တစ်ရေးအိပ်ဦးမယ်

လူဆိုတာ ငယ်ရာကနေကြီးလာတာဆိုတဲ့
စကားကို ငါလည်းသေချာနားမလည်သေးပါဘူး
အဲဒီတော့ ငါတို့ဟာပေါက်စနလေးတွေပေါ့
ဒီကောင်လေးတွေရဲ့ အဆိပ်ကိုဆေးဖော်ဖို့
မင်းတို့ကမှ မကြိုးစားကြတာလေ
ငါတို့ကတော့ လေလှိုင်းထဲမမျောတတ်ဘူး၊
မင်းတို့ရဲ့ ကမ္ဘာကျော်မယ့်အတွေးတွေကို
ပေလယျကန် ပိတ်ကန်လိုက်စမ်းပါ
လူတိုင်းတွေးတတ်တဲ့ စိမ်ပြေနပြေတွေကို
ငါလည်း ထမင်းလုံးစီတတ်ပါတယ်
အလိပ်လိုက်တက်လာတဲ့ အာဃာတတွေနဲ့တော့
မေတ္တာလည်း စွမ်းမယ်မထင်ဘူး၊
မုန်းတယ်လို့ပြောတတ်ရုံတော့
အထက်စီးကပဲ အပြုံးခံရမှာပေါ့
စကားလုံးတွေနဲ့ ပစ်ပေါက်တမ်းကစားကြရင်တော့
ငါ့ကိုမခေါ်ပါနဲ့ကွာ ငါပျင်းလွန်းလို့ပါ
မင်းတို့ရဲ့ ဆိုင်းဘုတ်ကြီးတွေကိုဖတ်ဖို့လဲ
ငါ့အတွက် အချိန်မရှိပြန်ဘူး၊
အချိန်မတင်ခင်တော့ ကျောခင်းချင်ခင်းမယ်
မိုးစွန်တမွတ် ကြယ်ကိုဆွတ်ဆိုတာ
ပထမတန်းမှာ ငါလည်းဖတ်ဖူးပါတယ်
သေချာတာတော့ ပိုးဖလံမျိုးတွေကို
အမေမခေါ် ခေါင်းဆောင်မတော်နိုင်သေးဘူး၊
'ဗေထိ'ဆိုတာနဲ့ လိုက်ကရအောင်
ငါက ဇာတ်ရူးမှမဟုတ်တာလေကွယ်
မင်းတို့ မင်းသား၊မင်းသမီးလုပ်တဲ့ပြဇာတ်ပြီးရင်တော့
ငါ့ကိုနှိုးပါ ... ... ...
ငါ တစ်ရေးအိပ်ဦးမယ် ... ... ... ။ ။

8 comments:

Anonymous said...

ဇာတ်ထဲမှာ စောစောသေရင် စောစောအိပ်ရသတဲ့...။( လူပြက်တွေ ပြောတာ)....။ အိပ်မယ့်အိပ် ထာဝရ အိပ်လိုက်ပေါ့ဟာ....။ တစ်ရေးအိပ်ရတာ အိပ်ရေးဘယ်ဝမလဲ.....။

စိုးထက် - Soe Htet ! said...

တစ်ရေးနိုးပြီလားဗျ ... :D ဒီကဗျာလေးလည်း မိုက်တယ် ကူးသွားဦးမှ :P

မြရွက်ဝေ said...

ဟယ် -- ဒီမှာနိုးလို့ လာနှုတ်ဆက်တာ ကိုမျှားပြာနဲ့ မီးမီးလေးက အိပ်တုန်းကိုး။ :D

lwansay said...

အိပ်စမ်းကွာ မနိုးသောအိပ်ချင်းနဲ့
ထမလာနဲ့ မျက်စိရှုပ်တယ်
ငါလည်းတစ်ရေးအိပ်ဦးမယ်...:)

Chaos said...

ကဲကဲထတော့
မင်းသား မင်းသမီးတွေ
ပွဲသိမ်းပြန်ပီ

hnin said...

ဟားဟား အပျင်းကြီး ကြီးတယ်ပေါ့။ :P
nice poem.

စိုးထက် - Soe Htet ! said...

ထပ်ဖတ်သွားတယ်ဗျာ .. ကဗျာ မရေးတတ်လို့ ၀မ်းစာ လိုက်ဖြည့်နေတာ :D

မျှားပြာ said...

ဟုတ်ပလေးမရယ် အိပ်ချင်လိုက်တာ လွတ်လွတ်လပ်လပ်အိပ်ရရင်ပေါ့။
ကိုစိုးထက် နိုးပြီဗျး)
မမြရွက်ဝေရေ မီးမီးလေးက မနိုးသေးဘူးဗျ ..။း)
ကောင်းတယ် လွန်းစေရေ အိပ် အိပ်။
တကယ်လားဗျာ မချော ..။
ဟုတ်ပ သိုးမလေးရေ ပျင်းတာ။း)
ကိုစိုးထက်ကြီး ရေးကြည့်ပါလားဗျာ ..