မြန်မာ ထမင်း၊ ဟင်း

စားရသောက်ရတာလည်း အဆင်မပြေ၊ လျှော်ရ ဖွတ်ရနဲ့ .... သြော် ငါ့ဘ၀ ငါ့ဘ၀ မိန်းမလေးတစ်ယောက်တော့ အမြန်ယူဦးမှ ...ဟဲ ဟဲ။ ခေါက်ဆွဲခြောက်တလှည့် ကြက်ဥ တလှည့် ဖြစ်သလိုစား၊ဗိုက်ဆာရင်စား၊ ခန္ဓာကိုယ်ကြီးက အချက်ပေးရင် စား၊ ဘာမှလဲ ဖွယ်ဖွယ်ရာရာ မရှိ။ အဖြစ်ရှိအောင်လည်း မချက်တတ် လူတတ်ကြီးလုပ်ပြီး ချက်နည်းပြုတ်နည်းစာအုပ်ကိုကြည့် ဟိုဟာထည့် ဒီဟာထည့် တခါမှလည်း မကောင်း။ ဒါကိုပဲ ကျိတ်မှိတ်ပြီး မြိုချ ရေနဲ့ မျောချ..... အင်း ကောင်းပ ကောင်းပ။အရသာ လျှာကသိသည် တဲ့ အင်း တနေ့တနေ့ ရယ်ဒီမိတ်တွေနဲ့ နှစ်ပါးသွားနေရတဲ့ ကိုယ့်လျှာလေးကိုတောင် သနားမိတယ်..။ သူငယ်ချင်းတွေနဲ့ ချက်ပြုတ်စားရင်လည်း ကောင်းကောင်းကန်းကန်းနဲ့ ချက်တတ်တဲ့သူကမရှိ ... ထုံးစံအတိုင်း ခေါက်ဆွဲကာလသားချက် ကြက်သားကာလသားချက်မဟုတ်ပါ...။( ခေါက်ဆွဲခြောက်ထုပ်သုံးထုပ်လောက်ကို ရေထဲပစ်ထည့် အစိမ်းရော အကြတ်ရော စားလို့ရတာ အကုန်လုံးထည့် နူးရင်ချ တန်ဆေး လွန်ကောင်း ) အဲသလို အဲသလို ချက်ပြုတ် စားသောက်နေရသော ကျွန်တော်မျိုး၏ ဘ၀ကို အဘယ် နတ်သကြားတွေက ထိုင်ပြီး ကြည့်နေကြသလဲ...။အပြင်ထွက်စားဖို့ကြတော့လဲ ရတဲ့လခနဲ့ ဈေးနှုန်းနဲ့ အင်း အင်း ကောင်းပါလေစွ ကောင်းပါလေစွ...။ ဒီလိုဘ၀ကြီးကို နောက်ထပ်ဘယ်လောက်ကြာကြာ ဖြတ်သန်းရဦးမှာပါလိမ့်....။ ဒွတ်ခ ဒွတ်ခ ....။ အမေရဲ့ သားသမီးတွေကိုထားတဲ့ မေတ္တာနဲ့ ချက်ကျွေးတဲ့မိသားစု ထမင်းဝိုင်းလေးကို သတိရလိုက်တာ ...။ ကိုယ့်လိုပဲ အိမ်နဲ့ ဝေးနေပြီး အမေ့ရဲ့လက်ရာလေးတွေကို လွမ်းနေသူတွေ၊ မိန်းမရဲ့ လက်ရာကို လွမ်းနေသူတွေ၊ မြန်မာ ထမင်း၊ဟင်းကို လွမ်းနေတဲ့သူတွေအတွက် မြန်မာ ထမင်းနဲ့ ဟင်းကို တင်ထားပေးတယ်ဗျာ ...။ အ၀သာ စားကြပေတော့ အားမနာနဲ့နော် .... စားသာစား .....း) ။


3 comments:

s_potato said...

စားလို့ကောင်းလိုက်တာ ရှလွတ်

Yan said...

ညာဖက်ထောင့်က ဘီယာပုလင်းရော မြည်းကြည့်လို့ရမလား...
ဟတ်ဟတ်
မြည်းရုံလေးတင်ပါဗျာ... နော်နော်နော်..

မျှားပြာ said...

အာလူးလေးရေ တကယ်ကြီးလား..
ကိုရန် မြည်းစေဗျာ မြည်းစေ...
ကုန်တော့ ကုန်စေနဲ့နော် ဒါလေးပဲရှိတာ ...ဟတ် ဟတ် ဟတ်