ကမ္ဘာကြီးရဲ့ မေမေ

မာသာထရီဇာ


အမေ့ကြောင့် ကမ္ဘာကြီးငြိမ်းချမ်းခဲ့

အမေ့ကြောင့် ကမ္ဘာကြီးလှပခဲ့
အမေ့မျက်နှာ မြင်လိုက်ရင်ကို
ငြိမ်းအေးလွန်းပါတယ်လေ
အမေဟာ မေတ္တာ
အမေဟာ အေးချမ်းမှု
အမေဆိုတာ မြင့်မြတ်လွန်းပါတယ်
အမေ့အတွက် ဖွဲ့ ဆိုစရာ
စကားလုံး ဆင်းရဲလွန်းပါတယ်
အမေကြောင့် အမေတွေ
လူသားတွေရင်ထဲ ရောက်ခဲ့တာလေ
ကိုယ်ကျိုးစွန့်ပေမယ့်
ဘေးထွက်ဆိုးကျိုးတွေကြောင့်
တချို့ သူတွေကို အမေမခေါ်နိုင်ဘူး အမေ
အမေဟာ ငြိမ်းချမ်းခြင်းရဲ့အမေ
အမေဟာ အားလုံးရဲ့အမေ
အမေဟာ ကမ္ဘာကြီးရဲ့မေမေ။ ။

5 comments:

စိုးထက် - Soe Htet ! said...

ကဗျာ ဖတ်ပြီး ခံစားသွားပါတယ် ... ကြိုက်သလောက် ဖြတ်ယူပြီး ပြင်သုံးခွင့် ပြုပါ ခင်ဗျားးး :)

tuzzaung said...

``ကိုယ်ကျိုးစွန့်ပေမယ့်
ဘေးထွက်ဆိုးကျိုးတွေကြောင့်
တချို့ သူတွေကို အမေမခေါ်နိုင်ဘူး အမေ´´
အဲ့ဒီအပိုဒ်လေးကြိုက်တယ်။

Anonymous said...

မာသာထရီဇာ အကြောင်း ဖတ်ဖူးတယ်။ သူလုပ်ခဲ့တာတွေက တစ်ကယ်မလွယ်တာတွေဗျ။
ချီးကျုးလေးစားလောက်ပါတယ်ဗျာ။ ဒိုင်ယာနာ ဆုံးပြီး သိပ်မကြာ သူလည်းဆုံးတာပဲ နော်။

နေသွေးညို

ရိုးမြင့်အောင် said...

ဆြာမျှား လူတိုင်းသဘောကျသလိုပဲ ကျွန်တော်လဲ ``ကိုယ်ကျိုးစွန့်ပေမယ့်
ဘေးထွက်ဆိုးကျိုးတွေကြောင့်
တချို့ သူတွေကို အမေမခေါ်နိုင်ဘူး အမေ´´
ဒီအပိုဒ်လေးကြိုက်တယ်ဗျာ.. လိုအပ်သလိုတစ်ပုဒ်လုံး ကူးချခွင့်ပြုပါ :)

မျှားပြာ said...

ကိုစိုးထက်ရေ လုပ်ပါဗျာ.။
မတူးတူးရေ ကျေးဇူးဗျာ။
ဟုတ်တယ် ကိုနေသွေးညိုရေ လေးစားစရာပါ။
အာစရိလုပ်ကွာ.။