ဘ၀သံသရာ

တစ်နေ့လုံး ညစ်တစ်တစ်ဖြစ်နေတာနဲ့ ဂစ်တာထိုင်တီးနေတာ အဆင်မပြေပါဘူး။ သီချင်းတွေကို လိုက်ဖွလိုက်တာ ဆရာကြီး ဦးသုခရဲ့ ဘ၀သံသရာ သီချင်းကို သွားတွေ့ လို့ နားထောင်လိုက်တာ အင်း အခုတလောဖြစ်နေတာတွေကို တရားသဘောလေးနဲ့  ဆင်ခြင်လိုက်တော့လဲ .........။ ဘာရယ်မဟုတ်ပါဘူး လျှောက်စဉ်းစားကြည့်တာပါ။ စိတ်ညစ်နေရင် နားထောင်ကြည့်ပါလား...။ တစ်ခုခုတော့ ရင်ထဲမှာ ကျန်ခဲ့မယ်ထင်လို့ ။ တွေးစရာလေးတွေလဲ ရသွားတာပေါ့....။
ဒါနဲ့ စကားမစပ်ဗျာ ချစ်သူတွေလဲ စိတ်ဆိုးကုန်ကြပြီ .......။

ဘ၀သံသရာ_ဦးသုခ

ဘ၀ သံသရာ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
ဘ၀ သံသရာတဲ့ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ

လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စရာ သင်္ခါရာ
ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာမတည်မြဲ
ဖောက်လွှဲ ဖောက်ပြန် အကြောင်းကံ ကံမ္မသကာ

သြော် လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္ဆရာ သင်္ခါရာတဲ့
ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာမတည်မြဲ
ဖောက်လွှဲ ဖောက်ပြန် အကြောင်းကံ ကမ္မသကာ

တွေ့ကြုံ ဆုံကွဲ တစ်ခရီးတည်း ၀မ်းနည်းဝမ်းသာ ၀ပ္တံသာ
ဖြစ်ချင်တာလည်း မဖြစ်ရပါ မဖြစ်ချင်ပါလည်း ဖြစ်ရမှာ
သြော် ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ မဖြစ်ချင်တာတွေလည်း ဖြစ်ရမှာ
၃၁ ဘုံဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းရှောက်တဲ့ တေးပုံမာ
အဲဒါ အဲဒါ အဲဒါ ဘ၀သံသရာ

ဘ၀ သံသရာ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
(ဘ၀ဆိုတာ သတ္တ၀ါတစ်ခုရဲ့ ဇာတိကအစ
မရဏအထိ အဲဒီကာလကလေးလို့ သိကြရပါတယ်
အဲဒီဘ၀ဟာ တစ်ဘ၀တည်းနဲ့ ပြီးသွားကြမလား
ဘ၀ပေါင်းများစွာ ရွေလျားနေရတဲ့အတွက်
သံသရာရယ်လို့ ဘုရားဟောတော်မူခဲ့ပါတယ်
အဲဒီလို ဘ၀သံသရာမှာ ဒီဘ၀ ဒီခန္ဓာ ဒီရုပ်
ဟိုဘ၀ ဟိုခန္ဓာ ဟိုရုပ်
ဗြမ္မပြည် တ၀န်းဝန်း ၀ဋ်လကျင်း တရှုံ့ ရှုံ့ 
ကံမ္မဆိုတဲ့ စက်ခလုတ်ကြောင့် အရုပ်များ လှမ်းသလို လှမ်းနေကြရတာက)
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ
( အဲသလို သံသရာမဆုံးမချင်း သွားကြရတာက
ဘယ်သူတွေရဲ့ ပယောဂပါလဲ စဉ်းစားကြည့်လိုက်တော့ )
သြော် လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္ဆရာ သင်္ခါရာတဲ့
(အရင်းစစ်လိုက်တော့ အ၀ိဇ္ဇာ ပစ္ဆရာ သင်္ခါရာဆိုတဲ့အတိုင်း
စုံလုံးကန်းတဲ့ အ၀ိဇ္ဇာကြောင့်
သင်္ခါရဆိုတဲ့ ပြုပြင်တာတွေ စီမံတာတွေ ခံနေကြရတာပါပဲ
ဒါကို ဘ၀တိုင်း ဘ၀တိုင်း
ကောင်းတာလေးတွေ တွေ့ တော့ ပျော်လိုက်ကြ
မျူးစရာလေးတွေ့ တော့ ရွှင်လိုက်ကြ
ဒုက္ခဆင်းရဲတွေ့ တော့ ငိုလိုက်ကြ
ကိုယ်လိုချင်တာလေးရတော့ ရယ်လိုက်ကြ
ဒါပေမယ့် ဘယ်ဟာမှ မမြဲကြပါဘူး
တွေ့ တယ် ကြုံတယ် ဆုံတယ် ကွဲတယ်
ဝမ်းနည်းဝမ်းသာ ၀ိပံ္ပလာသတရားတွေမို့ 
ဖြစ်ချင်တာလည်း ဖြစ်ချင်မှ ဖြစ်ကြမယ်
မဖြစ်ချင်ပါဘူးဆိုလဲလည်း မဖြစ်ချင်လည်း ဖြစ်ကြရမယ်
အဲဒီလို တေးဘူမက္က ၀ဋ်ဒုက္ခဆိုတဲ့
၃၁ ဘုံက လွတ်ကင်းအောင် ဇွတ်အတင်းထွက်နိုင်ကြဖို့ ကလဲ
သန်းခေါင်လကွယ် တောအုပ်အလယ်
လမ်းမှားနေကြတဲ့ ခရီးသွားများသဖွယ်
ကရွတ်ပေါ် ကင်းများရှောက်သလို
ဝိုင်းကြီးပတ်လည် ဘ၀မဆုံးပဲနဲ့ 
ဒုက္ခစုံညီ ရင်ဝယ်ပိုက်နေကြရတဲ့အတွက်
ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာတွေ
ရင်ဝယ်ပိုက်နိုင်အောင် ကြိုးစားကြဖို့ )
၃၁ ဘုံဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းရှောက်တဲ့ တေးပုံမာ
အဲဒါ အဲဒါ အဲဒါ ဘ၀သံသရာ....။ ။

4 comments:

hnin said...

ဘ၀သံသရာထဲက လွတ်ချင်ပါတယ် ကိုမျှားပြာရေ... ကွှတ်ချင် လွတ်ချင်ပါတယ်။ သို့သော်လည်းပေါ့ မီးတွေ အဟပ်ခံနေရတုန်းပါ....

မျှားပြာ said...

မီးတွေကတော့ အချိန်တိုင်း ဟပ်နေတာပါ နှင်းနှင်းရေ

kay said...

မျှားပြာေ၇..လာလည်တဲ့အတွက်ကျေးဇူးပါ။ စီဘောက်ကြီး က ဘာဖြစ်နေလဲ မသိ။ ၀င်လို့မရ။ ဘယ်လိုလဲ ငယ်ငယ်ရွယ်ရွယ် နဲ့ တရားပေါက်သွားပီ လား။း)

sisain said...

ဒီသီချင်းလေးကို ရှာနေခဲ့တာ ကြာပါပြီ။ ခုလို ပို့စ်တင်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။