ရင်ဘတ်ထဲမှာ

စေတနာအတု
ပျားရည်ပါးပါး
အဆိပ်သင့်အပြုံးတွေနဲ့
ကျေးဇူးပြုပြီး ငါ့ကိုမပြုံးပြပါနဲ့။

ရင်ဘတ်ထဲက လာတဲ့
ပေါက်တတ်ကရတွေ
ငါ့ကိုပြောပါ။

အဲဒီ ပေါက်တတ်ကရတွေကို
ဟောဒီ လူတကာနင်းဖြတ်နေကြ
ငါ့ရင်ဘတ်ထဲမှာ အမှတ်တရအဖြစ်
ထာဝရ သိမ်းထားပါ့မယ် ... ။

အကြောင်းအရာလေးတစ်ခုကို အရမ်းခံစားနေရလို့ဗျာ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး...။

3 comments:

ယူဆဂိ said...

ကဗျာလေးအရမ်းကြိုက်တယ်

မျှားပြာ said...

ယူဆဂိ .... ကျေးဇူးဗျာ ..

ㄚ叮 said...

br ko bal tu a naing kyite twar lo lal? :P