ယုံတမ်း ယုံတမ်း ယုံတမ်း ....

မီးလေးက ယုံတမ်းစကားတဲ့ ... သူများတွေကလည်း အသီးသီးပြောသွားကြတာ ကိုယ့်အလှည့်ကျတော့ ဘာပြောရမှန်းကို မသိတော့ဘူး။ ကြားဖူးတာလေးပဲ ရေးလိုက်တော့မယ်ဗျာ။

နင့်ကို ချစ်တယ်...။

နင့်ကို အရမ်းချစ်တယ် ...။

ငါတို့တွေရဲ့ ဘ၀ကို အကောင်းဆုံးတည်ဆောက်ကြမယ်နော်...။

ဘုရားမှာ အမြဲတမ်းဆုတောင်းနော် အမြန်ဆုံးနီးရပါစေလို့ ...။

ညညဆို နင့်ကိုလွမ်းလွန်းလို့ ငါ့မှာမျက်ရည်နဲ့ မနက်မိုးလင်းခဲ့တာဆိုပဲ ... ( စကားလုံးတွေနဲ့ သေလို့ရတယ် )

နင်သာ ငါ့ဘေးမှာရှိရင် ဘာမဆိုရင်ဆိုင်ရဲပါတယ် ...။

နင့်ကို ချစ်လွန်းလို့ ချစ်တယ်လို့တောင် ပြောမထွက်ဘူး သိလားတဲ့ ...။

နင်သာ ငါ့ကို မေ့သွားရင် ငါ့ဘ၀ဘယ်လိုဖြစ်သွားမယ်ဆိုတာ မတွေးရဲဘူးတဲ့ ...။

တို့နှစ်ယောက် ဘ၀ဆုံးတိုင် မခွဲကြေးနော် ...။

အဟတ် ဆက်မရေးချင်တော့ဘူး ရေးရင်တော့ မနက်မိုးလင်းတောင် ပြီးမယ်မထင်ဘူး ..။ ကြားခဲ့ဖူးတဲ့ သူမရဲ့ စကားလေးတွေပါ ...။ ယုံတမ်းတွေပေါ့လေ ...။

4 comments:

တင့်ထူးရွှေ said...

ဂယ်ဟုတ်ဘူးပေါ့ ;)

Winkabar said...

တကယ်ပြောခဲ့တာလား။ဒါဆိုရင်တော့သတိထားပေတော့ကိုမျှား
ပြာရေ။

မျှားပြာ said...

နယ် အရင်ကတော့ တကယ်ပဲ ခုတော့ ဟတ် ဟတ်။။
ဝင်္ကပါရေ အဲဒီတုန်းက ပြောပါလားဗျား)။

Anonymous said...

ဟား....ဟား....ဟား....
မျှားပြာ ခံလိုက်ရတာကို ရီတာဟုတ်ပါဘူး....။
နောက်ဆုံး စာကြောင်းလေးကို သဘောကျလို့....။