ကျွန်တော်နေတဲ့မြို့ 

ကျွန်တော်နေတဲ့မြို့ 

(အဲဒီနေရာဟာ လွန်ခဲ့တဲ့လများဆီက မိုင်းတွေတ၀ုန်းဝုန်းကွဲပြီး
ရထားတွေ ခဏခဏမှောက်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ လွန်ခဲ့တဲ့လများဆီက ပစ်သံခတ်သံတွေနဲ့
ကျီးလန့်စာစား အိပ်မရတဲ့ညတွေနဲ့ လုံးထွေးနေတဲ့နေရာဖြစ်တယ်။)

အဲဒီနေရာဟာ တောင်တန်းတွေဝိုင်းပြီး
ခြေကျင်းဝတ်လောက်သာမြှပ်တဲ့ ချောင်းကလေးတွေစီးဆင်းတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ချောင်းတွေက ပြောင်းပြန်စီးပြီး
လူတွေက စောက်ထိုးတွေပြောတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ကုလားနဲ့တရုတ်တွေက မြို့ လည်မှာနေပြီး
တိုင်းရင်းသားတွေက မြို့ စွန်မှာနေတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာမှာ အပေါဆုံးက အရက်ဆိုင်နဲ့ ခေါက်ဆွဲဆိုင် ဖြစ်တယ်။
အဲဒီနေရာဟာ တအားချစ်စရာကောင်းတဲ့ ကချင်မလေးတွေရှိပြီး
အရမ်းရိုးတဲ့ ရှမ်းဗမာမလေးတွေနေတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ဘုန်းကြီးကျောင်းတွေက ဟည်းထနေပြီး
လူနေအိမ်တွေက စုတ်ခြာတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ယောင်္ကျားတွေက မှော်ထဲတက်ပြီး
မိန်းမတွေက လယ်လုပ်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ သီတင်းကျွတ်ကစလို့ တန်ခူးအထိ
ဘုရားပွဲတွေ အလှူပွဲတွေမပြတ်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ အရမ်းကို ချစ်စရာကောင်းတဲ့
ထမင်းပေါင်းပွဲတွေ ပြုလုပ်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ မိုးညှင်းသတိုးရဲ့နေပြည်တော်ဖြစ်ပြီး
သိုဟန်ဘွားရဲ့ အပိုင်စားရာ နေရာဖြစ်တယ်။
အဲဒီနေရာဟာ အရမ်းရိုးတဲ့ လူလည်တွေနဲ့
အရမ်းကို မျက်နှာချိုတဲ့ လူမိုက်တွေရှိတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ဆင်ခေါင်းတောင်ကြီးပျောက်သွားရင်
မိုးတွေသည်းသည်းမဲမဲ ရွာတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ဆရာသော်တာဆွေနဲ့ မသူတို့
ချစ်ရည်လူးခဲ့တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ စာရွက်နဲ့ဘောပင်ရှိရင်
တွေ့ရာလူကို တိုင်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ကေတီဗွီမရှိ၊ စင်တင်မရှိ
အနှိပ်ခန်းမရှိ ဘာမရှိ ဘာမရှိ နေရာဖြစ်တယ်။
အဲဒီနေရာဟာ အဲဒီနေရာဟာ
အဲဒီနေရာဟာ ……………………………………
တောင်က မြောက်ကို ပြောင်းပြန်စီးတဲ့ နန့်ရင်းချောင်းဟာ
နေ့နေ့ညည တစ်မြို့ လုံးကို ပတ်ခွေရစ်နေလေရဲ့။


13 comments:

khin oo may said...

happy to see you . but I could not read your blog I can see square only.

စိုးထက် - Soe Htet ! said...

အဲဒီနေရာ ... ရောက်ဖူးခဲ့တာ ၁၀ နှစ် ကျော်ပြီ ... :)
ကချင်ပြည်နယ်ထဲ မှာ မရောက်ဖူးသေးတဲ့ မြို့ မရှိသလောက်ပဲ ... ပူတာအို ... ဆွမ်ပရာဘွမ် ... ချီဖွေ ... ဆော့လော် ... ကုန်သလောက်ပဲ ... လိုင်ဇာ ... လွယ်ဂျယ်ရော ... စိန်လုံတောင်တန်းကျော်ပြီ ရွှေလီထိတောင် သွားခဲ့သေးတယ် ... :)

မျှားပြာ said...

မခင်ဦးမေ .... ကျွန်တော့်ဆီမှာတော့ အားလုံးပေါ်တယ်ဗျာ .. ပြန်ကြည့်လိုက်ဦးမယ်
အဆင်ပြေပါစေဗျာ ...
ကိုစိုးထက် .... အယ် အကုန်ရောက်ဖူးတယ်လား
ပူတာအို အကြောင်းလေး ပြောပြပါလားးး :P

ဣရဝတီ said...

မိုးညှင်းမြို့ နဲ့ ကချင်​ပြည်​နယ်​ကြီး

မြက်​ခင်းစိမ်းတဲ့​မြေဖြစ်​ပါ​စေ

မျှားပြာ said...

ဣရဝတီ
မြက်ခင်းစိမ်းတဲ့မြေ ဖြစ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။

ဣရဝတီ said...

တစ်​​နေ့​နေ့​တော့ မျှော်လင့်ချက်တွေ ဖြစ်လာ မှာပါ
တစ်နေ့နေ့ပေါ့လေ

May Oo Khin said...

ဘလော့ပြန်ရေးတာတွေ့ရလို့အရမ်းဝမ်းသာပါတယ်မောင်လေးရေ..ညိမ်းညိုလည်း
စာတွေပြန်ရေးနိုင်ရင်ကောင်းမှာပါနော်..မောင်လေးတို့သူငယ်ချင်းတွေအရင်လိုစာ
တွေပြန်ရေးနိုင်ပါစေ..။

မျှားပြာ said...

ဣရဝတီ
ဟုတ်ကဲ့ တစ်နေ့နေ့ပေါ့ဗျာ ..
မခင်ဦးမေ
ဒီကောင်ကြီးကို အဆက်အသွယ်မရသေးလို့ဗျာ ..

ဣရ၀တီ said...

ခုတ​နေ့​နေ့ က ​ဝေးဦးမယ်​ထင်​ပါရဲ့
But တရား​သောစစ်​မို့ ​အောင်​နိုင်​ပါ​စေ
ဘာပဲဖြစ်​ဖြစ်​ take care.

မျှားပြာ said...

ဟတ်ဟတ် တရားသောစစ်တဲ့လားးးးးးး
စစ်ဖြစ်ပြီဆိုမှ ဘယ်တရားတော့မှာလဲဗျာ

ဣ၇၀တီ said...

ဟုတ်​ကဲ့၊
အ​တွေး​ချော်​မိသွားလို့ပါ
ချိုးဖြူ​လေးကို​မျှော်​လင့်​မိတာက
တော့အမှန်​ပါ

Burman Managers,Engineers and Scientists said...

aungwin.htut@gmail.com

Unknown said...

နင်ပြန်ရေးတာ ငါဝမ်းသာ