိုသာ ရှာဖွေရင်း
အပြစ်နွံ နစ်မွန်းလာ
ရုန်းထွက်မရတော့တဲ့ အချိန်မှာ
အပြစ်မှ ကယ်မယ့်သူ
အမှောင်ကို လွန်မြောက်ချင်ပြီ
ဘယ်သူပေးမှာလဲ

(( အခမဲ့ ပေးခဲ့တယ်
တန်ဖိုးတော့ ထားသင့်တယ်
ပြန်လည်ပေးဆပ်လို့ မရနိုင်တဲ့ အရာ
လူတွေကို အသွေးနဲ့ ရွေးခဲ့တယ်
ကိုယ်တော်ပေးတဲ့ အသက်စမ်းရေ
ဒါတွေကို ပြန်တွေး ပြင်ဆင်သင့်ပြီလေ / ပြင်ဆင်ပြီးလေ ဆပ်ကပ် / ပြင်ဆင်သင့်ပြီ နေ့တိုင်း ))

အခြေအနေ ပေးသလို နေရင်း
နေ၀င်ချိန်နဲ့ နီးလာ
အမြင်အာရုံတွေ ဝေကာဝါး
စွန်းထင်းလာ နင့်သီးစွာ
ခါးသီးခြင်းရဲ့ နောက်မှာ
ဇွတ်တိုးထွက်ချင်စိတ်တွေ
အချိန်တွေ လွန်သွားချိန်မှာ
အပူတွေထဲမှာပဲ

(( ……. ))

ချစ်ခြင်းနဲ့ စွန့်လွှတ်ခြင်းကို
အခမဲ့ ပေးနေပြီ
အသိမဲ့မေ့လျော့ထားခြင်း
ပြန်ပြီးတွေးသင့်ပြီမို့

အချိန်တွေတိုင်းမှာ လူတိုင်း
အသပြာနောက် လိုက်နေရ
ခန္ဓာထက်မြက် ဒီအသက်
လွဲမှားစွာသုံးလေရာ
လောကကြီးရဲ့ စည်းစိမ်
အသက်နဲ့ လဲမလား
အဖြေကို အတွက်မှားနေပြီ
လူတွေရယ်
အကြံအစည်လွဲနေခြင်း

(( ….. ))

အားလုံးအဆင်ပြေဖို့ပဲ အရေးကြီးတယ်

" အားလုံး အဆင်ပြေဖို့ဘဲ အရေးကြီးပါတယ်" ဒီစကားလေးကို ကျွန်တော်တအားကို သဘောကျပါတယ်။ပြောတဲ့သူက မြန်မာ့ မီးရထားက လက်မှတ်စစ်တစ်ယောက်ပါ။ ကျွန်တော် မန္တလေးကို အသွားမှာ ရထားပေါ်က လက်မှတ်စစ်က ခရီးသည်တွေကိုလက်မှတ်လိုက်စစ်နေရင်းနဲ့ပြောသွားတာပါ။ဘာအကြောင်းရှိလို့ ပြောတာလဲတော့ သေချာမမှတ်မိတော့ပါဘူး။ သူ့အကျိုးအတွက်လား ခရီးသည်တွေ အကျိုးအတွက်ပြောတာလားဆိုတာတော့ သူမှပဲ သိမှာပါ။ဘာပဲဖြစ်ဖြစ် အဆင်မပြေမှုတွေ များနေတဲ့ ဒီလောကကြီးမှာ ကိုယ်တိုင်လဲ အဆင်ပြေသူုတပါးအတွက်လဲ အဆင်ပြေအောင် လုပ်ပေးနိုင်တဲ့ သူတွေရှိနေရင် မဆိုးဘူးလို့ပြောရမှာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ အဆင်မပြေမှုတွေကြုံနေရတာ နေ့စဉ်နဲ့အမျှပါ။ ကိုယ်တိုင်လဲ ဒီအဆင်မပြေမှုတွေကြားမှာ လုံးထွေးနေရပြီး ဘ၀ကို ဖြတ်သန်းနေရတာပါ။ တခါတလေ အဆင်မပြေတာတွေကြုံတဲ့အခါ စိတ်ဆိုးဒေါသထွက်ရတာတွေ ရှိသလို၊ တခါတလေလည်း စိတ်ပျက်အားလျှော့သွားရတာတွေ ရှိမှာပါ။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ကိုယ့်အတွက် အဆင်မပြေရင်တောင် သူတပါးအတွက် အဆင်ပြေသွားမယ်ဆိုရင် ၀မ်းသာရမှာပါ။ ပတ်ဝန်းကျင်နဲ့ နေကြတဲ့ လူ့အသိုင်းအ၀ိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်းကြမယ်ဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် နေရတာပျော်စရာကောင်းလာမှာပါ။ တပါးသူတစ်ယောက်အဆင်ပြေသွားအောင် ကိုယ်တတ်နိုင်သလောက် လုပ်ပေးနိုင်ကြမယ်ဆိုရင် ကိုယ်တိုင်လဲ အဆင်ပြေလာမှာပါ။ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို တတ်နိုင်သလောက် အဆင်ပြေသွားအောင် လုပ်ပေးကြည့်ရအောင်။ ကိုယ့်အတွက်ကို ကြည့်မယ်ဆိုရင်တော့ ..............။

Own Tune And Copy < AHnge >

အငဲရဲ့ သီချင်းလေးတွေပါ။

နွံ_အငဲ
Quicksand_Travis
ခေမာ_အငဲ
Kama_Hammy Hagar
ဟောင်းသွားပြီလား_အငဲ
How Do You Love_Collective Soul

Voice Recognition

ဒါလေးကတော့ အပျင်းပြေစရာလေး တစ်ခုပါ။ ဒီဆော့ဝဲလ်လေးကို install လုပ်ပြီးရင် စကားပြောခိုင်းလို့ ရပါပြီ။ Free Version ပါ။Window ကပေးထားတဲ့ Narrator နဲ့ တူပါတယ်။ အခု ကျွန်တော်တို့ သုံးနေတဲ့ Chatting language ဘားဂလိပ်ပေါ့ အဲဒါနဲ့ လည်း တိုက်ပ်လို့ရပါတယ်။ကိုယ့်ဘေးမှာ လာဆူနေရင် ကိုယ့်အလုပ်လုပ်နေတဲ့ အချိန် စကားတွေလာပြောနေရင် အားနာလို့ ပါးစပ်က မပြောချင်ရင် ဒါလေးကို ဖွင့်ပြီး မဆူနဲ့လို့ တိုက်ပ်လိုက်ရုံပါပဲ ပြီးရင် Play ခလုပ်လေးကို နှိပ်လိုက် အလိုက်မသိရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ.......:)

Download Link

ပေါက်တတ်ကရ ဗေဒင်





ဟိုတစ်ရက်က ကျွန်တော့် ကွန်ပြူတာထဲက စာတွေလျှောက်ဖတ်နေရင်း ဒီဗေဒင်လေးကို သွားတွေ့ တာပါ။ဘယ်
သူရေးတာလဲတော့ မသိဘူး။ဘယ်ထဲမှာ ပါပြီးသားလဲဆိုတာကိုလည်း မသိပါဘူး။ ကျွန်တော် ကြိုက်လို့ တင်လိုက်
တာပါ။ပေါက်ပေါက်ရှာရှာ ရေးလဲ ရေးတတ်တဲ့သူပါ။စာရိုက်ရတာ ပျင်းနေလို့  ဒီတိုင်းလေးပဲ တင်လိုက်တယ်။
မြင်ရမယ် ထင်ပါတယ်။

Own Tune And Copy < Lay Phyu >

လူတိုင်းနီးပါးတော့ သီချင်းတွေကို ကြိုက်ကြပါတယ်။ကျွန်တော်လည်း သီချင်းတွေကို တော်တော်လေး နှစ်သက်ပါတယ်။
ကျွန်တော် ကြိုက်တဲ့သီချင်းတွေကို မူရင်းရော ကော်ပီပါ နားထောင်လို့ရအောင် လုပ်ပေးထားပါတယ်။မူရင်းက ပိုနားထောင်လို့ ကောင်း

တာတွေရှိသလို တချို့ ကလည်း ကော်ပီက ကောင်းပါတယ်။ကြိုက်မယ်လို့ ထင်ပါတယ်။လေးဖြူရဲ့  သီချင်းတွေပါ။

အတောင်ပံများနှင့်_လေးဖြူ

Miracle_Bon Jovi

kiss From A Rose_Seal

လှိုင်း....အဝေး_လေးဖြူ

Runaway_Bon Jovi




တစ်ယောက်သောသူအတွက်

အငဲ_ရောင့်ရဲစို့ 

ရောင့်ရဲစို့

ဒီအတိုင်းဆို အချစ်များဟာ
အရောင်တွေဖျော့လို့ သွားပြီလား
ရေစီးမှာ မီအောင် မျောရင်း
အတူမဆုံဖြစ်တဲ့ နေ့ရက်တွေ
ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်း ပြေးရင်း
ဖိနပ်လည်း ပါးတော့မယ်
ဘယ်တော့များမှ အတူနေရဖို့
သေချာဦးမလဲ ချစ်သူရယ်
ငါတို့ နှစ်ယောက်/နှစ်ဦးကြား
အကြောင်းမဲ့ သက်သက် အချိန်များ/တွေဖြုန်း
တကယ်ပါ တွေးကြည့်စမ်း
အချစ်ရှိဖို့ အလိုအပ်ဆုံး
အရင်ကလို ငါတို့ နှလုံးသား
ရင်ခုန်သံ ကြားဖို့ အားရဲ့လား
အိပ်မက်တွေ တစ်ခုပြီး တစ်ခု
လူကို အဝေးက မျှားလို့ရယ်
ဒီ အချိန်ထိအောင် ငါတို့ ဝေးနေ
တကယ်ကို ငြီးငွေ့ လွန်းပြီကွယ်
အတူနေရအောင် ရောင့်ရဲ့ စို့
ဒီဘ၀ရဲ့  အမော
လက်တွဲလို့ တို့အတူ မောရအောင်

Incubus_Talk Shows On Mute

Talk Shows On Mute

Take a bow
Pack on powder
Wash 'em out with buzzing lights
Pay an audience to care
'Impress me' personality

Still and transfixed
The electric sheep are dreaming of your face
Enjoy you from the chemical
Comfort of America

Come one, come all
Into nineteen-eightyfour
Yeah, three, two, one...
Lights! camera! transaction!

Quick, Your time is almost up
Make 'em forget that they're the moth
Edging in towards the flame
Burn into obscurity

Still and transfixed
The electric sheep but dreaming up your fate
We judge you from the card castle
Comfort of America

Come one, come all
Into nineteen-eightyfour
Yeah, three, two, one...
Lights! camera! transaction!

Your foundation is canyoning
Fault lines should be worn with pride
I hate to say it
But you're so much more
You're so much more endearing with the sound turned off

သူမ၏စာ

အချိန်တွေက တဖြည်းဖြည်းကုန်လာလိုက်တာ...
သတိရနေတာတော့ ရင်နဲ့တောင် မမျှပါဘူး........
ည ၁၀း၀၀ ကိုကြည့်ပြီး ဘယ်အချိန်ထိတောင်
လွမ်းရဦးမယ် မသိဘူး..................................
သတိရမှုတွေ လွမ်းဆွေးမှုတွေကို ပြောမပြတတ်
အောင် ဖြစ်ရပါတယ် ချစ်သူ..........................
ဒီစာတွေဖတ်နေတဲ့ အချိန်မှာ မင်းဘယ်လိုတွေ
ခံစားနေရမလဲ ..........................................
ငါ့မျက်လုံးတွေထဲမှာ မင်းကိုမြင်ယောင်လာတယ်
မသိသေးပါဘူးဆိုတဲ့ အချိန်ထဲက
မင်းကို မြင်ယောင်နေခဲ့တာ..........................
ခုချိန်တွေထိလည်း မြင်ယောင်နေတုန်းပါပဲ......
အသက်တွေကြီးလာလို့အိုလာတဲ့အချိန်ရောက်ရင်
ဒီစကားတွေ ပြန်ပြောပြရင် ရယ်နေမိမှာပဲနော်....
တွေးကြည့်ပါ ချစ်သူ အတူရှိကြမယ့် ဘ၀.........။

ဆေးလိပ်၊အရက်၊ကော်ဖီနှင့် လူမိုက်ကျွန်တော်

ဆေးလိပ် ဆိုတာက ကျန်းမာရေးအတွက် လုံးဝကို မကောင်းတာပါ။
အရက်ဆိုတာလည်း မကောင်းပါဘူး။ သိတဲ့သူတွေကတော့ နည်းနည်းသောက်ရင် ကောင်းတယ် ဘာညာပေါ့။
ကော်ဖီကလည်း များများသောက်ရင် ရင်တုန်တယ် မကောင်းဘူးလို့ပြောကြတာပဲ။
ကျွန်တော်ကလည်း အရက်တစ်ခုလောက်က လွဲရင် ကျန်တဲ့နှစ်ခုကို စွဲစွဲမြဲမြဲကို သောက်တာပါ။
တခါတလေ ညဘက်တွေ တစ်ယောက်ထဲရှိနေတဲ့အခါ အရက်လေးတစ်ခွက်လောက်သောက်လိုက်
ကော်ဖီလေးတစ်ငုံလောက်သောက်လိုက် ဆေးလိပ်လေး တစ်ဖွာလောက်နဲ့ ဘ၀ကို ကျေနပ်နေရတာ။
တစ်ယောက်ထဲ တွေးချင်တာတွေး ရေးချင်တာရေး ငေးချင်တာငေး ဆွေးချင်တာဆွေးပေါ့။
ဘေးမှာ အရမ်းချစ်ရတဲ့ မာတုဂါမလေး ရှိရင်တော့ ကောင်းမှာနော်။
ပြောချင်တာကတော့ မကောင်းမှန်းသိသိကြီးနဲ့ လုပ်ချင်နေတဲ့ ကျွန်တော်ပါ။
မကောင်းမှန်း သိလဲ ဘာလို့အဲဒီလိုလုပ်ချင်နေမှန်းကို မသိတာပါ။
ကို့ရှေ့မှာလဲ အဲဒီလိုနဲ့ ဘ၀မှာ နစ်နာမှုတွေ ခံစားသွားရတဲ့သူတွေ အများကြီး
လုပ်ချင်တာလုပ်ရတာကို ကျေနပ်နေတဲ့ ကို့စိတ်ကိုပဲ အပြစ်တင်ရတော့မလား။

လူမိုက်ကျွန်တော်လို့ပဲ ပြောရတော့မှာပေါ့နော် .....။

ဝက်နှင့် ဤဤ ထိုထို ..

ကျွန်တော်ကို တကောက လူဝကြီးတဲ့ ... သူငယ်ချင်းတွေကလည်း မင်းတဖြည်းဖြည်း ၀က်နဲ့တူလာပြီတဲ့... ။အဲဒါနဲ့ ဖတ်ဘူးတဲ့ စာလေးတစ်ပုဒ်ကို သွားသတိရလိုက်တယ်.။မင်းခိုက်စိုးစန်ရေးတဲ့ စာတစ်အုပ်မှာ ပါတာပါ..။ စိတ်ဝင်စားဖို့ကောင်းပါတယ် ၀က်အကြောင်းကို ရေးထားတာတော့ မဟုတ်ပါဘူး။ လူတွေရဲ့ ယဉ်ကျေးမှုအကြောင်းကို ရေးထားတာပါ....။

သြစတြီးယားတိုက်မြောက်ဘက်က နယူးဂီနီ ( New Guinea ) ကျွန်းမှာနေကြတဲ့ လူတွေရဲ့ ပင်မအလုပ်အကိုင်ဟာ ၀က်မွေးမြူခြင်းပဲ ဖြစ်ပါတယ်။ဝက်ဟာ သူတို့ ရဲ့ ငွေကြေးဖလှယ်မှုအစားသုံးတဲ့ စည်းစိမ်းဥစ္စာလည်း ဖြစ်ပါတယ်၊ ချမ်းသာကြွယ်ဝမှု၊ ဂုဏ်သိက္ခာ ရှိမှုတို့ ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်၊ လူ့အရည်အချင်း မှတ်ကျောက်လည်း ဖြစ်ပါတယ်။ သူတို့ ဆီမှာ ၀က်များများ ပိုင်ဆိုင်တဲ့
သူဟာ လူချမ်းသာပါ။ သူတို့ လူ့အသိုင်းအ၀ိုင်းမှာ ( ကျွန်တော်တို့ အခေါ်မဝေါ်ဆိုရင်တော့ မြို့ မျက်နှာဖုံးပေါ့ ) သြဇာသက်ရောက်သူ၊
လုနေမှု အဆင့်အတန်းမြင့်မားသူပါ။ လူတော်တစ်ယောက် ဖြစ်၊ မဖြစ်ဆိုတာကို ၀က်တွေနဲ့ တိုင်းတာဆုံးဖြတ်ကြတယ်။ ဒါကို ကျွန်တော်
တို့အနေနဲ့ ကြည့်ရင်တော့ ရယ်စရာကြီးပေါ့ ...။ ဒါပေမယ့် သူတို့ရဲ့ လူအဖွဲ့အစည်းမှာ ဒါဟာ အစစ်အမှန် အရှိတရား ( Reality ) ပါ..။
လူဖြစ်ရကျိုးနပ်ဖို့အတွက် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးကို သိမြင်စရာ မလိုပါဘူး။ ၀က်များများ ပိုင်ဖို့ပဲလိုပါတယ် ဆိုပါတဲ့
အချိုးပေါ့။မကောင်းဘူးလား။ ၀က်တွေအများကြီးရှိပြန်တော့ အဲဒီဝက်တွေကို ထိန်းကျောင်းဖို့ လူတွေလိုအပ်လာပြန်တယ်။ အဲဒီတော့ ၀က်များများပိုင်ဆိုင်တဲ့ ၀က်ဓနရှင်လူတန်းစားဟာ မိန်းမတွေ တစ်ယောက်ထက်မက ယူကြရတယ်။ ကျွန်တော်တို့ဆီက ငွေကြေးဓနရှင် လူတန်းစားတွေ မယားငယ်ယူပုံနဲ့ တော့ မတူပါဘူး။ သူတို့ မိန်းမယူတာ ၀က်ကျောင်းဘို့ ပါ။ ကိုယ့်အုပ်စုထဲမှာ မိန်းမအရေအတွက် နည်းသွားပြီဆိုရင်တော့ ဘာလုပ်ကြတယ်မှတ်လဲ။ တခြားအုပ်စုကို သွားပြီး စစ်တိုက်ကြတယ်။စစ်နိုင်ပြီဆိုရင် အဲဒီ ရှုံးနိမ့်သူ လူမျိုးအုပ်စုက မိန်းမတွေကို သိမ်းပိုက်ဇနီးမယားပြုပြီး ၀က်ထိန်းခိုင်းတော့တာပဲ။ ရယ်တော့ ရယ်စရာကြီးပဲ ဒါပေမဲ့ ဒါဟာအမှန်ပါ။
ဝတာဟာ ကျန်းမာရေးအတွက် မကောင်းပေမဲ့ တစ်ဖက်က ကြည့်ရင်လည်း စိတ်ချမ်းသာလို့ ၀တာပေါ့နော် ..ဟဲဟဲ။
ပြောမယ့်တာ ပြောတာ ကျွန်တော်လည်း ၀ရင် မျက်စိထဲ သိပ်ကြည့်လို့မရဘူး။ ကောင်မလေးတွေ ၀ရင် ကျွန်တော်ကိုယ်တိုင်လည်း
ကြိုက်ဘူး။ ၀မှ လှတယ်ဆိုပေမဲ့လည်း ၀လွန်းရင်း ဘယ်ကြည့်ကောင်းမလဲနော့ ....။ဒါနဲ့ စကားမစပ် အမေချက်ကြွေးတဲ့ ၀က်သားဟင်း
ကိုတော့ လွမ်းတယ်ဗျာ ...................။