ဘာကိုမှ ဆက်မရေးချင်တော့ဘူးဗျာ.........

ကောင်းလိုက်တဲ့လေဗျာ ရင်ထဲထိအောင် အေးသွားတာပဲ...။ အခုမှပဲ ခန္ဓာကိုယ်က အပူတွေကော စိတ်ထဲက အပူတွေကော လျှော့သွားသလိုပဲ။ ဒီမှာ ပူနေတာ ၂ ရက်လောက်ရှိနေပြီဗျာ။ ပူလိုက်အိုက်လိုက်တာ မပြောပါနဲ့တော့ ပူလွန်းလို့ အင်္ကျီချွတ် သဘက်ပတ်ပြီးနေ နေရတယ်။ အခန်းထဲကို ဖြည်းဖြည်းညှင်းညှင်း တိုက်လာတဲ့ လေနုအေးလေးကို ခပ်ပြင်းပြင်းလေး ရှုပြီး တကိုယ်လုံးကို လျှော့ချလိုက်တာ ပေါ့ပါးသွားလိုက်တာ။ ဒီလို တန်ဖိုးရှိလွန်းတဲ့ လေကို ကျေးဇူးတင်မိတယ်ဗျာ။ ကျွန်တော်တို့တွေ အသက်ရှင်နေထိုင်လို့ရအောင် ကမ္ဘာကြီးက လေတွေကို ပေါပေါများများ ဖန်ဆင်းပေးထားတာပါ။ သို့သော်လည်း..... သို့သော်လည်းပေါ့နော် အလကားရပါတယ်ဆိုပြီး ဒီလေတွေကို အားရပါးရရှု ပါးစပ်ကြီးတွေနဲ့ သူများပျက်ဆီးရာ ပျက်ဆီးကြောင်းတွေကို ဖောဖောသီသီ ပြောနေကြတဲ့ သူတွေကိုကြည့်ပြီးတော့ တခါတလေတော့လဲ စိတ်ထဲမကောင်းဘူးဗျာ။ ဘာလို့များ သူတပါးအကျိုးယုတ်စေမယ့် အကြောင်းအရာတွေကို တန်ဖိုးရှိတဲ့လေတွေနဲ့ ပြောဆိုနေကြတာလဲ စဉ်းစားလို့ကို မရဘူးဗျာ။ ကိုယ့်အတွက်လဲ အကျိုးမရှိ သူများအတွက်လဲ မကောင်းရာ မကောင်းကြောင်းတွေကို ဖြစ်သွားစေမဲ့ ကိစ္စတွေကို ဘာလို့ များ လေတွေအကုန်ခံပြီး ပြောချင်နေကြတာလဲ မသိပါဘူး။ လူတိုင်းဟာ ကိုယ့်ဘ၀ကိုယ် အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေကြတဲ့သူတွေချည်းပါပဲ။

ကျွန်တော် ဒီပို့စ်ကို ရေးနေတုန်း အမှတ်တမဲ့နဲ့ ကိုကလိုစေးထူးရဲ့ ဘလော့ကို ရောက်သွားပါတယ်။ ကိုစေးထူးရဲ့  ဒီပို့စ်လေးက ကော်မန့်ကိုဖတ်ပြီး ဘာကိုမှ ဆက်ရေးချင်စိတ်မရှိတော့ပါဘူးဗျာ။ စိတ်ထဲမှာ အရမ်းကို ခံစားသွားရပါတယ်။ ရင်ထဲမှာ တကယ်မကောင်းဘူးဗျာ။ ကျွန်တော် အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ စိတ်ညစ်သွားပြီဗျာ.................။

No comments: