တစ်ရေးနိုးပါပြီ ... ...

ဝါးးးးးးးးးးးးးးး ခုမှပဲ တရေးနိုးတော့တယ်လို့ မထင်ပါနဲ့ဗျာ ... ။ မအိပ်ရတာ ၃ ရက်ရှိပါပြီ ...။ ကိုယ့်ဘာသာ တန်းပလိတ်ကို ကလိနေတာပါ ...။ ကလိလိုက် မကြိုက်လိုက်၊ ပြန်ကလိလိုက်နဲ့  ခေါင်းတွေလဲ မူးပြီး ကီးဘုတ်ဖက်ဖက်ပြီး အိပ်ပျော်သွားတာ မနက်လင်းတော့မှ ကသုတ်ကရုတ်လေး ကျောင်းပြေးတက် ပြန်လာရင် ထပ်ကလိလိုက်နဲ့ ဟိုဟာ ဒီဟာလေးတွေလဲ လုပ်ရသေးတယ်ဆိုတော့ ဘလော့ကို ပစ်ထားသလိုဖြစ်သွားတယ် ဟတ် ဟတ်။ ခုတော့ ပြီးသလောက်ရှိသွားပါပြီ။ ထပ်ပြီးတော့လည်း မကလိချင်တော့ဘူးဗျ။ ခေါင်းရှုပ်လို့။ အရောင်တွေလည်း သိပ်နားမလည်တော့ အဆင်မပြေတာရှိရင် ပြောသွားကြပါဦးဗျာ ... ... ... ။ ဆိုက်ဘားမှာ ဟိုဟာထည့် ဒီဟာထည့် မကြိုက်ရင် ပြန်ဖြုတ်နဲ့ နောက်ဆုံးတော့လည်း ဒီအတိုင်းထားတာ ကောင်းပါတယ်ဆိုပြီး ဒုံရင်း ဒုံရင်းဖြစ်သွားရော ... ကော်လံသုံးခု ထည့်ကြည့်တော့လဲ ကိုယ့်ဘာသာ မကြိုက်နဲ့ တော်တော်လေး ပေါက်ကရကလိလိုက်ပါတယ်...။ ခုတော့ ထပ်မကလိတော့ပါဘူးဗျာ ... ... ...။ အဆင်မပြေတာ ရှိရင်လည်း အကြံပေးသွားကြပါဦးနော့ ...။ ကျွန်တော့်ဆီ လာလည်တဲ့ သူငယ်ချင်း အစ်ကို အစ်မတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ပိုစ့်အသစ်တွေ တင်ပါတော့မယ် ... ... ...။ အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေဗျာ ... ... ... ။

11 comments:

မြရွက်ဝေ said...

အင်္ကျီသစ်သစ်နဲ့ပါလား! အဆင်ပြေတယ်။ လှတယ်။ blog title ဘဲ နဲနဲလေးလိုသလားလို့။ "မျှားပြာ" နဲ့ "သန်းခေါင်ယံ အတွေး"က နဲနဲ ထပ်နေလို့။ အကြံပေးကြည့်တာနော်။ :)

Winkabar said...

ကောင်းပါတယ် ကီးဘုတ်ဖက်အိပ်နေတယ်ဆိုတော့။ ကုတင်က မီးမီးတက်အိပ်နေတာလား။
အဆင်ပြေပါတယ်ကိုမျှားပြာရေ။ ဒါပေမဲ့ IE ဆိုရင်တော့သေချာမမြင်ရဘူး။ အောက်ခံအပြာမတွေ့ဘူး။
စာဖြူဖြူတွေပဲမြင်ရတယ်။

nu-san said...

အော်.. နိုးပြီလား.. မျှားပြာရဲ့.. Template အသစ်လည်း လှပါ့.. အမလည်း သိပ်မသိတော့ ဘာမှ အကြံမပေးတတ်ဘူး.. :P :D

tuzzaung said...

ဟုတ်တယ်မျှားပြာရေ...
titleလေးနည်းနည်းပြင်လိုက်အုံး။ စာဖတ်လို့အဆင်ပြေပါတယ်။
IEနဲ့ဖွင့်ကြည့်တာ ဘာဖြစ်လို့လည်းတော့မသိဘူး တက်ကိုမလာလို့။
အရင်တုန်းကရေးထားတာ ``ရင်ဘတ်ထဲမှာအဆင်ပြေ
ခဲ့တာလေးတွေ´´မဟုတ်လား။ မျှားပြာရဲ့လက်သုံးစကားလေး ပါတယ်လေ။
ခေါင်းရှုပ်ခံပြီး လျှောက်မကလိပါနဲ့။ အနှစ်ကအဓိကပါ။ အကာကအရေးမကြီးပါဘူး။ အကြံပေးဆိုလို့ပြောတာနော်။
အဆင်ပြေပါစေ...။

နှင်းပွင့်ဖြူ said...

အားလုံးကို ဗလာထားလိုက် ရင် ပိုကော်းမလာပဲ
ကိုမျှားပြာ...ဟတ်ဟတ်... ( မခို့တရို့ ရီသံ )
:P :P :P
ရောင်စုံမျှားပတ်လမ်းတွေ မိုက်တယ်

Anonymous said...

အကြံပေးဆိုလို့ ဝေဖန်မယ်နော်...။ မူးနောက်သွားတာပဲ...။ ဟဲ..ဟဲ...ချိတ်ချိုးနဲ့ ..။ ချိတ်ချိုးရင်ချောင်းရိုက်.....။

အောင်သူ said...

ကိုမျှားပြာရေ မင်္ဂလာပါ။
template ကတော့လန်းတယ်ဗျ။ template အကြောင်းတော့ မသိပါ။ ကြည့်ကောင်း၍ပြောခြင်းဖြစ်ပါသည်။:p :D
အဆင်ပြေပါစေ...

မျှားပြာ said...

မမြရွှက်ဝေ ဟုတ်ကဲ့ ပြင်လိုက်မယ်အစ်မ ။
ဟုတ်တယ်ဗျ မ၀င်္ကပါ အိုင်အီးနဲ့ဆို မမြင်ရဘူး။
မနုစံရေ ကျေးဇူးပါဗျာ။
မတူးတူးရေ ကျေးဇူးပါဗျာ ကျွန်တော်မေ့သွားလို့ တကယ်ကိုကျေးဇူးပါ။။။
အဲဒါဆိုရင်တော့ အကောင်းဆုံးပဲ မနှင်းပွင့်လေးရေး)။
လေးမ ချောင်းတော့ မရိုက်ဘူး တည့်တည့်ပဲရိုက်မှာ ဓါတ်ပုံး)
ကိုအောင်သူရေ ကျေးဇူးပါဗျာ ..။

Anonymous said...

nice and attractive

Anonymous said...

nice template
so beautiful
and nice poem too

nge.

Chit Lay Pyay said...

Title လေး သေးနေတာက လွဲရင် အားလုံး ကောင်းပါတယ်၊