ဒီစာသားလေးတွေတော့ သဘောကြတယ်

"ခေါင်းဆောင်မလား ခေါင်းဆောင်ပါ
နောက်လိုက်လုပ်မလား လုပ်ပါ
ဒါမှမဟုတ်ရင် လမ်းဖယ်ပေးလိုက်ပါ။"

အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ခေါင်းဆောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဦးစီး ဦးဆောင် မလုပ်နိုင်လို့ရှိရင်တော့ ခေါင်းဆောင်သူရဲ့ အရည်အချင်းကို ကြည့်ပြီးနောက်လိုက်လုပ်သင့်လည်း လုပ်ရမှာပေါ့။ ခေါင်းဆောင်လဲ မလုပ်နိုင်ဘူး၊ နောက်လိုက်လဲ မလုပ်ချင်ဘူးဆိုရင်တော့ တပါးသူအတွက် အနှောင့်အယှက်မဖြစ်အောင်လမ်းဖယ်ပေးထားတာ ကောင်းပါတယ်။

"ဘာမှမလုပ်သောသူ အိပ်ရေးဝတယ်။"

ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘူးဆိုရင်တော့ အိပ်နေတာ ကောင်းပါတယ်။ အိပ်စက်ခြင်းဟာ ကမ္ဘာပေါ်မှာ ငွေကြေးကုန်ကြမှု အနည်းဆုံးနဲ့  အကောင်းဆုံးအပန်းဖြေခြင်းတစ်ခုလို့တော့ ပြောကြတယ်။ ဒါမှမဟုတ်ပဲ ဘယ်အရာကိုမှ အကျိုးမရှိတဲ့ အလုပ်မျိုးတွေ လုပ်နေမယ်ဆိုရင်တော့ ဘယ်တော့မှ အိပ်ရေးဝမှာ မဟုတ်ဘူး။

"အထွဋ်အထိပ်၌ နေရာလွတ်များစွာရှိ၏၊ ထိုင်စရာနေရာကား မရှိပါချေ။"

အောင်မြင်မှုအတွက် အမြဲတမ်းတွေးတော ကြံဆ တီထွင် လုပ်ကိုင်နေရမယ်။ အောင်မြင်ဖို့ဆိုတာ မခက်ခဲပေမယ့် ရေရှည်အောင်မြင်မှုအတွက်တော့ ကြိုးစားနေရမယ်။

မဟာဥာဏ်တော်ကြီးဖြင့် စတွန့်ခြင်းသာ ဖြစ်ပါသည်။ ၀င်ပြီးတော့ စတွန့်သွားကြပါကုန် .... ။

ပုံ
မဟာက၀ိ ပညာရှိ ဘာညာသာရကာ နေကြာကွာစိ တောင်ကြီးပဲလှော် ချိုချဉ် မရမ်းပြား ဆြာမျှားပြာ

2 comments:

* In Search of Truth * said...

ဖွားဖွား ရေးထားတာ သဘောတူပါတယ်။ လူအများစုက
နောက်လိုက်လဲ မလုပ် ရှေ့ကလဲ ဦးဆောင်နိုင်တဲ့ စွမ်းရည်မရှိပဲ ဘေးကနေ ထော်လော်ကန့်လန့် လုပ်တာ အရမ်းဆိုးပါတယ်။ ဖွားဖွား ဆက်ရေး ကျနော်လို ဆဲတဲ့သူတွေ ပေါ်လာရင် တာဝန်မယူဘူးနော်

s_potato said...

ဘာမှမလုပ်ပဲအိပ်တော့မယ်နော်