မဲ့ပြုံး

မဲ့ပြုံး

လုပ်လိုက်ပေါ့ ကံကြမ္မာရေ
ငါက နတ်ဘုရားတွေကို
ဘယ်တော့မှ မော်ဖူးခဲ့တဲ့ကောင်မှ
မဟုတ်တာလေ ...

ပြုံးပါ ပျော်ပါ လိုအပ်ရင်
ငါတို့ရဲ့ အသွေးအသားတွေကို
ယစ်ပူဇော်ပါ
ခါးစောင်းတင်တဲ့အလုပ်လောက်က
ငါလည်း လုပ်တတ်ပါတယ်လေ

ကဲ ကဲ .....
ပြောနေတာကြာပါတယ်လေ
လောကကြီးရေ ...
ရော့ မင်းတစ်ခွက် ငါတစ်ခွက် ...။

ကျွန်တော် လတ်တလောဘယ်လိုမှ အားချင်ယောင်ဆောင်လို့ကို မရဘူးဗျာ.။ ဘာလို့လဲဆိုတော့ကာ အခုအချိန် အရမ်းသွေးအေးနေတယ်.။ ကျွန်တော် သွေးအေးနေရင် ကျွန်တော့်ကို ကျွန်တော်ကြောက်တယ်.။ မသိစိတ်ထဲက ဖြစ်ချင်နေတာတွေကို စိမ်ပြေနပြေထိုင်လုပ်မိတတ်လို့ပါ.။ လုပ်မိလိုက်ရင်တော့ ဘယ်လိုမှကောင်းတာတွေ ဖြစ်လာမှာ မဟုတ်တာ ကိုယ့်ကိုကိုယ်သိနေတော့ ဘာမှမလုပ်ပဲ လုပ်ချင်တာတွေ လုပ်နေမိတယ်.။ အဲ ရှုပ်ကုန်ပြီလား မသိစိတ်ရဲ့ လုပ်ချင်တာတွေ မလုပ်မိအောင် သိစိတ်ရဲ့လုပ်ချင်နေတာတွေကို လုပ်နေမိတာကို ပြောတာပါ။ ဟတ် ဟတ် ပိုဆိုးသွားပြီထင်တယ် ထားလိုက်တော့ဗျာ. နော့။ Tag ကြွေးတွေလည်း အများကြီးကျန်သေးတယ်။ ကျွန်တော့်ကို သတိတရရှိကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်ရေးပါမယ် စိတ်ထဲမှာဘာခံစားမှုကိုမှ သွင်းလို့မရလို့ ဘာကိုမှမလုပ်ဖြစ်သေးတာပါ။ အရေးထဲမှာ အရာပေါ်ဆိုသလို ဌာနက အင်စပတ်တာကလည်း ခပ်စပ်စပ်လေးရိုက်ချလိုက်တာအကုန်လုံး ကျောကိုကော့ခံနေတယ်လေ ဟတ် ဟတ် ဟတ်။ သူငယ်ချင်းတွေ ညီအကိုတွေ မောင်နှမတွေအားလုံးကို သတိရတယ်ဗျို့ .။ အားလုံးပဲ အဆင်ပြေကြပါစေ။ သြော် မေ့လို့ ပို့စ်ခေါင်းစဉ်က မဲ့ပြုံးဆိုတာ ကျွန်တော်ဘာသာ ပြုံးနေတာနော် တော်ကြာ အကုန်လုံးကို ပြုံးပြတယ်ထင်မှာဆိုးလို့ အားလုံးကို ပြုံးပြချင်တာကတော့ မခို့တရို့လေးပါ ဟတ် ဟတ် ဟတ်။

10 comments:

စိုးထက် - Soe Htet ! said...

မခို့တရို့ မဲ့ပြုံးကို လာကြည့်တာ :D

Winkabar said...

ရှင်းပါတယ်ကိုမျှားပြာရယ်။ မသိစိတ်ကို သိစိတ်က ထိန်းနိုင်ပါစေနော်။

Chaos said...

အားပါး
မခို့တရို့အပြုံးကို
အမိအရ နဲ့
ဓါတ်ပုံခိုးရိုက်သွားတယ်
ဘလော့မှာသွားတင်မလို့
ခွီးခွီး

Chit Lay Pyay said...

မောင်လေး မျှားပြာ၊ အားလုံးကို အဆင်ပြေ စေချင်တဲ့ မောင်လေး၊ အဆင်ပြေပါစေကွယ်၊

hnin said...

နေရာတကာ cheer လုပ်နေတာ မကောင်းဘူးနော်။ ဘယ်တော့က်ြည့လိုက်ကြည့်လိုက် တစ်ခွက် ဆိုတာချည်းပဲ။ ဆုံးမနေတယ်နော်...

Anonymous said...

မဲ့ပြုံးဆိုလို့ မပွင့်တပွင့်ပြုံးမိတယ်...
ကဗျာကိုဖတ်မိတော့ မချိပြုံး ပြုံးမိ...
မခို့တရို့ ပြုံးပြမယ်ဆိုတော့ ဟတ်ဟတ်ပတ်ပတ် ပြုံးမိတဲ့အကြောင်း နှစ်၂ခြိုက်၂ ပြုံးပြီး ကွန့်မန့်ရေးခဲ့ပါတယ်....။

မြရွက်ဝေ said...

လောကကြီးက မသောက်တတ်ဖူးဆိုတော့ မျှားပြာ တစ်ယောက်ထဲ နှစ်ခွက်သောက်ပလိုက်တာ မဟုတ်လား။ :)

nu-san said...

မျှားပြာရေ.. အစစ အဆင်ပြေပါစေဟာ..

Red's Rose Dream said...

ရေးပြီးဘီမှတ်နေတာ
ရေးရသေးဘူး
ရေးမယ်လို့စဉ်းစာတာ
အားလုံးရေးပြီးသွားဘီ။
ရေးတော့ဘူး။
အာလုံးနဲ့အတူတူဘဲ
ရော့ တခွက် တခွက်

မျှားပြာ said...

လှလား ကိုစိုးထက်း)။
ဟုတ်ပ ၀င်္ကပါရေ နော့ ..။
မချော မလုပ်ပါနဲ့ဗျာ ရှာက်စရား)။
မချစ်လေပြေရေ အဆင်ပြေပါစေဗျာ။
ဟုတ်ကဲ့ သိုးမလေး အနော် ဆင်ခြင်ပါမယ်။
လေးမစာကို ဖတ်ပြီးကျွန်တော် သွားဖြဲာကီးနဲ့ ပြုံးနေတယ်ဗျို့း)။
အစ်မမြရွက်ဝေ အဟီး ဘယ်လိုသိ ..။
မနုစံ ကျေးဇူးပါဗျို့  .။
မနှင်းဆီနီနီ ... တစ်ခွက် တစ်ခါက်ဆိုတော့ ၂ ခွက်ပေါ့လေနော် ဟတ် ဟတ် ...။