မအေးသော ဆောင်းရက်များ

ဆောင်းတွင်းအေးအေး ဆောင်းဆိုမှတော့ အေးပြီပေါ့လေ ...။ မအေးတဲ့ဆောင်းတွေလဲ ရှိချင်ရှိမှာပေါ့..။ ရန်ကုန်ဆောင်းလည်း နည်းနည်းတော့ အေးပါတယ်.။ နေဖူးတဲ့ မြို့တွေကလည်း ဆောင်းဆို အေးတာများပါတယ်.။ ဆောင်းအကြောင်းကလဲ လေးမ Tag ပြီးတော့ဆိုတော့ ကျွန်တော့်ရဲ့ မအေးသောဆောင်းရက်များထဲက ပေါ့ပေါ့ပါးပါးလေးကိုပဲ ရေးလိုက်တယ်ဗျာ.။ အေးတာကိုကြိုက်တဲ့ ကျွန်တော်အဖို့ကတော့ အေးလေ ကွေးလေ ကွေးလေ နွေးလေဆိုတော့ နွေးနွေးလေးနဲ့ ကွေးရတာပေါ့ဗျာ.။ အဲ ... မကွေးရတဲ့ ဆောင်းတော့ မှတ်မှတ်ရရ ရှိတယ်ဗျ.။ ဒါလေးကိုပဲ တူမကြီးရဲ့ tag ကိုရေးလိုက်တယ်..။ အဆင်ပြေမှာပါ..။


မှတ်မှတ်ရရ အဲဒီဆောင်းပဲ ဘ၀တစ်ဆစ်ချိုးတယ်လို့ ဆိုမလား.. အတွေ့ အကြုံသစ်စတယ်လို့ပဲ ပြောမလား .။ နှစ်တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကိုအကူး အရမ်းအေးတဲ့အချိန်ပေါ့ဗျာ.... ရောက်သွားတာက တောင်ပေါ်မြို့ လေးတစ်မြို့ ။ တောင်ပေါ်မြို့ ဆိုပေမဲ့လည်း ချိုင့်ဝှမ်းထဲမှာရှိတာဆိုတော့ စိမ့်နေအောင်အေးတာ.။ ရောက်စတစ်ရက်ကတော့ ကောင်းကောင်းကွေးလိုက်ရသေးတယ်.။ နောက်ရက်ကစပြီးတော့ မောင်မျှားပြာတို့ လိမ့်နေအောင် ပြေးရတော့တာပဲ.။ ၁၁း၀၀ လောက်မှနေကိုမြင်ရတဲ့နေရာမှာ ၆း၃၀ လောက်ထပြီး အလုပ်စလုပ်ရတော့တာ စဉ်းစားတာကြည့်တော့.။ မနက်ဆို ကိုယ့်လက်ကိုရှေ့ထုတ်ကြည့်တာ မမြင်ရဘူး.။ မျက်နှာသစ်တာတောင် စမ်းတ၀ါးဝါးနဲ့ ရေကလဲစမ်းချောင်းထဲကဆိုတော့ အေးလိုက်တာဆိုတာ ပြောမနေနဲ့တော့.။ ဒါတောင် ကိုယ့်ဘာသာခပ်ရတာ မဟုတ်ဘူး ကိုယ်တိုင်ခပ်ရရင်တော့ အပျင်းထူတာနဲ့တင် နေ့လည်လောက်မှ မျက်နှာသစ်ရမဲ့ကိန်းပဲ.။ မနက်စာလေးခြောက်တီးချောက်ချက်ကို ခပ်မြန်မြန်စား ပြောမဲ့ဆိုမဲ့သူမလာခင် တောထဲကို သုတ်သုတ် သုတ်သုတ်နဲ့လစ်ရတော့တာပဲ.။ အလုပ်လုပ်တဲ့နေရာကိုရောက်ဖို့က ၄၅ မိနစ်လောက်လျှောက်ရတဲ့တောလမ်း ကျန်းမာရေးကောင်းတာပေါ့ဗျား) ။ ပြီးတော့ အလုပ်လုပ်တယ်ပဲဆိုကြပါတော့ဗျာ.။


တစ်ရက်ကတော့ ထူးထူးခြားခြားပဲ.။ လှတပတကျောက်တုံးဝိုင်းဝိုင်းလေးတွေကို ကောက်ရတာပါ.။ သိပ်တော့မကြီးပါဘူး ကလေးခေါင်းသာသာလောက်ပါ.။ ကောက်ရတဲ့နေရာက စမ်းချောင်းထဲမှာ ရေက ဒူးခေါင်းလောက်ရှိတယ်.။ လက်နဲ့ကောက်ရတာကို ၂ကျင်းရအောင်ကောက်ဆိုပဲ.။ လူက ကျွန်တော်အပါအ၀င် ၆ ယောက်.။ ကဲ ကောက်ဆိုလဲ ကောက်ကြတာပေါ့. ဘာခက်တာလိုက်လို့.။ အလုပ်စပြီး ၁ နာရီလောက်ထိတော့ ထိုင်ကြည့်နေသေးတယ်.။ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်မချမ်းသာတော့ဘူး.။ ထိုင်ကြည့်နေတဲ့သူတောင် အေးလာတာ ရေထဲက ကျောက်ခဲကောက်နေတဲ့သူဆို စဉ်းစားတာကြည့်တော့....။ ကဲ မနေတတ် မထိုင်တတ်တဲ့ကောင် ဘောင်းဘီခေါက်အင်္ကျီကိုချွတ်ပြီး ပျော်ပျော်ပါးပါးဝင်ကောက်တာပေါ့လေ.။ တော်တော်မသက်သာတာပဲဗျာ တချို့ ကျောက်တုံးတွေဆို သဲထဲနှစ်နေတာ ရအောင်ဆွဲထုတ်ရတာပဲ.. တတ်နိုင်ဘူး ဒါဘဲရှိတာကိုး.။ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေကတော့ တားပါတယ် အေးဆေးနေပါပေါ့ မနေနိုင်ပါဘူးဗျာ.. သူလဲလူ ကိုယ်လဲလူ ဘ၀ပေးကံခြင်းမတူလို့ အခြေအနေတွေမတူနိုင်ပေမယ့် လူလူချင်းကိုယ်ချင်းစာစိတ်ရှိဖို့ပဲ စိတ်ထဲထားတဲ့ကောင်ဆိုတော့လဲ အားလုံးက အတူတူပေါ့.။ တစ်မနက်လုံးထိုင်ကောက်တာတောင် ၁ ကျင်းစာပဲရတယ်.။ လူလဲ အေးလာပြီ. ခြေထောက်နှစ်ဖက် လက်နှစ်ဖက်လုံး ရေထဲထားပြီး အလုပ်လုပ်နေရတာ ကြာရင်လည်းသေဖွယ်ရာတာ ရှိတော့မှာမို့ ကဲ နားတော့ကွာ.။ ထမင်းပြန်စားဖို့ကလဲ ၁ နာရီကျော်ကျော်လမ်းပြန်လျှောက်ရမှာဆိုတော့ကာ အသွားအပြန်နဲ့ အလုပ်ပြန်လုပ်ရဦးမှာနဲ့... အင်း မထူးပါဘူး ဆိုင်ကယ်ကြုံလေးရှာပြီး ထမင်းပြန်ယူခိုင်း ထမင်းယူတဲ့သူပြန်လာတော့ ဆာဆာနဲ့စားမယ်လုပ်တော့ ထမင်းကအေးစက် ဟင်းက ခွေးတောင်မလျှက်( အဲလေ မှားလို့ ) ပဲနှပ်ပါ.။ ကျွန်တော့်အတွက်ကတော့ အထူးစပါယ်ရှယ် ကြက်ကောင်လုံးကြော်လို့ထင်ရင်တော့ အလွဲကြီး လွဲတော့မှာပေါ့.။ ကြက်ဥလေးရေလိမ့်ကြော်ပါ. ပြောနေကြာပါတယ် စားလိုက်တော့မယ်ရှိသေး ဟိုကောင်တွေက ခေါင်းတောင်မဖော်တော့ဘူး. သူတို့စားနေတာကြည့်ပြီး ရင်ထဲမှာ ဘာဖြစ်သွားမှန်းကို မသိဘူးဗျာ.။ မပြောတော့ပါဘူးဗျာ .. အဲဒါနဲ့ပဲ ကျွန်တော့်ရဲ့ ကြက်ကောင်လုံးကြော်ကြီးကို ၆ ပိုင်းပိုင်း တစ်ယောက်တစ်ပိုင်းနဲ့ (သူတို့ရဲ့ ပဲနှပ်လေးလဲ ခပ်တည်တည်နဲ့ ယူစားလိုက်သေးတာပေါ့ :P ) ထမင်းဝိုင်းလေး စိုစိုပြည်ပြည်ဖြစ်သွားတာပေါ့ဗျာ.။ အမှန်ပြောရရင် ကျွန်တော့်ဝေစုကို သူတို့ပန်းကန်ထဲလိုက်ထည့်ပေးတော့ သူတို့ပြန်ကြည့်တဲ့ မျက်လုံးတွေကို အခုထက်ထိ မမေ့သေးဘူး.။ ထမင်းစားပြီးတော့ ဆေးလိပ်လေးဖွာ နောက်အလုပ်လေးဆက်လုပ် ညနေပြီးတော့ ပြန်ကြတာပေါ့လို့ပဲ တိုတိုမှတ်လိုက်တော့နော်.။ ရေးရင်တော့ အဲဒီတစ်ရက်ထဲတင်ကို ၀တ္ထုတိုတစ်ပုဒ်လောက်ရမယ် ဟတ် ဟတ်။ ဆောင်းတွင်းအမှတ်တရလေးပေါ့.။



စာကြွင်း။ ။ အကြွေးဆပ်ဖို့တစ်ယောက်ကျန်သေးတယ်.. ဘုရင်မကြီးရေ ကျွန်တော်မမေ့ပါဘူးဗျာ.။ ပို့စ်အသစ်တက်ရင် မီးမီးနဲ့စပါ့မယ်..။ ခုတော့ အားလုံးပဲ တာ့တာဗျာ.။နောက်မှတွေ့ တာပေါ့..။

12 comments:

မြရွက်ဝေ said...

မြင်ယောင်ပြီး ချမ်းလိုက်တာ။ အဲလိုနေရာသာရောက်သွားရင် တဂတ်ဂတ်နဲ့ မေးရိုက်နေမှာ။
ခွေးမလျှက် အဲ ပဲနှပ်စားကောင်းလား?
ဒါနဲ့ ကျောက်တုန်းတွေက ဘာအတွက်လဲ??

စိုးထက် - Soe Htet ! said...

ကောင်းတယ်ဗျ ကိုမြားပြာရ ... :)

gentain said...

မျှာပြာတို့ကရေးလိုက်ရင် ရှယ်ဘဲ။
ဘယ်ဦးနှောက်နဲ့စဉ်းစားပြီးရေးထားတာလဲ။ :P
နှင်းဆီနီနီ။။

nu-san said...

မျှားပြာရေ.. ဖတ်ရင်းနဲ့တောင် ခိုက်ခိုက်တုန် နေတယ်လို့ ခံစားရတယ်။ အမက အအေးဒဏ်လုံးဝ မခံနိုင်ဘူး။ ဒီပို့စ်လေးဖတ်ပြီးတော့ မျှားပြာရဲ့ စိတ်ဓာတ်ကို လေးစားပါတယ်... (ငါးလျော်၊ ခြောက်ပြန် မလုပ်တော့ဘူးနော်.) တကယ်လေးစားတာ ပြောတာ.. :D :D

This is about... said...

ကိုယ်ချင်းစာစိတ်ကြီးတဲ့ ကိုမျှားပြာ ကိုအလေးပြုလိုက်ပါ၏။ လေးစားပါတယ်။ဂုဏ်ယူပါတယ်။

thamudayanwe said...

ဒါနဲ့ ဘာအလုပ်လုပ်တာလဲဟင်

MgThaJan said...

အော်... ကျောက်တုံး ကောက်တာပါဆိုမှ စပ်စုလိုက်ကြတာ :P

MgMyo said...

ကိုမျှားပြာ...ဒီပို့ စ်လေးက ဆောင်းအကြောင်းဆိုပေမဲ့ ဆောင်းကိုဖော်ကျူးတဲ့အရေးသားကမြှုပ်နေပြီး အစ်ကို့ ရဲ့ စိတ်ဓာတ်လေးက ပို့ စ်မှာထင်ဟပ်နေတယ်။........လူတိုင်းအစ်ကို့ လိုမျိုစိတ်ရှိ ရင် ကောင်မယ်။ဘာပဲဖြစ်၂လေးစာပါတယ်ဗျာ။
အလုပ်အကိုင် မသိကြသေးဘူးထင်တယ် ကြော်ငြာလိုက်လေဗျာ
*** ပရော်ဖက်ဆာ ဒေါက်တာမျှားပြာ*** လို့ 

စိုးထက် - Soe Htet ! said...

မောနင်းးး ... :)

Layma said...

ဒေါက်ပြာဆိုပါလား...
အကြွေးဆပ်ဖို့ မှတ်မိရင်ပြီးတာပဲ...။ စိတ်ဆိုးလို့ ထပ်မပြောတော့တာ....။ ဒါပဲ...။လာသွားတယ်....။ ပြန်ပြီ...။

မျှားပြာ said...

မမြရွက်ဝေ ကောင်းတယ်ဗျ. ကျောက်တုံးတွေက ရောင်းစားဖို့ ကိုစိုးထက်ရေ ကျေးဇူးဗျို့ .။
မနှင်းဆီနီနီ အဟဲ ပြောပြဘူးနော်
မသမုဒယ မောင်မျိုးက ကျွန့်တော်အစား ဖြေပေးထားတယ်း)
ကိုသင်္ကြန် ကျောက်တုံးကောက်တာပါဆို နော့း)
မနုစံ ခိုက်ခိုက်တုန်နေရင် နည်းနည်းမော့လိုက်ဗျး)
မောင်မျိုးရေ မင်းပြောတဲ့ အတိုင်းပဲကွ ဟေး ဟေး
မလွမ်းအိမ် လျှောက်ရေးထားတာပါဗျာ..။
လေးမရေ စိတ်ဆိုးနဲ့တော့နော်ဗျ ..လာပြီ..။
အားလုံးပဲ ကျွန်တော် ပေါက်တတ်ကရေရေးထားတာပါဗျာ ..
ဘာမှမဟုတ်ပါဘူးးးးးးး အပျော်ဖတ်လေးပါ ...။ ကျေးဇူးတင်ပါတယ်ဗျာ .. ကျွန်တော်ကလည်း အဲလိုနေရာတွေမှာ ပျော်တယ်ဗျ ...။

Unknown said...

ko myar pyar mind ko ayn ko lay sar par tal