မင်းနှုတ်ခမ်းနဲ့  ငါ့နှုတ်ခမ်း
ထိတွေ့ လိုက်တဲ့ တခဏမှာ
ငါဟာ အရာရာအားလုံးကို မေ့သွားခဲ့.... ။
မင်းနှုတ်ခမ်းရဲ့ နွေးထွေးတဲ့
အထိအတွေ့ ဟာ
ငါ့ခန္ဓာမှာ လှည့်ပတ်စီးမျောလို့ပေါ့.....။
မင်းရဲ့ နှုတ်ခမ်းလေးတွေဟာ
ငါ့အတွက်တော့
အချိုမြဆုံး သံစဉ်တစ်ပုဒ်ပါ ချစ်သူ.....။
မင်းလွှတ်ချခဲ့ရင်
ငါ့ဘ၀ဟာ
အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားမှာပါ...။
မင်းလွှတ်မချမိဖို့
ငါ့ရင်ထဲမှာ
အချိန်တိုင်း ဆုတောင်းနေမိပါတယ်..။
လွှတ်ချခဲ့ရင်လည်း
ကွဲအက်သွားရုံကလွဲလို့
ငါ ဘာများ တတ်နိုင်မှာမို့ လဲ ....။
ငါဟာ မင်းလက်ထဲက ဖန်ခွက်လေးပါ ချစ်သူရယ် ...။ ။
ဖန်ခွက်
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
5 comments:
ဒါဆို ဖန်ခွက်ထဲက အရည်က ဘယ်သူဖြစ်မလဲ …
သင်္ခါရပေါ့ ကိုမျှားပြာရယ်... မမြဲခြင်းပေါ့... သိပ်မကြောက်ပါနဲ့... ဟဲဟဲ...
ဖန်ခွက်ထည်းကအရည်က အချစ်တွေလား?
ဟိ..ဟိ..:)
haha br hmar shi nay p lar?
yay htar tar ko tine kan sar nay ya lo yay htar ta lo bal :P
အချစ်မှာနစ်သွားတဲ့သူဟာ ပင်လယ်မှာနှစ်သွားတဲ့သူနဲ့အတူတူပဲဖြစ်လိမ်မယ်တဲ့
အချစ်ဟာ...
တစ်ခါတစ်ခါလေညှင်းဆန်တယ်..
တစ်ခါတစ်ခါ မုန်တိုင်းဆန်တယ်..
တစ်ခါတစ်ခါ လှလို့ ပလို့..
တစ်ခါတစ်လေကျတော့လဲ
အကျဉ်းတန်နေပြန်ရော
အချစ်ကိုဖြတ်ကူးရတာ
ပယ်လယ်ကိုဖြစ်ကူးရသလိုပဲတဲ့..ကိုမျှားပြာရဲ့
ဟိဟိ..ဆိုင်ရဲ့လားမသိဘူး
Post a Comment