ဘယ်လိုရယ်ကြလဲ ...

ရယ်တာဟာ ကျန်းမာရေးအတွက်ကောင်းပါတယ်။ စိတ်လွတ်ကိုယ်လွတ် ရယ်လိုက်ရရင် လူတစ်ကိုယ်လုံး ပေါ့ပါးသွားတာကို ရယ်ဘူးတဲ့သူတိုင်း သိမှာပါ။ စိတ်ဖိစီးမှုတွေကိုလည်း ရယ်ခြင်းဖြင့် လျှော့ချနိုင်တယ်လို့လဲ ကျန်းမာရေးဆိုင်ရာ စာအုပ်တွေမှာ ဆိုထားပါတယ်။ ပြီးတော့ ရယ်လိုက် ပြုံးလိုက်ရင် မျက်နှာက ကြွက်သားတွေ တင်းမာခြင်းတွေ ပြေလျှော့လို့ နုပျိုလာတယ်လို့လည်း ပြောကြတာကိုး။ လူတစ်ဦးနဲ့ တစ်ဦး တွေ့ ကြဆုံကြလို့ နူတ်ဆက်တဲ့ အခါဆိုရင်လည်း ရယ်ပြ ပြုံးပြပြီး နူတ်ဆက်တာဟာ မိတ်ဆွေတွေ တိုးပွားချစ်ခင်စရာပဲ မဟုတ်လား။ အဲဒီတော့ အားရပါးရရယ်၊ စိတ်လွတ် ကိုယ်လွတ်ရယ် ပေါ့ပေါ့ပါးပါး ရယ်လိုက်ကြပါလား။ အဲ အဲ မရယ်အပ် မရယ်သင့်တဲ့ နေရာတွေ အချိန်တွေကိုတော့ မရယ်ကြနဲ့နော်( ဥပမာ- တရားရုံးတို့၊ အပျိုကြီးတွေ ပဲများပြီး လမ်းလျှောက်နေတုန်း ချော်လဲတဲ့ အချိန်တို့) ။ ဘာတွေဖြစ်လာမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် အီးးးးးးးးးးးးး ပါးတွေတောင် ယားလာသလိုလို ........။ရယ်တာကို တော့ ဒီလို မှတ်သားဘူးတယ်...................

ရယ်ခြင်း ( ၃ ) ပါး

( ၁ ) သူမြတ် ရယ်ခြင်း
( ၂ ) သူလတ် ရယ်ခြင်း
( ၃ ) သူယုတ် ရယ်ခြင်း

သူမြတ် ရယ်ခြင်း ( ၂ ) ပါး။ ။ ( ၁ ) သတိ - မျက်လုံး နှုတ်ခမ်း စဉ်းငယ် အနေပျက်ရုံ ပြုံးကာပြု၍ ရယ်ခြင်း။
( ၂ ) ဥပဟသိတ - စဉ်းငယ် သွားပေါ်ရုံသာ ရယ်ခြင်း။

သူလတ် ရယ်ခြင်း ( ၂ ) ပါး။ ။ ( ၁ ) ၀ိဟသိတ - ပကတိသော အသံညင်းညင်း ထွက်ရုံ ရယ်ခြင်း။
( ၂ ) ဥပဟသိတ - ပခုံး ဦးခေါင်း လှုပ်အောင် ရယ်ခြင်း။

သူယုတ် ရယ်ခြင်း ( ၂ ) ပါး။ ။ ( ၁ ) အပဟသိတ - မျက်ရည်ထွက်အောင် ရယ်ခြင်း။
( ၂ ) အတိဟသိတ - ခြေပစ် လက်ပစ် မရှိုက်မရှုနိုင်အောင် ရယ်ခြင်း။

ကျွန်တော်လား ....... ကျွန်တော်ကတော့ ရယ်ချင်သလို ရယ်လိုက်တာပဲ ဟတ် ဟတ် ဟတ် .........။

ဒါနဲ့ စကားမစပ် လောလောဆယ်တော့ မရယ်နိုင်သေးဘူး .... ပါပါကြီးရုံး တတ်လိုက်ရလို့ အဟင့် ရွှတ်း(

4 comments:

ယူဆဂိ said...

ရယ်နည်းသိသွားပြီး...

Yan said...

အားပါးပါး..
ဒီပို့စ်လေးကို မျက်စိသျှမ်းသွားတယ်.
ဂွတ်တယ်ဗျာ. ယူသုံးဦးမယ်.

နောက်လည်းသိတာလေးတွေ မျှပါဦး
ငိုနည်းဘယ်နှစ်နည်းရှိလဲ စတာမျိုးပေါ့.

ဟတ်ဟတ်ဟတ်

ခင်မင်လေးစားလျက်

ရန်အောင်

khainglayphyu said...

ကိုမျှားပြာ
အပျိုကြီးတွေကိုခလုတ်တိုက်ပြန်ပြီလား..
ကောင်းကောင်းနေတာကို
ဆိုးဆိုးဖြစ်အောင်ပြောတယ်
တော်ပြီ... အပျိုကြီးမလုပ်တော့ဘူး

မျှားပြာ said...

ဆဂိ သိသွားပြီပေါ့လေ
ကိုရန်ရေ လာမယ်ဗျာ
ခလုတ်တိုက်တာ မဟုတ်ပါဘူးဗျ
မလုပ်နဲ့ ကောင်းတယ်း)