လွမ်းသောအရာ

လွမ်းသောအရာများဆိုလို့ ဘာကိုလွမ်းပါလိမ့်ဆိုလို့ ကျွန်တော့်ကို ကျွန်တော်ပြန်မေးကြည့်လိုက်တာ ဒီအလိုက်မသိတဲ့ကောင်က ပြန်ဖြေတယ်ဗျ။ ကျွန်တော့် ပါရမီဖြည့်ဘက်လေးကို လွမ်းပါတယ်တဲ့။ တယ်လေ နားရင်းပိတ်အုပ်လိုက်ရ အမှတ်ကိုမရှိဘူး :D နောက်တာပါ။ လွမ်းတာကတော့ အကုန်လုံးကိုလွမ်းတယ်ဗျာ။ သူများတွေက အစားအစာတွေပဲ လွမ်းတာဆိုတော့ကျွန်တော်လည်း အစားအစာလေးကိုပဲ လွမ်းလိုက်ဦးမယ်။ မ၀င်္ကပါနဲ့ မမွန်ရေ ကျွန်တော်လွမ်းပြီနော်။

ကျွန်တော်တို့ယောင်္ကျားလေးတွေ တော်တော်များများကတော့ အစားအစာအကြိုက်ကြီးရယ်လို့တော့ မရှိဘူးထင်တာပဲ.။ အတော်များများကတော့ ကြုံသလို ဖြစ်သလိုစားတာ များမယ်ထင်တယ်။ကျွန်တော်လည်း အဲလိုပဲဗျ။ ဘာကိုမှတော့ ခုံခုံမင်မင်စားတာမရှိဘူး။ ဗိုက်ဝအေးရောဆိုပြီး စားတာများတယ်။ ဒါပေမယ့် အခုအချိန်မှာ ဘာကိုစားချင်သလဲဆိုရင်တော့ အမေချက်ကျွေးတဲ့ ထမင်းနဲ့ ဟင်းဗျာ။ တကယ်ကြီးဗျာ တအားလွမ်းတယ် အရမ်းလည်းစားချင်တယ်.။ အပြင်ကပြန်လာလို့ အိမ်ကိုရောက်တာနဲ့ အမေကဆီးပြီး သားရေ ရေချိုး ပြီးရင် ထမင်းစားရအောင် ဆိုတဲ့စကားလေး အကုန်လုံးကြားဖူးမှာပါ.။ အမေ့ရဲ့ အဲလိုအသံလေးကြားလိုက်တာနဲ့ အပြင်ကဘာတွေပဲ စားလာ စားလာ ဗိုက်ကအလိုလိုဆာလာတာဗျ.။ ထမင်းဝိုင်းရောက်သွားလို့ကတော့ ဘာပဲချက်ချက် ခေါင်းမဖော်တမ်းစားတော့တာပဲ.။ ထမင်းစားရင်း အမေပြောတဲ့ စကားတွေကိုနားထောင်ရတာလည်း ဘာနဲ့မှမလဲနိုင်တဲ့ အရသာနော်.။ ကျွန်တော်က မိသားစုထမင်းစားတဲ့အချိန်ဆို မရှိတာများတော့ အမေက သူစားပြီးလဲ ကျွန်တော့်ဘေးမှာထိုင်ပြီး စကားတွေပြောတာလေ.။ တခါတလေ ကျွန်တော်အိမ်မှာရှိလို့ မိသားစုထမင်းလက်ဆုံ စားရင် အရမ်းကြည်နူးဖို့ကောင်းတာနော်.။ ဟင်းခွက်ကို အတူတူလက်လှမ်းမိတဲ့အခါ မိသားစုတွေ အချင်းချင်းပြုံးပြီး တစ်ယောက်ပန်းကန်ထဲ တစ်ယောက်ထည့်ပေးရတာလဲ မိသားစုထမင်းဝိုင်းတွေမှ တွေ့ ရတဲ့ ကြည်နူးစရာတွေပေါ့.။ အိမ်နဲ့ဝေးနေတဲ့ သူတွေအတွက်တော့ ဘာအကြောင်းတွေးတွေး လွမ်းစရာတွေပေါ့ဗျာ။ တခါတလေမှ အိမ်ပြန်ရတဲ့ ကျွန်တော်တို့တွေအတွက်ကတော့ အမေချက်တဲ့ မိသားစုထမင်းဝိုင်းကို အလွမ်းဆုံးပဲဗျာ။ ဒီရပ်ဝန်းလေးမှာနေထိုင်တဲ့သူတွေ တော်တော်များများလည်း အမေတွေချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို လွမ်းနေကြမယ်ထင်တယ်။ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်က ဘယ်လောက်ပဲကောင်းပါတယ်ဆိုတဲ့ အစားအသောက်တွေကို စားနေရပေမယ့် အမေရဲ့ မေတ္တာနဲ့ချက်တဲ့ ထမင်းနဲ့ဟင်းလောက်တော့ ကောင်းမယ်မထင်ဘူး။

ကျွန်တော့်လိုပဲ အိမ်နဲ့ဝေးနေတဲ့သူတွေ အမေအိမ်ရဲ့ နွေးထွေးမှုတွေ၊ အမေချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို လွမ်းတဲ့သူတွေ အားလုံး အရာရာအဆင်ပြေပြေနဲ့ ပြီးဆုံးသွားတဲ့တနေ့ကြရင် အမေချက်ကျွေးမယ့် မိသားစုထမင်းဝိုင်းလေးကို အမြန်ဆုံးရကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

6 comments:

chomee said...

အစ်ကိုမျှားပြာ လိုချင်တဲ့ မိသားစု နွေးမှုနဲ့မိသားစုလက်စုံ ထမင်းဝိုင်းလေး အမြန်ဆုံးရရှိပါစေလို့ဆုတောင်းပေးပါတယ်။

မျှားပြာ said...

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ မချိုမီးရေ ...

nu-san said...

မျှားပြာရေ.. မင်းပြောမှ ပိုပြီး အိမ်ကို လွမ်းသွားပြီကွာ.. ဟုတ်တယ်နော်.. လူတိုင်းဟာ မိသားစုနဲ့ ဝေးပြီး နေရ တော့မှ မိသားစု တန်ဖိုးကို ပိုသိလာရတယ်.. အထူးသဖြင့် နေမကောင်းဖြစ်ချိန်နဲ့ ထမင်းစားချိန်ပဲ.. :(

Anonymous said...

မိသားစုထမင်းဝိုင်းမှာ အမြန်ဆုံး ၀င်စားနိုင်ပါစေ...။ အခုတော့ အမေ့လက်ရာ ... အမေ့စကားသံနဲ့  ထမင်းဝိုင်းကို လွမ်းနေတာပေါ့...။ နောက်တော့....။

Anonymous said...

I agree with u.
I am also missing home,espically Mom:(

မျှားပြာ said...

ဟုတ်တယ် အစ်မနုစံရေ ...
နောက်တော့လဲ လွမ်းမှာပါပဲ လေးမရယ် ကြွားစရာမှ မရှိတာလေ ဟတ် ဟတ်
မမေရေ အတူတူပါပဲဗျာ ...။