အရသာ

ကျိုးကြေနေတဲ့ ညနေခင်းတွေမှာ
ယိုင်နဲ့နေတဲ့ လမ်းကလေးဆီ
ငေးမောကြည့်ရင်း
မညီညာသံစဉ်တွေကို လိုက်ဖမ်းရတာလည်း
အရသာတစ်ခုပေါ့ ....

လူမိုက်တွေ သောက်သုံးနေကြ
ငါကြိုက်တဲ့ ပျင်းရှရှတွေနဲ့
အားလုံးကိုလွှတ်ချ
အတွေးတွေကို မူးယစ်ရတာလည်း
အရသာတစ်ခုပေါ့ ...

ကဝေပျိုရဲ့ မာယာတွေနဲ့
နူးညံ့တဲ့ မျက်စောင်းတွေကို
သိမ်းဆည်းပြီး
မျက်ရည်တွေကို မြည်းစမ်းရတာလည်း
အရသာတစ်ခုပေါ့ ...

ဒါပေမယ့် ...
ဒါပေမယ့် ...
................
................
ခါးတယ် ... ။

5 comments:

တင့်ထူးရွှေ said...

ခါးတာတော့ခါးတာပေါ့ ဒါပေမယ့် ... ခါးတာပါပဲနော်ချစ်နယ်

MgThaJan said...

အဲဒီ ခါးတဲ့ အရသာလေးကိုဘဲ ......

Anonymous said...

မျက်ရည်က ခါးပါဘူး...။ ငန်တာ...။ ဟိုအရည်သာ ခါးတာ......။

MgMyo said...

ဒေါက်ပြာရေ့ .... ခါးတော့ခါးတာပေါ့ ဒါပေမဲ့  ကျနော်မမူးဘူး..ငါက ကဗျာတွေ ကိုသိပ်ပြီးမခံစားတတ်လို့  -ညဏ်ရည်သိပ်မမှီတာလဲပါတယ် ...

မျှားပြာ said...

ခါးတယ်နယ်ရေး)
ကိုသင်္ကြန် သိနေတယ်လေး)
လေးမ အာ ဟုတ်ပါဘူး ချိုတာ
မောင်မျိုး မူးချင်ရင် ငါ့ဆီလာ