သူငယ်ချင်းများနှင့် အမှတ်တရသင်္ကြန်

မနေ့က (၁၃.၄.၀၈) သင်္ကြန်အကျနေ့မှာ ကျွန်တော်တို့ ဒီမှာအတူတူရှိနေကြတဲ့ သူငယ်ချင်း (Blogger)တွေ ပထဆုံးအကြိမ် စုံစုံလင်လင် ဆုံဆည်းခဲ့ကြပါတယ်..။ သင်္ကြန်တွင်းမှာ သူများတွေ ကိုယ်စီကိုယ်စီ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပျော်ပါးနေတဲ့အချိန်မှာ ကျွန်တော်တို့လည်း အမှတ်တရလေး ဖြစ်သွားအောင် အခုလိုဆုံကြဖို့ စီစဉ်လိုက်ကြတာဖြစ်ပါတယ်…။

အဲဒီနေ့က ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုလေးဟာ အပျော်သဘော အမှတ်တရ သဘောမျိုး တစ်ခုတည်း အတွက် သီးသန့်မဟုတ်ပဲ မကြာခင်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေစုပေါင်းပြီး တည်ထောင် ကြမယ့် Website လေးတစ်ခုအကြောင်းကို ဆွေးနွေးတိုင်ပင်ကြဖို့လည်းပါဝင်ပါတယ်…။ အဲဒီ့ Website လေးမှာတော့ ကျွန်တော်တို့ တတ်သမျှ၊ သိသမျှ နည်းပညာအကြောင်းအရာများ၊ ကျွန်တော်တို့ ဖန်တီးထားတဲ့ အနုပညာ များနဲ့အတူ အခြားသော အကျိုးရှိနိုင်တဲ့ အခန်းကဏ္ဏများကို ထည့်သွင်းသွားဖို့ ရည်ရွယ်ထားပါတယ်။

ကျွန်တော်တို့ဆုံဆည်းမှုရဲ့ ပထမခရီးစဉ်အနေဖြင့် Парк Культуры (Park Of Cultre) လို့ ခေါ်တဲ့ ပန်းခြံကို ပထမဆုံးစတင်ချီတက်ကြပါတယ်..။ ကျွန်တော်တို့ရဲ့ ၀မ်းတွင်းသာယာစိုပြေရေးကိုလည်း အဲဒီ့နေရာမှာပဲ ဖြေရှင်းပြီး အမှတ်တရ ဓာတ်ပုံတွေနဲ့ မှတ်တမ်းတင်ခဲ့ကြပါတယ်..။ အဲဒီ့နောက်မှာတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Красная Плошадь (Red Square) ကို ဆက်လက်ထွက်ခွာခဲ့ပြီး… မှတ်တမ်း ဓာတ်ပုံများဖြင့် မှတ်တမ်းတင်ခဲ့ကြပါတယ်…။
ကျွန်တော်တို့ရဲ့ အမှတ်တရ ဆုံဆည်းမှုလေးမှာ ထူးဆန်းမှုလော တိုက်ဆိုင်မှုလောမသိတဲ့ အဖြစ် အပျက်လေးတစ်ခုကိုတော့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်..။ ဘာလဲဆိုတော့ မိုးရွာခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိနေထိုင်တဲ့ နေရာမှာ ဒီလိုအချိန်မျိုးမိုးရွာလေ့ ရွာထမရှိပါဘူး။ ဘာလို့ ကျွန်တော်က မိုးရွာတာကို အထူးအဆန်းတစ်ခုအနေနဲ့ ပြောရကြောင်းကို သိချင်ရင်တော့ အခုကျွန်တော်တို့ အစီအစဉ်မှာ ပါတဲ့သူများကိုဖြစ်ဖြစ် ကျွန်တော်တို့နှင့်အတူ တစ်နှစ်တည်း ကျောင်းအတူတူ တက်ခဲ့ကြတဲ့ တစ်ခြား သူငယ်ချင်းများကိုပဲ မေးကြည့်လိုက်ကြပါတော့ :) ။

ကျွန်တော်တို့ရဲ့ ဆုံဆည်းမှု အမှတ်တရနေ့ရက်လေးကို ကျွန်တော်တို့ ချစ်တဲ့ စာဖတ်သူများ၊ Blogger ညီအစ်ကိုများ၊ မောင်နှစ်များအားလုံးကို ဝေမျှရင်းနဲ့ “မင်္ဂလာနှစ်သစ်မှာ ကျွန်တော်တို့ချစ်တဲ့ မြန်မာ ပြည်သူ၊ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရန် ဆုတောင်းပေးလိုက်ပါတယ်…။ ထို့အတူ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးသည်လည်း ယခု ထက်ပို ပိုမို၍စည်ပင် သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။”

လမ်းလျှောက်ရတော့လည်း ညောင်းတာပေါ့ ... :P

၇ နာရီတောင်ခွဲတော့မယ် ...

We Blog : We Unite




15 comments:

ကောင်းအောင် said...

ငမိုက်သား....
ပို့စ်တင်နောက်ကျသည့်အတွက် ဂေါ်မစွံဘွဲ့နှင့်အတူ ကော်ဖီမစ်တစ်ခွက် ဒဏ်ခတ်လိုက်သည်...
ပုံ/ရောင်းရင်းများ

tuzzaung said...

နောက်ကျနေပြီ။
ငါတို့ကမင်းသားတွေကို ကြည့်ပြီးပေါ့။
ချက်ကြီးကဘယ်ဟာတုန်း..?

သူငယ်ချင်းတွေစုပေါင်း တည်ထောင်မယ့် website လေးကိုလည်းစိတ်ဝင်စားတယ်။
အောင်မြင်ပါစေ..ချက်ကြီးရေ...။

ပန်းခရေ said...

ချက်ကြီးရယ်...
မိုက်တယ်ကွာ...မလိမ်မာဘူး..
ဂေါ်မစွံသေးဘူးလားကွာ...
ဂွက်ထော်တစ်ယောက် ..ကြီးတော်ကို ဘယ်လိုပြန်ပြောရပ..
ငါရွာရောက်ရင်
သေချာပြောပေးမယ်နော်...စာဥရေစောင့်ပါလို့..
ချက်ကြီးတော့မစွံရှာသေးပါဘူး...လို့နော်..အိုကေတယ်ဟုတ်..
အော်ပြောဖို့မေ့နေတာ...
နင့်နာမည်...ပဲမျှားလို့ သတင်းရတယ်..ဟုတ်လား
ဘယ်သူပြောတာလဲမမေးနဲ့..ငါပြောတာ..ဟိ
လစ်ပီ...
(နှစ်သစ်မှာ..အချစ်သစ်နဲ့..ပျော်ရွှင်ပြီး..ဂေါ်စွံပါစေ..)

Anonymous said...

အဟမ်း.........ဟိုအပြာရောင်ဝတ်ထားတဲ့ ပေစောင်းစောင်းတစ်ကောင် အဲ့လိုကြည့်မနေနဲ့  မိုက်၇င်ထွက်ခဲ့ အခန်းရှေ့မှာ အကြွေးရှင်တွေရောက်နေတယ်လို့  ပြောမလို့း)။
မင်္ဂလာနှစ်သစ်ပါခင်ဗျာ ပျော်ရွှင်အဆင်ပြေပါစေ။

ein said...

မကြာခင်မှာပေါ်ပေါက်လာမယ့် နာ့တယ်ရင်းတွေရဲ့တတ်သမျှ၊ သိသမျှ နည်းပညာအကြောင်းဝက်ဆိုဒ်များကို မျှော်လင့်စောင့်စားနေတယ်ကွ...း)
မင်္ဂလာနှစ်သစ်မှာ တယ်ရင်းငမျှားချိတ်လဲ စိတ်ချမ်းသာခြင်း ၊ ကိုယ် ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ နာဆုတောင်းပေး လိုက်တယ်နော်...း) နှစ်ဆန်းတစ်ရက်နေ့မှာ ဘလော့စဖွင့်မဲ့ ကိုညိမ်းညိုကိုလဲ ဘလော့ရပ်ဝန်းကနေကြိုဆိုပါတယ်လို့
ပြောလိုက်ပါဦးနော်...း)
အမှတ်တရပုံလေးတွေအားလုံးကိုလဲ အမှတ်တရ ကြည့်သွားပါကြောင်း...:P
ဟုတ်ပကွာ အတော်ကို လျှောက်သွားနေတာဆိုတော့လဲ ညောင်းမှာပဲကော...:D
မြန်မာနှစ် ၁၃ရ၀ ရဲ့ သူငယ်ချင်းတွေနဲ့အမှတ်တရသင်္ကြန်လေးပေါ့...း)

Unknown said...

တကယ်ကို အမှတ်တရပါပဲကွာ..။ ပြောတော့ မပြောချင်ဘူး ဒါပေမယ့် ပြောရအုံးမယ်..ကန့်လကာ နောက်ကွယ်က ဓာတ်ပုံတွေ အကြောင်း ဘယ်သူဖွလိုက်လဲမသိဘူး... အသေအလဲ စိတ်ဝင်စားနေတဲ့သူတွေ တော်တော်များနေတယ် :P

p.s- မင်းတို့တော့ မသိဘူး ငါတော့ အပြန် မိုးအကြီးအကျယ်မိတာ ကြွက်စုတ် ဖြစ်သွားတယ် :)

Yan said...

ပျော်စရာကြီးပါလားဗျာ. အားကျလိုက်တာ... မကြာခင်လုပ်မယ့် website လေးကို မျှော်နေပါမယ်...

မင်းကျန်စစ်။ said...

တို့ သူငယ်ချင်းတွေ အမှတ်တရ ဓါတ်ပုံတွေနဲ့ တင်လိုက်တဲ့ ပို့စ်က မင်းဘလော့ရဲ့ ၁၀၀ မြောက်ပို့စ်ဖြစ်နေတာ သတိထားမိလိုက်တယ်ကွ။ အားလုံး တယောက်တမျိုးစီ ပုံတွေ တင်နေကြတာ ရိုက်လာတာ အားလုံး ပေါ်တော့မယ်။ ဟိုဒင်းက ထွက်လာတဲ့ပုံတွေ မတင်ကြတာ ကံကောင်း။ :D

nu-san said...

ပြာနေတဲ့ မျှားဆိုတာ ဘယ်တူလဲဝေ့.. :D

နှစ်သစ်မှာ ချမ်းမြေ့ပျော်ရွှင်ပါစေ မျှားပြာရေ.. (အပေါ်က စာသားက စ တာနော်.. :P)

hnin said...

ဘယ်သူဘယ်ဝါရယ်လို့ မသိပေမဲ့ ပုံထဲမှာ ကိုမျှားပြာကြီး တအားပျော်နေမှာပါ။

Layma said...

ဘယ်ပုံက ဘယ်သူဆိုတာပြောပြလေဟာ...။
နာရီစင်ရှေ့ က ပုံမှာ ရှေ့ဆုံးက မိန့် မိန့်ကြီး ထိုင်နေတာ ကျန်စစ်မို့လား...။ သူကို မခို့တရို့ မှီထားတာက ဘယ်သူတုန်း...။ ကျန်စစ်ရဲ့ ဇနီးလေးနဲ့ သွားတိုင်ပြောလိုက်မှာနော်...။ မိန်းကလေးနဲ့ တူတဲ့ ဟိုကောင်လေးက ဘယ်နားမှာတုန်း..။

သဇင်ဏီ said...

အလကားရ လို့ကြည့်သွားတယ်
ဘူမှ မချောဘူး.. ဟတ် ဟတ် ဟတ်

Myo Win Zaw said...

Blogger Gathering (Moscow) မှာ ဘလော့ဂါ နေဘုန်းလတ်လွှတ်ဖို့ ကောဆုတောင်းမပေးကြဘူးလား နောက်ပြီးမြန်မာပြည်ပြန်ရောက်ရင် blogspot.com ကို မဘန်းဖို့ တပ်ချုပ်ကြီးကို ပြောဖို့ကို မဆွေးနွေးကြဘူးလား

Anonymous said...

ဒီနှစ်တော့ အနော်လည်းလိုက်မယ် ဗျို့ ....
စာရင်းကြိုပေးထားတာနော်..း)))

Anonymous said...

ကိုရင်ညိမ်း ခေါင်းစောင်းနေတယ် ဟဟ