အားလုံးပဲ နားလည်ပေးကြပါဗျာ.....

ကျွန်တော် အခုတလော ဘလော့ကို မလော့နိုင်ဖြစ်နေတယ်ဗျာ။ ကျောင်းတွေကလည်း ပြန်တတ်နေရတော့ အချိန်ကိုမရဘူး။ မနက်ဆို ၈း၀၀ အဆောင်ကထွက် ညနေဆို ၇း၀၀ မှအဆောင်ကို ပြန်ရောက်နဲ့ ဘာမှကို မလုပ်နိုင်ဖြစ်နေတာ။ အရင်လို နေ့အိပ် ညပျော်လည်း မလုပ်နိုင်တော့ပါဘူး။ ဘလော့မှာလည်း ပို့စ်အသစ်တွေ မတင်နိုင်ဖြစ်နေတယ်။ ပို့စ်တွေတော့ ရေးပါတယ်။ အချိန်ကိုလုပြီးရေးပါတယ် ဒါပေမယ့် ကျွန်တော့်ကြောင်မလေးက ကျွန်တော်ပို့စ်ရေးနေပြီဆို အရမ်းဆော့တာဗျာ။ ရီစတတ်ခလုပ်ကို ဖိလိုက်၊ ပါဝါကြိုးကို ဖြတ်ပြေးလိုက်နဲ့ ရေးနေတုန်းဆို ဘယ်တော့မှ အပြီးမသတ်ပဲ စက်က ရပ်ရပ်သွားတော့ ပို့စ်တွေ မတင်ဖြစ်တာပါ။ ကျွန်တော့်ကြောင်ကလည်း ကျွန်တော့်လိုပဲ နေ့အိပ် ညပျော်အရမ်းလုပ်တာ။ အခုဆို သူ့ကို အရင်အိပ်အောင်သိပ်နေရတာ အလုပ်တစ်လုပ်လို ဖြစ်နေတာ။ သူလဲ နေ့ဘက်ဆို ကျွန်တော်တို့က ကျောင်းသွားတော့ ပျင်းလို့အိပ်၊ ညဘက်ဆို အရမ်းဆော့ ဘယ်လိုမှကို မနိုင်ဘူးဖြစ်နေပါတယ်။ အဲ ........ဘယ်လိုလုပ် မီးမီးအကြောင်းရောက်သွားလဲ မသိဘူး ( မီးမီးဆိုတာ ကျွန်တော့် ကြောင်မလေး နာမည်ပါ )။ အဲသလို အဲသလိုတွေနဲ့ ကျွန်တော့်ပို့စ်တွေ အသစ်မတင်နိုင်ဖြစ်နေတာပါ။ ကျွန်တော့်ဆီကို လာလည်တဲ့သူတွေ အားလုံးကို အခုတခါထဲ တောင်းပန်ပါတယ်။ ကျွန်တော့်ဘလော့လေးကို ဆက်ပြီးတော့ အသက်သွင်းနေဦးမှာပါ။ ပို့စ် အသစ်အသစ်တွေကိုလည်း ရေးပါဦးမယ်။ကျွန်တော့်ဆီကို လာလည်တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ သူငယ်ချင်းတွေဆီလည်း မရောက်ဖြစ်ဘူး ဖြစ်နေတယ်။ တကယ်လို့များ ကျွန်တော့်ဆီကို ကြုံကြိုက်လို့လာတာပဲ ဖြစ်ဖြစ်၊ သတိရလို့ လာတာပဲ ဖြစ်ဖြစ် ဆီဗုံးမှာတော့ အော်သွားပေးကြပါ။ ကျွန်တော့်အတွက်တော့ သူငယ်ချင်းတွေရဲ့ စကားတွေဟာ အားတွေဖြစ်လို့ပါ။ ကျွန်တော့် သူငယ်ချင်းတွေရဲ့ ဘလော့လေးတွေကိုလဲ အားတာနဲ့ လာခဲ့ပါ့မယ် ခင်ဗျာ။ ကျွန်တော့်ကိုလည်း နားလည်ပေးကြပါလို့ ............။

5 comments:

Thet Htoo@Myat Lone said...

မီးမီးကို ချော့သိပ်နေရ၍ ဘလော့ဂ် မရေးနိုင်ခြင်းလို့ ခေါင်းစဉ်တပ်လိုက်ရင် ပို Hot သွားမယ်ထင်တယ်နော်။ ဟဲ ဟဲ..

ဘာပဲဖြစ်ဖြစ် ဆက်ရေးပါဦးဗျာ။

Layma said...

ဟုတ်တယ်…ဟုတ်တယ်…ကိုမျက်လုံးပြောတာထောက်ခံတယ်…ခေါင်းစဉ်ပြောင်းလိုက်… “ မီးမီးအိပ်အောင် သိပ်နေရလို့ …” လို့  …။

ကြောင်ကတကယ်မွေးထားတာလား … ကြံကြံဖန်ဖန်နော် … ဒါဆို အခန်းထဲမှာ နံစော်နေမှာပေါ့ … ။ ကြောင်ကို အစာထဲမှာ ဘာမီတွန် ထည့်တိုက်လိုက်ပါလား …။

hnin said...

ကိုမျှားပြာရေ... အားပေးတဲ့ အားဆေးတစ်ခွက် နက်ကတော့ အရေးကြီးသဗျို့။

eithu said...

အင်းလေ .ကျောင်းစဖွင့်တည်းက လူလည်း ကိုယ့်အချိန်တွေကိုယ်မပိုင်တော့သလိုပဲ..
အချိန်ကလည်း ကုန်တာ မြန်လိုက်တာနော် ..

Anonymous said...

မျှားပြာရေ..
လာလည်ပြီးစာတွေဖတ်သွားပါတယ်ဗျာ..
စီဘောက်စ် က ဘာမှလဲမပေါ်ပဲ အယ်ရာဖြစ်နေတယ်ထင်တယ်။
အားလုံးပေါင်းပြီးမှတ်ချက်ပါရစေ..
အေးစက်စက်ဆောင်းကိုဝေမျှခံစားသွားပါတယ်..
ခေါင်းဆောင်မလား ခေါင်းဆောင်ပါ
နောက်လိုက်လုပ်မလား လုပ်ပါ
ဒါမှမဟုတ်ရင် လမ်းဖယ်ပေးလိုက်ပါ။" ကိုသလောကျတယ်။
တမိုးတည်းအောက်က လေးမ နဲ့ မျှားပြာ ကဗျာကိုသဘောကျတယ်..
အားပေးလျက်ပါ..စီဘောက်စ်လဲဘာဖြစ်လဲကြည့်ပါဦး..