စဉ်းစားကြည့်တော့ ရယ်စရာ

ပြန်စဉ်းစားရင် ရယ်စရာဆိုတော့ကာ ... စဉ်းစားစမ်း ... စဉ်းစားစမ်း.။ စဉ်းစားကြည့်တော့လဲ အခုအသက်အရွယ်နဲ့က အကုန်ရယ်စရာတွေချည့်ပဲ ဖြစ်နေတယ်.။ ရယ်စရာလို့သာ ပြောတာပါ ကိုယ့်ဘာသာကိုယ်သာ ရယ်ရမယ် တခြားသူတွေအတွက်တော့ နှာခေါင်းပဲလိမ့်ရှုံနေမှာ မြင်ယောင်နေတယ်.။ သို့ပေသော်လည်း ပျော်စရာကမ္ဘာထဲက မီးမီးလေးက Tag တော့ ရှုံ့ချင်လည်း ရှုံ့စေတော့ ရေးရတော့မှာပဲ.။ မီးမီးလေးရေ ရေးပြီနော် စိတ်မကောက်ကြေး.။း)

အဲဒီအသက်အရွယ်တုန်းက ကျွန်တော်တို့ကောင်တွေ လမ်းတကာပတ်ပြီး ခွေလိမ့်လို့ ကောင်းတုန်းပေါ့.။ အခုခေတ်ကလေးတွေဆိုရင်တော့ ရည်းစားတွေဘာတွေရနေလောက်ပြီ.။ ကျွန်တော်တို့ကတော့ ပုဆိုးကွင်းသိုင်းပြီး ရွာရိုးကိုးပေါက်ဆော့လို့ကောင်းတုန်း.။ဖြစ်ပုံက ကျွန်တော့်အဖေ တခြားမြို့မှာ စစ်တုရင်သွားပြိုင်ရမယ့်အချိန်၊ ကျွန်တော့်အမေနဲ့ ကျွန်တော်က ဘူတာကြီးကို လိုက်ပို့တာပေါ့ဗျာ.။ အဖေက တနှစ်တခါဆိုသလို သွားရတာပါ.။ အရင်နှစ်တွေကတော့ လိုက်မပို့ပါဘူး အဲဒီနှစ်မှ အမေက လိုက်ခဲ့ဆိုလို့ ပေကြောင်ကြောင်နဲ့ လိုက်သွားတာ.။ဘူတာရောက်တော့ အဖေနဲ့ အမေ အလွမ်းသယ်တာကိုမကြည့်ချင်တာနဲ့ပဲ ကလေးပီပီ ကောင်မလေးတွေကိုလျှောက်ကြည့် အဲ ဟုတ်ပါဘူး ဟိုဟာတွေ ဒီဟာတွေလိုက်ကြည့်နေတာပါ။ ဘာတွေ့ လဲဆိုတော့ ကုလားမတွေကို သွားတွေ့ တာပါ.။ အဲဒီတုန်းက ကုလားမတွေက အခုခေတ်လိုတော့ ဟော့ရှော့တွေ မ၀တ်ဘူးဗျ.။ သိတယ်မဟုတ်လား ဆာလီလားဘာလား အဲဒါကြီးတွေဝတ်ပြီးတော့ နဖူးမှာလဲ ဘာတွေကပ်ထားမှန်းမသိဘူး နှာခေါင်းမှာလဲနားကွင်းတွေနဲ့ လက်ကောက်တွေက တချွမ်ချွမ် ၀တ်စုံပြည့်ဝတ်ထားတာ ကြည့်လို့တော့ကောင်းသား.။ ကလေးဆိုတော့ လိုက်ကြည့်တာပေါ့ဗျာ.။ ကြည့်လို့ကောင်းတုန်းရှိသေး ရထားကတွဲထိုးလာတော့ အဖေက ရထားပေါ်တက် အမေနဲ့ ကျွန်တော်က ပြူတင်းပေါက်ဘေးကနေ စကားတွေပြောတာပေါ့.။


တကယ်လဲခွဲရမယ်ဆိုတော့ ရင်ထဲမှာဘယ်လိုကြီးလဲမသိဘူး ဒါတောင် ကျွန်တော်နဲ့ အဖေနဲ့က အဲလောက်ရင်းရင်းနှီးနှီးနေတာ မဟုတ်ဘူး။ ငိုချင်သလို ရယ်ချင်သလိုနဲ့ မျက်ရည်တွေဘာတွေတောင်ဝဲလာသေးတယ်.။ အမေကတော့ ငိုမဲ့မဲ့နဲ့ အဖေကလည်း မိန်းမနဲ့ခွဲရမှာမို့လိုလားမသိဘူး မျက်နှာက မကောင်းဘူး.။ကျွန်တော်လည်း ကလေးဆိုတော့ သူတို့နှစ်ယောက်ကိုကြည့်ပြီး အလိုလိုငိုချင်လာတာ.။ ရထားလည်းထွက်ရော အဖေက လက်ပြ၊ အမေက လက်ပြနဲ့ ကျွန်တော်လည်း မထိန်းနိုင်တော့ဘူး အမေ့ကိုဖက်ပြီး ငိုတာ နှပ်တွေဘာတွေတောင် ထွက်လို့ .။ တော်တော်ကြာတော့မှ အနောက်ကနေ သားရေ ပြန်မယ်ဆိုလို့ ပခုံးလာပုတ်တော့ လှည့်ကြည့်လိုက်တာ ကျွန်တော့်အမေဖြစ်နေတယ်.။ ဟိုက် အဲဒါဆို ငါဖက်ငိုနေတာ ဘယ်သူပါလိမ့်ဆိုပြီး မော့ကြည့်လိုက်မှ အမယ်လေး စောနက ကုလားမကြီးဖြစ်နေတော့တာကိုး.။ ရှက်လိုက်တာဗျာ ဘေးကလူတွေကလဲ ပြုံးစိစိနဲ့ ကုလားမကြီးကလဲ ရယ်ကျဲကျဲနဲ့ ကျွန်တော့် မျက်နှာဘယ်ထားရမှန်းတောင် မသိဘူး.။ အဲဒီကုလားမကလဲ ကျွန်တော့်အနားကို ဘယ်အချိန်ကရောက်လာတာလဲကိုမသိဘူး။ ကျွန်တော်ကလည်း အမေပဲဆိုပြီးကောင်းကောင်းဖက်ငိုနေတာ.။ရှက်ရှက်နဲ့ အမေလက်ကိုဆွဲပြီးထွက်လာတာ အိမ်ရောက်တဲ့အထိ ထူပူနေတုန်း .. ဟီး ဟီး ..။ ဖြစ်လိုက်ရင်တော့ ပေါက်ကရကြီးပဲဗျ.။


မရယ်ရလဲ ကလိထိုးပြီးသာရယ်တော့ဗျာ နော့..။ မီးမီးလေးရေ ကြာလို့ဆိုပြီး စိတ်မကောက်နဲ့တော့နော် ကျွန်တော်ရေးလိုက်ပြီ.။ နောက်အကြွေးကျန်သူများကိုလဲ လကုန်ပြီးပြီဖြစ်ပါ၍ အမြန်ဆုံးဆပ်မည် ဖြစ်ပါကြောင်း ..........။ ။

10 comments:

မေပျို said...

ကိုမျှားပြာကတော့ ဖြစ်ရမယ်။ သေချာမကြည့်ဘူးကိုး။ တော်သေးတာပေါ့ ကုလားမကြီးက အသက်ကြီးနေလို့ အကိုကလည်း ငယ်သေးလို့ပဲ။ ကုလားမငယ်ငယ်လေးသာဆို ဟီးဟီး ကိုမျှားပြာတို့တော့ သွားပြီ။

Winkabar said...

ဖြစ်မှဖြစ်ရလေ ကိုမျှားပြာရယ်။
ရယ်လိုက်ရတာ။ နောက်ဆိုသေချာကြည့်ပေါ့နော်။

nu-san said...

မျှားပြာရယ် ကုလားမကြီး ဖက်ငိုရတယ်လို့... :D

MgMyo said...

ဟာဟား..ကိုမျှားပြာတို့ ကတော့ ဖြစိလိုက်ရင်အထူးအဆန်းကြီးပဲ...ကုလားမကြီးက အစ်ကိုဖက်ပြီးငိုနေတော့ သူကဘာမှမပြောဘူးလာဗျ...အဲ့ဒါရှေ့ ဘ၀ကရေစက်ရှိလို့ ဖြစ်မယ် ...လာလည်တိုင်းရီစရာတွေဖတ်၇လို့ ကျေးဇူးပါဗျာ....

နှင်းပွင့်ဖြူ said...

ဟဟ ..ဟီးဟီး..ဟားဟား...
အဟ..အဟီး..အဟား...
အဟတ်ဟတ်.........
ကလိထိုးပြီးကို ရီသွားတာ
=)) =)) =)) =))

မျှားပြာ said...

ဟုတ်ပမေပျိုရေ ပါးတောင်ယားလာသလိုပဲ
ဟုတ်ကဲ့ ၀င်္ကပါရေ သေချာကြည့်ပါမယ်း)
မနုစံ အဲလိုပဲ အနော်က ...း)
မောင်မျိုးရ ပြန်မပြောတော့ပါဘူး ဟီး ဟီး
နှင်းပွင့်လေး အူတွေနာကုန်ဦးမယ်

မြရွက်ဝေ said...

ဖြစ်ရလေ--မောင်လေးမျှားပြာရေ
ခွိ--ခွိ

Layma said...

ဒီဇာတ်လမ်းမှာ မြုပ်ကွက်ရှိတယ်....။
(ကြည့်လို့တော့ကောင်းသား.။ ကလေးဆိုတော့ လိုက်ကြည့်တာပေါ့ဗျာ) တဲ့....။ အစကတည်းက ကုလားမကြီးကို ကိုမျှားပြာ ချောင်းနေတာ....။ အမေနဲ့ မှားပြီးဖက်ငိုတယ်ဆိုတာ ညာပြောတာ....။ ခွိ...ခွိ...။ သိနေတယ်နော....။

မျှားပြာ said...

အစ်မမြင်္ရက်ဝေရေ အစ်မမောင်က အဲလိုပဲး)
လေးမရေ သိရင် လျှောက်မပြောနဲ့လေဗျ .. ချက်ချာကြီး
ဟတ် ဟတ် ဟတ်

Anonymous said...

gvvbnvnffhf [хуйня а не ушу