ဝက်နှင့် ဤဤ ထိုထို ..

ကျွန်တော်ကို တကောက လူဝကြီးတဲ့ ... သူငယ်ချင်းတွေကလည်း မင်းတဖြည်းဖြည်း ၀က်နဲ့တူလာပြီတဲ့... ။အဲဒါနဲ့ ဖတ်ဘူးတဲ့ စာလေးတစ်ပုဒ်ကို သွားသတိရလိုက်တယ်.။မင်းခိုက်စိုးစန်ရေးတဲ့ စာတစ်အုပ်မှာ ပါတာပါ..။ စိတ်ဝင်စားဖို့ကောင်းပါတယ် ၀က်အကြောင်းကို ရေးထားတာတော့ မဟုတ်ပါဘူး။ လူတွေရဲ့ ယဉ်ကျေးမှုအကြောင်းကို ရေးထားတာပါ....။

သြစတြီးယားတိုက်မြောက်ဘက်က နယူးဂီနီ ( New Guinea ) ကျွန်းမှာနေကြတဲ့ လူတွေရဲ့ ပင်မအလုပ်အကိုင်ဟာ ၀က်မွေးမြူခြင်းပဲ ဖြစ်ပါတယ်။ဝက်ဟာ သူတို့ ရဲ့ ငွေကြေးဖလှယ်မှုအစားသုံးတဲ့ စည်းစိမ်းဥစ္စာလည်း ဖြစ်ပါတယ်၊ ချမ်းသာကြွယ်ဝမှု၊ ဂုဏ်သိက္ခာ ရှိမှုတို့ ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်၊ လူ့အရည်အချင်း မှတ်ကျောက်လည်း ဖြစ်ပါတယ်။ သူတို့ ဆီမှာ ၀က်များများ ပိုင်ဆိုင်တဲ့
သူဟာ လူချမ်းသာပါ။ သူတို့ လူ့အသိုင်းအ၀ိုင်းမှာ ( ကျွန်တော်တို့ အခေါ်မဝေါ်ဆိုရင်တော့ မြို့ မျက်နှာဖုံးပေါ့ ) သြဇာသက်ရောက်သူ၊
လုနေမှု အဆင့်အတန်းမြင့်မားသူပါ။ လူတော်တစ်ယောက် ဖြစ်၊ မဖြစ်ဆိုတာကို ၀က်တွေနဲ့ တိုင်းတာဆုံးဖြတ်ကြတယ်။ ဒါကို ကျွန်တော်
တို့အနေနဲ့ ကြည့်ရင်တော့ ရယ်စရာကြီးပေါ့ ...။ ဒါပေမယ့် သူတို့ရဲ့ လူအဖွဲ့အစည်းမှာ ဒါဟာ အစစ်အမှန် အရှိတရား ( Reality ) ပါ..။
လူဖြစ်ရကျိုးနပ်ဖို့အတွက် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးကို သိမြင်စရာ မလိုပါဘူး။ ၀က်များများ ပိုင်ဖို့ပဲလိုပါတယ် ဆိုပါတဲ့
အချိုးပေါ့။မကောင်းဘူးလား။ ၀က်တွေအများကြီးရှိပြန်တော့ အဲဒီဝက်တွေကို ထိန်းကျောင်းဖို့ လူတွေလိုအပ်လာပြန်တယ်။ အဲဒီတော့ ၀က်များများပိုင်ဆိုင်တဲ့ ၀က်ဓနရှင်လူတန်းစားဟာ မိန်းမတွေ တစ်ယောက်ထက်မက ယူကြရတယ်။ ကျွန်တော်တို့ဆီက ငွေကြေးဓနရှင် လူတန်းစားတွေ မယားငယ်ယူပုံနဲ့ တော့ မတူပါဘူး။ သူတို့ မိန်းမယူတာ ၀က်ကျောင်းဘို့ ပါ။ ကိုယ့်အုပ်စုထဲမှာ မိန်းမအရေအတွက် နည်းသွားပြီဆိုရင်တော့ ဘာလုပ်ကြတယ်မှတ်လဲ။ တခြားအုပ်စုကို သွားပြီး စစ်တိုက်ကြတယ်။စစ်နိုင်ပြီဆိုရင် အဲဒီ ရှုံးနိမ့်သူ လူမျိုးအုပ်စုက မိန်းမတွေကို သိမ်းပိုက်ဇနီးမယားပြုပြီး ၀က်ထိန်းခိုင်းတော့တာပဲ။ ရယ်တော့ ရယ်စရာကြီးပဲ ဒါပေမဲ့ ဒါဟာအမှန်ပါ။
ဝတာဟာ ကျန်းမာရေးအတွက် မကောင်းပေမဲ့ တစ်ဖက်က ကြည့်ရင်လည်း စိတ်ချမ်းသာလို့ ၀တာပေါ့နော် ..ဟဲဟဲ။
ပြောမယ့်တာ ပြောတာ ကျွန်တော်လည်း ၀ရင် မျက်စိထဲ သိပ်ကြည့်လို့မရဘူး။ ကောင်မလေးတွေ ၀ရင် ကျွန်တော်ကိုယ်တိုင်လည်း
ကြိုက်ဘူး။ ၀မှ လှတယ်ဆိုပေမဲ့လည်း ၀လွန်းရင်း ဘယ်ကြည့်ကောင်းမလဲနော့ ....။ဒါနဲ့ စကားမစပ် အမေချက်ကြွေးတဲ့ ၀က်သားဟင်း
ကိုတော့ လွမ်းတယ်ဗျာ ...................။

No comments: