အဆိပ်သင့်ကျောက်တုံးများ



မိုးပြိုမှ ဒူးနဲ့တိုက်ရဲတာလားကွာ
နီတိတွေ လာမရွတ်နဲ့
ဝေလေလေ ယောင်ဝါးဝါးတွေကို
ဖုတ်ဖတ်ခါထားတာ
ဆယ်စုနှစ်တစ်ခုကျော်ပြီ

ကလေးအတွေးတွေကို
အရသာခံပြီး ပြောပါ
ချစ်တတ်တဲ့သူတွေကို
အဆိပ်မခတ်မိစေနဲ့

ဓါးဆိုတာ ခုတ်တတ်ရတယ်
သွေးနေရုံကတော့ ပြတိုက်မှာပဲထား
ဘ၀နဲ့ရင်းရမဲ့ ဒီလမ်းမှာ
ဂါထာတွေ မန်းမှုတ်နေရင်တော့
ရေငတ်ပြီး အမောဆို့ရုံရှိမယ်

လုပ်နိုင်ရင် ရှေ့ကသွား
နောက်ကျောဓါးနဲ့ ထိုးမယ့်သူတွေကို
ရင်ဘတ်နဲ့ ၀င်ခံမယ့်သူတွေ
ရိုက်သတ်လို့ မကုန်ဘူး။

နေမ၀င်အင်ပါယာကြီးတောင်
ဒုံရင်း ဒုံရင်းဖြစ်သေးတာ
ကြုံးဝါးသံတွေကို လွှတ်ချပြီး
ရှေ့တစ်လှမ်း တိုးကြစမ်းပါ
နောက်မတွန့်ကြေးပေါ့

ကြောက်တတ်ရင်တော့ ဟိုတစ်ယောက်လို
ပြာတွေကိုပဲ မျှားနေလိုက်ဦး
ကိုးကွယ်မှု မှားနေသူတွေကို
မျက်စဉ်းခတ်ဖို့အတွက်တော့
ယုံကြည်ချက်တွေကို ရွက်လွှင့်ရဦးမယ်။ ။

11 comments:

Anonymous said...

ဝေလေလေ ယောင်ဝါးဝါးတွေကို
ဖုတ်ဖတ်ခါထားတာ
ဆယ်စုနှစ်တစ်ခုကျော်ပြီ......ဆိုတော့ ငယ်ငယ်တုန်းက စိန်ပြေးတိုင်းဆော့ရင်း ချော်လဲကတည်းက ဖုတ်ခါထားတာဖြစ်ရမယ်...။

ဓါးဆိုတာ ကြက်သွန် လှီးရတာ ဟုတ်ဘူးလား...။

ဂါထာတွေ မန်းမှုတ်နေရင်တော့.... ဒီအပိုဒ်ကတော့ တကယ်ထိသဟေ့... ရှယ်ပဲ..ဟုတ်ပ...အမောဆို့ရုံပဲ....။

(နေမ၀င်အင်ပါယာကြီးတောင်
ဒုံရင်း ဒုံရင်းဖြစ်သေးတာ
ကြုံးဝါးသံတွေကို လွှတ်ချပြီး
ရှေ့တစ်လှမ်း တိုးကြစမ်းပါ
နောက်မတွန့်ကြေးပေါ့ ) သိသိကြီးနဲ့ မတိုးရဲဘူး..တဲ့...။

ပြာတွေကိုပဲ မျှားနေတဲ့သူကို လေးမ သိတယ်... သူက အဲဒီပြာတွေနဲ့  ဆေးဖော်ပြီး
ကိုးကွယ်မှု မှားနေသူတွေကို
မျက်စဉ်းခတ်ပေးမလို့ တဲ့....။

Red's Rose Dream said...

ဘယ်စိတ်ကူနဲ့ရေးလို့
ရေးသမျှကောင်းနေတာလဲ
လုံးဝမနာလိုတဲ့စာရင်းထဲမှာ နင်ပါတော့မယ်။

MgMyo said...

ကောင်းလိုက်တာ ကွာ…ပက်ပက် စက်စက်ကို ဂွတ်တယ်…ဘယ်လိုဦးနှောက်နဲ့ များစဉ်းစာလို့ ဒီလောက်ကောင်းရတာလဲကွ ..ပြာတွေကို မျှာနေတဲ့ ဟိုတစ်ယောက်ကို ငါလဲသိတယ်

စိုးထက် - Soe Htet ! said...

ကောင်းတယ်ဗျာ ... ပိုပို ထိထိမိမိ ရှိလာတယ် ... ကျေးဇူး ... :)

တင့်ထူးရွှေ said...

ကောင်းလိုက်တာ ဆိုတာထက် ဆက်ပြောမတတ်တော့ဘူး

Helena said...

လုပ်နိုင်ရင် ရှေ့ကသွား
နောက်ကျောဓါးနဲ့ ထိုးမယ့်သူတွေကို
ရင်ဘတ်နဲ့ ၀င်ခံမယ့်သူတွေ
ရိုက်သတ်လို့ မကုန်ဘူး။

ကိုမျှားပြာရေ.. ဒီစကားလုံးတွေက မိုက်လှချည်လား... ကြောက်တတ်ရင် ကြားတာနဲ့တင် လဲသေနိုင်စေလောက်ရဲ့... အရမ်းကောင်းတယ်ဗျို့

Kaung Kin Ko said...

မိုးပြိုမှ ဒူးနဲ့တိုက်ရဲတာလားကွာ
နီတိတွေ လာမရွတ်နဲ့

ဓါးဆိုတာ ခုတ်တတ်ရတယ်
သွေးနေရုံကတော့ ပြတိုက်မှာပဲထား

စကားလုံးတွေမြောက်လှချည်လားဗျ။ ကြိုက်တယ်ဗျို့ ။

Winkabar said...

အရမ်းကောင်းတယ်အစ်ကိုရယ် စကားလုံးတွေက
အရမ်းထိရောက်တာပဲ။

tuzzaung said...

ဘာပြောရမှန်းတောင်မသိတော့ဘူး။
ကောင်းလှချည်လား..မျှားပြာရဲ့။

Anonymous said...

မိုက် တယ် ဗျာ :)

မျှားပြာ said...

လေးမ ဟုတ်လို့လားဗျ အနော်တောင် သိဘူးဟတ် ဟတ် ။
အဲ အစ်မရေ မလုပ်ပါနဲ့ အျခင်းချင်းတွေနော်..။
မောင်မျိုး ဘာသိတာလဲကွ ...။
ကိုစိုးထက် ကျေးဇူးဗျာ။
ချစ်နယ် မင်းလည်း တစ်ပုဒ် ။
မသီရိရေ ကျေးဇူးပါဗျာ။
ကိုကောင်းကင်ကို သေချာတာတော့ အစ်ကို့ကို မမီသေးဘူးဗျ ။
ကျေးဇူးပဲ ၀င်င်္ကပါရေ ..။
မတူးတူး ကောင်းဆို ဒေါင်းမြကြည်လေ ဟတ် ဟတ် ။
ကိုအမည်မသိ ဘာကိုမိုက် ဟတ် ဟတ်။