သတိပေးခြင်း

ပြောလိုက်စမ်း
ဒီရင်ဘတ်ကို
ပျစ်ပျစ်နှစ်နှစ်၊

ဆဲလိုက်စမ်း
ဒီရင်ဘတ်ကို
ပက်ပက်စက်စက်၊

ကန်လိုက်စမ်း
ဒီရင်ဘတ်ကို
စိတ်ရှိလက်ရှိ၊

ထွေးလိုက်စမ်း
ဒီရင်ဘတ်ကို
'ထွီ' ကနဲ၊

မင်းတို့နင်းဖို့
ဒီရင်ဘတ်ကို
ခင်းပေးထားတာလေ၊

မလုပ်နဲ့
ဒီရင်ဘတ်ထဲက
သစ္စာတရားနဲ့
အနုပညာကို
ယောင်လို့တောင်
မစော်ကားနဲ့
ပြာဖြစ်သွားမယ်။ ။

17 comments:

tuzzaung said...

ပြာတော့မဖြစ်ပါရစေနဲ့ ကိုပြာမျှားရယ်...

Winkabar said...

မိုက်လိုက်တာ။ အပေါ်ယံတော့ရတယ်ပေါ့။
ကောင်းတယ်ကိုမျှားပြာရေ။

မြရွက်ဝေ said...

လာလည်တာ သတိပေးချက်နဲ့တိုးနေပါလား!! "ပြာဖြစ်သွားမယ်"တဲ့။ ကြောက်ချာကြီး !!

သဇင်ဏီ said...

ရေလည်လန်းတယ်.. ခိုက်သွားပြီ.. အဲဒီကဗျာကို

Red's Rose Dream said...

ကြောက်လိုက်တာ။
ပြာဖြစ်သွားမယ်ဆိုတာက
ပြာမြှားလားကွယ်ရို့။

Anonymous said...

ဟေ့... လုံးဝ မကြောက်ဘူးကွ ....။ စကားလုံးတွေနဲ့ မခြိမ်းခြောက်နဲ့ ....။ မင်းလက်ထဲက သေနတ်ထဲမှာ ကျည်ဆန်မပါသ၍ ပြာဖြစ်သွားမယ်ဆိုတဲ့ စကားကို လေးမ မကြောက်ဘူးကွ...။

( အဲဒီထဲမှာ ကျည်ဆန်ထည့်ပေးထားရလောက်အောင် မင်းတို့ကို မယုံဘူးဆိုတာလဲ ငါသိပြီးသားကွ)
ဟိဟိ..ချတာနော်...တိုင်နဲ့နော်...။

Anonymous said...

ပြောလဲပြောရဲဘူးး
ကန်လဲကန်ရဲဘူးး
ကြောက်တယ်..ပြာကျမှာဆိုးလို့ 
ကဗျာကဂွတ်တယ်...သဘောလဲပေါက်တယ်
ကျနော်ဘာမှမလုပ်ဘူးနော်..စီနီယားကြီး..ဟီဟီးး
ကျည်ဆံလဲမပါပဲ...အလေးခံပြီး ထမ်းနေတယ်...
စတာနော်....စိတ်ဆိုးရဘူးးး

Kaung Kin Ko said...

ကဗျာလေး ကောင်းတယ်ဗျ။

အောင်သူ said...

မစော်ကားရဲပါဘူး အာစရိရယ်။ မျှားနှင့် ပစ်လိုက်ရင် ဟီး..ဟီး...
နောက်တာပါ ကိုမျှားပြာ။ စိတ်မရှိပါနဲ့ဗျ။
အဆင်ပြေပါစေ...

Chit Lay Pyay said...

ဟယ်လို၊ ဟယ်လို၊ သတိပေးချက်ကို ဖတ်သွားတယ်။ ကြောက်ဖူးကွ၊ သိလား၊

pandora said...

wow! so strong!

Anonymous said...

ကြောက်တယ်ကြောက်တယ်။
စော်ကားရဲဝူး။
ဒုတ်နဲ့ပဲရိုက်ချင်တာ။
ဆေးလိပ်သောက်လို့။
ဆော်ချင်တာ နာနာလေး။
ကိုယ့်မောင်ဆိုတော့ ပိုရိုက်
ရမယ်။ အရိုးကျိုးယုံလောက်လေးပေါ့ :P

မိုးချစ်သူ

Anonymous said...

သတိပေးတာဆိုလည်း မှိတ်တုတ်မှိတ်တုန်နဲ့ သတိ ဆိုတဲ့ စာတန်းလေး ထည့်လေ ဟဲဟဲ...

အေးချမ်းသူ

zeRoTraSh said...

ငါကတော့ အဲဒီ့ရင်ဘတ် အတွက်
ကောင်မလေး တစ်ယောက်လောက် ခေါ်ပြီး ပွတ်ခိုင်းမယ်ကွ
ဘာမှတ် သလဲ ဇီးရိုးကွ အဟက်ဟက်ဟက်

မျှားပြာ said...

မဖြစ်ပါဘူးဗျာ မတူးတူးရယ်။
မ၀င်္ကပါရေ ကျေးဇူးပါဗျ။
မမြရွက်ဝေ ကြောက်ပါနဲ့း)။
မသဇင်ဏီ ကျေးဇူး။
မနှင်းဆီနီနီ ဟုတ်ပြာမဏ္ဍားပါး)။
လေးမ မရတော့ဘူး တိုင်မှာပဲ ဟတ် ဟတ်။
မောင်ျမိုးရ အဲလိုပဲ ထမ်းရတယ်။
ကိုကောင်းကင်ကို ကျေါ်ဇူးပါဗျာ။
အောင်သူ ကျေးဇူးပါဗျား)။
မမလေပြေ ဗျာ ဗျာ ဟုတ် ကြောက်နဲ့း)။
မပန် ကျေးဇူး။
မမိုးချစ်သူ လုပ်ပါနဲ့ဗျား)။
သိုးလေးရေ ထည့်ချင်တယ် လုပ်တတ်ဘူး ဟီးးးးးးးးး
ကိုဇီးရိုး သေချာလားးးးးးးးးးး အိမ်မက်တွေ မပေးနဲ့နော် ဟတ် ဟတ် ဟတ်။

စိုးထက် - Soe Htet ! said...

ကောင်းတယ် ညီလေးရေ ... အခုမှ ခရီး က ပြန်ရောက်လို့ ... အဆင်ပြေပါစေ

Anonymous said...

မစော်ကားနဲ့ဆိုလည်း မစော်ကားပါဘူးနော် ပြာတော့ အဖြစ်မခံနီုင်ပါဘူး.... ဟိ....