ထွက်သက်မတိုင်ခင်
မင်းကြောင့်ပဲ ငါ့ကဗျာတွေပေါ်လိပ်ပြာတွေပျံဝဲခဲ့
မင်းကြောင့်ပဲ ငါ့ကဗျာတွေအိမ်မက်ဆိုးတွေနဲ့ကြောက်လှန့်
တစ်ချိန်က ငါတို့ရဲ့ရောင်စုံသက်တန့်တွေ
ဟိုးအနောက်ဘက်ကမ်းမှာ ကျန်ခဲ့ပေမယ့်
သည်တောင်ပေါ်မှာတော့ တေးသံတွေမျောလွင့်ဆဲ
အထူးအထွေအဆန်းအပြားလည်း ဟုတ်ချင်မှဟုတ်မယ်
သေချာတာကတော့ အလွမ်းနဲ့စပြီး အလွမ်းနဲ့ဆုံးမယ်
သည်လွင်ပြင်မှာ ရင်ခုန်သံတွေကျိုးပဲ့ခဲ့ပေမယ့်
မျှော်လင့်ချက်တွေကတော့ ခွာသံပြင်းတုန်းလေ
တောင်စွယ်မှာ နေမကွယ်သေးဘူးချစ်သူရေ
ကွမ်းတစ်ယာမဟုတ်ရင်တောင်
ရေတစ်မှုတ်တော့ မျှော်လင့်ခြင်သေးတယ် ... ...။ ။
ထွက်သက်မတိုင်ခင်
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
8 comments:
ကွမ်းတယာရော..ရေတစ်မူတ်ရော ရစေဗျား...
ဟီး..ဟီး.. နောက်တာ..
ကဗျာကမိုက်တယ်နော်
အဆုံးသတ်ထားတာလေးက သနားစရာလေး...။
ကွမ်းတရာ
ရေတမှုတ်က
ဒီကဗျာကို
ဖြစ်မှဖြစ်ရလေ ဆြာမြှားရေ။
ဒီကဗျာထဲ က
မျှောလင့်ချက်တွေ ခွာသံပြင်းတုန်း အဲ အဲ့ဒါလေးကြိုက်တယ်ကွ။
မျှော်လင့်ချက်တွေ ခွာသံပြင်းတုန်း ဆိုရင်ရေတစ်ပုံးလောက်တောင်း တစ်မှုတ်ထဲဆို နည်းတာပေါ့။ :D
ဝေ့--- ရေတမှုတ်မရခင် ရော့! ကိုမျှားပြာ အကြိုက် "အိုဆကဲ"။ *အဆင်ပြေပါစေ*
ကဗျာလေးကြိုက်တယ်။
ကောင်းတယ်။ ဒါနဲ့ဒီကဗျာက အဆုံးသတ်ကိုအရင် စဉ်းစားပြီးမှ အစအဆုံးပြန်ဖွဲ့လိုက်လေသလား။ မျှားပြာရဲ့ ဂျီမက်စေ့ခ်ျမှာ ဒါကိုအရင်မြင်ဘူးလို့ပါ။
မင်းကြောင့်ပဲ ငါ့ကဗျာတွေပေါ်လိပ်ပြာတွေပျံဝဲခဲ့ပီလားဟ...အဟဲ.....းးး
အေးပါဟယ်...ကွမ်းတစ်ယာကော..ရေတစ်မှုတ်ကော..အားလုံးအားလုံးကို ရပါစေနော့...
ကောင်းတယ်ဟ ကဗျာလေး...။
Post a Comment