အားလုံးအဆင်ပြေဖို့ပဲ အရေးကြီးတယ်

" အားလုံး အဆင်ပြေဖို့ဘဲ အရေးကြီးပါတယ်" ဒီစကားလေးကို ကျွန်တော်တအားကို သဘောကျပါတယ်။ပြောတဲ့သူက မြန်မာ့ မီးရထားက လက်မှတ်စစ်တစ်ယောက်ပါ။ ကျွန်တော် မန္တလေးကို အသွားမှာ ရထားပေါ်က လက်မှတ်စစ်က ခရီးသည်တွေကိုလက်မှတ်လိုက်စစ်နေရင်းနဲ့ပြောသွားတာပါ။ဘာအကြောင်းရှိလို့ ပြောတာလဲတော့ သေချာမမှတ်မိတော့ပါဘူး။ သူ့အကျိုးအတွက်လား ခရီးသည်တွေ အကျိုးအတွက်ပြောတာလားဆိုတာတော့ သူမှပဲ သိမှာပါ။ဘာပဲဖြစ်ဖြစ် အဆင်မပြေမှုတွေ များနေတဲ့ ဒီလောကကြီးမှာ ကိုယ်တိုင်လဲ အဆင်ပြေသူုတပါးအတွက်လဲ အဆင်ပြေအောင် လုပ်ပေးနိုင်တဲ့ သူတွေရှိနေရင် မဆိုးဘူးလို့ပြောရမှာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ အဆင်မပြေမှုတွေကြုံနေရတာ နေ့စဉ်နဲ့အမျှပါ။ ကိုယ်တိုင်လဲ ဒီအဆင်မပြေမှုတွေကြားမှာ လုံးထွေးနေရပြီး ဘ၀ကို ဖြတ်သန်းနေရတာပါ။ တခါတလေ အဆင်မပြေတာတွေကြုံတဲ့အခါ စိတ်ဆိုးဒေါသထွက်ရတာတွေ ရှိသလို၊ တခါတလေလည်း စိတ်ပျက်အားလျှော့သွားရတာတွေ ရှိမှာပါ။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ကိုယ့်အတွက် အဆင်မပြေရင်တောင် သူတပါးအတွက် အဆင်ပြေသွားမယ်ဆိုရင် ၀မ်းသာရမှာပါ။ ပတ်ဝန်းကျင်နဲ့ နေကြတဲ့ လူ့အသိုင်းအ၀ိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်းကြမယ်ဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် နေရတာပျော်စရာကောင်းလာမှာပါ။ တပါးသူတစ်ယောက်အဆင်ပြေသွားအောင် ကိုယ်တတ်နိုင်သလောက် လုပ်ပေးနိုင်ကြမယ်ဆိုရင် ကိုယ်တိုင်လဲ အဆင်ပြေလာမှာပါ။ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို တတ်နိုင်သလောက် အဆင်ပြေသွားအောင် လုပ်ပေးကြည့်ရအောင်။ ကိုယ့်အတွက်ကို ကြည့်မယ်ဆိုရင်တော့ ..............။

3 comments:

Unknown said...

Great chan2.
I like ur words.

ㄚ叮 said...

br ka taw taw lay yint kyat tar bal. :)

Anonymous said...

Generally I do not post on blogs, but I would like to say that this post really forced me to do so! really nice post.

rH3uYcBX