တစ်နေ့တာ

မနက် ၇း၃၀ နာရီ .... ကလောင် တောင်တောင်တောင် ဂွမ် .. ဖုန်းအလန်းထမြည်တာပါး) ( တယ်လေ အိပ်တာဖြင့် ၄ နာရီလောက်ရှိသေး ဒီဖုန်းကထမြည်ပြန်ပြီ ပိတ်ပေါက်လိုက်ရ ၊ မလုပ်နဲ့ မလုပ်နဲ့ အဲဒါ ဟိုလူတွေပြောပြောနေတဲ့ သွေးတွေ၊ ချွေးတွေနဲ့ ၀ယ်ထားရတာ၊ မင်းဟိုမှာနေတုန်းကဖြင့် ကလေးကစားတဲ့ဖုန်းတောင် မကိုင်နိုင်ပဲနဲ့ ခုမှ ကြီးကြီးကျယ်ကျယ် ပိတ်ပေါက်လိုက်ရလေး ဘာလေးနဲ့၊ ဖြစ်သင့်တာက နေ့တိုင်းနေ့တိုင်း ထိုင်ကန်တော့ရမှာနော့း) ) အိပ်ရာကနေ လူးလဲထ ရေချိုးခန်းဝင် ထုံးစံအတိုင်း ဘာညာကွိကွများကို လုပ်ပြီးသကာလ ဘုရားသောက်တော်ရေလဲ၊ ဦးငါးကြိမ်ချ။ တကျော်ကျော်အော်နေသော ချစ်ချစ်ကို အစာကျွေး ပြီးတာနဲ့ အ၀တ်အစားလဲ၊ ကိုယ့်ကိုကိုယ် အမှန်အကိုင်ရွိုင်းပြီး ( အမယ် မှန်ထဲကြည့်တာ ငါတော်တော်ချောလာတာပဲ ) လှေကားကနေ ကသုတ်ကရိုက် ပြေးဆင်း ....ဟာ .. မျက်မှန်ကျန်ခဲ့ပြီ ထားလိုက်တော့ မယူတော့ဘူး။

မနက် ၈ နာရီ ... ကားဂိတ်မှာ ဘယ်အချိန်မှလာမယ်မှန်းမသိသော ကားရထားကြီးများကို စောင့်ပါတယ်။ ကြာလာရင်တော့ တွေ့ ရာကားတတ်စီးပြီး ဟိုပြောင်းဒီပြောင်းပေါ့။ ကျောင်းသွားတာပေါ့လေ။ ကံကောင်းလို့ နေရာလေး ဘာလေးရရင် ချစ်သူနဲ့ တွတ်တီးတွတ်တာလေးတွေပြော ( အဲလိုဆို ဘယ်လောက်ကောင်းမလဲနော် )။

မနက် ၉ နာရီ တခါတလေလည်း နောက်ကျပေါ့။ ဆရာမအပြစ်မပြောခင် သိသလောက်လေး ကျေနပ်အောင်ပြောပေး ( ဒီနေ့ ရာသီဥတု ကောင်းတယ်နော်တို့၊ မင်းမျက်နှာကြည့်ရတာ ရွှင်လန်းနေတယ်တို့ ဘာတို့ပေါ့လေ ဒီလိုပဲ ဖောရတား) )။ စပါပြီ ဘာမှန်းမသိသော စကားများနှင့်လုံးလည်ပတ်ချာရိုက် သူလဲပြောချင်တာပြော ကိုယ်လည်း အဘိဓါန်တစ်အုပ်နဲ့ အလုပ်တွေရှုပ်ပေါ့။ ခဏအနားပေးတဲ့ အချိန်လေးဟိုလျှောက် ဒီလျှောက် ဆေးလိပ်လေးသောက် ...

နေ့လည် ၁၂း၃၀ မနက်ပိုင်းစာသင်ချိန်ပြီးလို့ တွေ့ ရာကြုံရာ ခပ်ပေါပေါမုန့်လေးဝယ်စား လဆန်းရက်လေးတွေပါပဲ လကုန်ပိုင်းရက်များမှာတော့ ဒီလိုပဲ ဆာနေတဲ့ဗိုက်ကို သူငယ်ချင်းများနဲ့ ပေါက်ကရတွေပြောပြီး အဆာဖြေရတာပေါ့လေ။ ဒီလိုနိုင်ငံ၊ အခုကုန်ဈေးနှုန်းနဲ့ သတ်မှတ်ထားတဲ့ ဘယ်ရာသီဥတုမှာ ဘယ်လိုအစားအစာများကို ဘယ်နှစ်ကြိမ်စားဆိုသော စာရင်းဇယားကြီးများနဲ့ ရထားသောလခကို ချိန်ထိုးလိုက်ရင် ဟိုလူတွေ မျက်ရည်ဘူးသီးလုံးလောက်ကျသွားမလားပဲ။ ဒါတောင် အစားအသောက်တစ်မျိုးနဲ့ပဲပြောသေးတာ အဟီး ပြောရင်းဆိုရင်း ဟိုလူများလို မိန်းမလျှာလေသံပေါက်သွားတယ်။ ( တောင်းပန်ပါတယ်ဗျာ တခါတလေလည်း လွှတ် လွှတ်သွားလို့ပါ )

နေ့လည် ၁း၀၀ နောက်စာသင်ချိန်အတွက် နောက်စာသင်ခန်းကို ပြေးပြီး ဆရာသင်သောစာများကို လိုက်မှတ် ရေးချင်တဲ့နေရာရေးသောစာများကို လိုက်မှတ်ရတာလည်း တော်တော်လေးကို စိတ်ညစ်ဖို့ကောင်းပါတယ်။ ဆရာများကတော့ ဒီလိုပဲသင်တာပါ။ သူတို့ပြောတာတွေကိုလည်း လိုက်နားထောင်ရ၊ ရေးလိုက်သောစာများကလည်း အစီအစဉ်မကျနဲ့ ဟုတ်နေတာပဲ။

ညနေ ၆း၀၀ ပြီးပြီ တနေ့တာ စာသင်သောအချိန်များပြီးဆုံးလို့ အဆောင်သို့ ပင်ပန်းနွမ်းနယ်သော ခြေလှမ်းများဖြင့် ချမ်းအေးသော ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံပြီး ရောက်လာပါပြီ။ အဆောင်ရောက်ရောက်ခြင်း ခဏလောက် အညောင်းအညာဖြေ ရှိတာလေး ချက်ပြုတ်စားသောက်၊ ပြူတင်းပေါက်ကနေ ဟိုဟိုဒီဒီကြည့် မီးမီးလေးကို ပေါက်ကရများထိုင်ပြောပြီးသကာလ စာကြည့်စားပွဲရှေ့ထိုင်တယ်ဆိုရင်ပဲ ၁၁း၀၀ ... အင်း ရေလေး ဘာလေးချိုးဦးမှ အိမ်စာလေးလုပ်၊ ဟိုစာအုပ်လှန် ဒီစာအုပ်လှန် ပြီးတော့လည်း ဘလော့ထဲရောက်သွားတာပါပဲ။ အဘိဓါန်ကြည့်လိုက် စာကြည့်လိုက် ဘလော့ဖတ်လိုက်နဲ့ အချိန်တွေက ကုန်မှန်းမသိ ကုန်။ နာရီကြည့်တော့ ( --း-- ) ဘယ်အချိန်အိပ်တယ်ဆိုတာတော့ ပြောတော့ဘူးး) ။

အဲဒါတွေကတော့ ကျွန်တော့်ရဲ့ တနင်္လာမှ သောကြာအထိပေါ့ဗျာ။ စနေကတော့ စာသင်ချိန်နည်းပါတယ် မနက် ၁၀း၀၀ ကနေ ညနေ ၃း၀၀ ထိပါပဲ။ ပြီးရင်တော့ တနင်္ဂနွေ သူလိုကိုယ်လိုပါပဲ နောက်တစ်ပတ်အတွက်ပြင်ဆင် လျှော်စရာဖွတ်စရာများကို လျှော်ဖွတ်ပေါ့။

ဒီရောက်မှ ကိုယ့်အတွက်အချိန်တွေက တအားနည်းသွားသလို ခံစားရတယ်ဗျာ။ လူကလဲ အထီးကျန်ဆန်လာတယ်။ ဘလော့လေးရှိနေလို့ တော်သေးတယ်။ ကျောင်းစာကိုပဲ လုပ်ရမလို၊ အပြင်ဗဟုသုတကိုပဲ လိုက်စားရမလို၊ ဘလော့ထဲကိုပဲ စိတ်နှစ်ရတော့မလိုနဲ့ လုံးလည်ပတ်ချာရမ်းနေတယ်။ သေချာတာကတော့ အသိအမြင်တွေများလာလေ ကိုယ့်ကိုကိုယ် အသုံးမကျလေဆိုတာ ပိုပိုသိလာတယ်။ လုပ်ချင်တာ သိချင်တာ ဖတ်ချင်တာ မှတ်ချင်တာတွေကများပြီး လူကလိုက်မလုပ်နိုင်တော့ အားမရဘူး။ အကြောင်းအရာတွေကို သေချာမသိပဲ စော်ကားနေသောသူများရဲ့ စကားကိုလည်း မခံချင်ဘူး။ လုပ်လို့ရသလောက် အချိန်လေးမှာ တတ်သလောက်တော့ လိုက်လုပ်နေရဦးမှာပဲလေ။ အနိမ့်ဆုံးတော့ ကိုယ့်ကိုကိုယ် မြင်အောင် ကြည့်တတ်အောင်တော့ လုပ်ရဦးမှာပါ။ လောကကြီးက သတ်မှတ်ပေးထားတဲ့ တနေ့တာအတွက် အချိန်လေးတွေမှာ တခုခုတော့ရသွားကြပါစေလို့ ဆုတောင်းပါတယ်ဗျာ။ အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေ။

မမလေပြေရေ ကျွန်တော့်ရဲ့တနေ့တာကတော့ ဒါပါပဲကွယ်။ မောင်ညီမလေးတို့တတွေလဲ တနေ့တာမှာ .... အဲ ပုံပြင်ပြောတဲ့သူနဲ့ ရောသွားလို့ ဟတ် ဟတ် ဟတ်။ အဆင်ပြေပါစေဗျာ။

8 comments:

သဇင်ဏီ said...

ဖုန်းတော့မခွဲပါနဲ့ဂျာ.. ရွာရောက်ရင်အခွံရောင်းစားလို့ရတယ်.. ဟီး...
အံမယ်...တွတ်တီးတွတ်တာလေးလဲပြောချင်သေးတယ်ဆိုပဲ....
ဟုတ်တော့ဟုတ်တယ်နော်.. သိတာများလာလေ..ကိုယ့်ကိုကိုယ်အသုံးမကျဘူးလို့ပိုမြင်လေပဲ
အားလုံးအဆင်ပြေပါစေ....

Chit Lay Pyay said...

မျှားပြာရဲ့ တနေ့တာကို သိသွာပြီ၊ အခုချိန် ဘာလုပ်၊ ကျောင်းတက်နေပြီပေါ့၊ စာကြိုးစားနော်၊ လိမ်လိမ် မာမာ နေ၊

Anonymous said...

တစ်ရပ်တစ်မြေမှာ ချက်ကြီးတစ်ယောက် မပျက်မစီးဘဲ ကြိုးစားနေတယ်ဆိုရင်ကိုပဲ ဖွားမေပြောင်းဖူးဖတ် လိပ်ပေးရကျိုးနပ်လောက်ပါပြီ။ အောင်မြင်ပါစေ...။

Anonymous said...

သနားပါတယ်..တစ်နပ်စာပဲစားရတယ်... မီးမီးလေးကိုပြောတာ...။ သူ့သခင်က တစ်နပ်ပဲကျွေးတယ်...။

ကောင်းအောင် said...

ဆြာမျှား အရေးအသားများ အားလုံးဂွတ်... ကိုယ့်ငါးချဉ်ကိုပြန် ချဉ်နေတယ်ပြောမှ ဆိုးလို့ ကျန်တောတွေ ထည့်မပြောတော့ပါ.... စာမေးပွဲတွေ နီးကပ်နေပါပြီ... ကြိုးစားကြရအောင်....

Anonymous said...

တစ်နေ့ တာ က မပြည့်စုံဘူးး...လျှို့ ဝှက်ချက်တွေ ရှိနေတယ်... ဘာလဲဆိုတာ ငါသိတယ်...ပြောပြလိုက်ရမလားးး..ဟာဟားး
သိပ်ကြောက်သွားသလားး...
တွတ်တီးတွတ်တာလေးလဲပြောချင်သေးတယ်ဆိုပဲ
ဟာဟားး..မဟုတ်လို့ လားး...မင်းပြောတာ ငါလဲကြားရတယ်....
ချစ်လိုက်တာ အသဲကို တုန်ရော ခင်ဗျာတဲ့..
ဟာဟားးး

nu-san said...

မျှားပြာရဲ့တနေ့တာ လာဖတ်သွားတယ်.. အော်.. ဒါနဲ့ မီးမီးလေးရော နေကောင်းလား.. :D :D
ဒီလိုနဲ့ပဲ အချိန်တွေဟာ တရွေ့ရွေ့ကုန်သွားမှာပါ... အဆင်ပြေ ပျော်ရွှင်ပါစေဟယ်...

Red's Rose Dream said...

မောမောပန်းပန်း တနေ့တာ ဖတ်သွားတယ်။