ကျွန်တော်၏ ချစ်သောမီးမီး

အဟဲ ခေါင်းစဉ်ကိုကြည့်ပြီး စိတ်ဝင်စားသွားကြပြီလားဗျ ...။ မီးမီးဆိုတာက ကျွန်တော့်ရဲ့ တအားကုတ်သော တအားကိုက်သော ကြောင်မလေးပါ.။ သူ့ကိုတော့ မြေအောက်ရထားဘူတာတစ်ခုကနေ ၀ယ်လာတာပါ.။ ရောက်စတုန်းကတော့ ပိစိကွေး သေးသေးလေး ခုတော့ တော်တော်ကြီးနေပြီ.။ ငါးကြော်မကြိုက် ကြောင်မိုက်ဆိုရင်တော့ မီးမီးက ကြောင်မိုက်မလေးပဲ ဖြစ်လိမ့်ထင်တယ်.။ ဟင်းဆိုလို့ကတော့ ဘာမှမစားဘူး ကြောင်စာနဲ့ နွားနို့ကလွဲရင် အနံ့တောင် မခံဘူးဗျ.။ ကြီးကြီးကျယ်ကျယ်နဲ့ တော်တော်ဆိုးတဲ့ကြောင်မလေးပေါ့.။ကုတ်လိုက် ကိုက်လိုက်တာလဲ သူ့အပြင်မရှိဘူး တော်ရုံတန်ရုံလူကတော့ မကိုင်ရဲဘူး.။ ကျွန်တော့်ကိုတောင် သူအလိုမကျရင် ကုတ်တာ လက်တွေမှာဆို ချစ်မီးမီးလေးပေးသော ချစ်ဒဏ်ရာများနဲ့ ဟတ် ဟတ်.။


ကျွန်တော့်ရဲ့ မီးမီးလေး


အိပ်ရင် ပိုးလိုးပက်လက်နဲ့ ကြောင်မနဲ့ကို မတူဘူး။း)


အိပ်နေလို့ကတော့ ဘာလုပ်လုပ် ဂရုကိုမစိုက်ဘူး။(ကျွန်တော့်အရုပ်တွေလဲ သူဆော့လို့ကုန်ပြီ :P )


အခုတော့ အခန်းလည်နေတယ်.။ ဗိုက်ဆာရင် ပြန်လာတယ်.။ ညဆိုရင် ကျွန်တော်တို့ အိပ်မရအောင် ဆော့တယ်.။ အိပ်နေရင် မျက်နှာကိုလာလာပုတ်ပြီး ထွက်ပြေးတယ်.။ အဲလိုဆိုးလို့လဲ ကျွန်တော်လည်း ချစ်နေတာထင်တယ်( ကျွန်တော်က ဆိုးရင်ချစ်တယ်း) )။

17 comments:

Layma said...

ဟယ်....ချစ်စရာလေး... အဆင်လေးက ဆန်းတယ်နော်...။ ပြန်လာရင် သူ့ ကို ခေါ်ခဲ့မှာလား...။ ဒါနဲ့  လေးမရဲ့ ခွေးလဲ သူ့ လိုပဲ အိပ်တယ်...။ အော်...ဆိုးရင်ချစ်တယ်ဆိုပဲ ...။ လူဆိုးကြီး မိုးသီးကို လွှတ်လိုက်မယ်နော်... ။

Anonymous said...

ချစ်စရာလေး။ ဟုတ်ပ
ဖက်ထားချင်စရာလေး။
ကုတ်ရင်တော့ ကြောက်တယ်။
ကလိထိုးလို့ရလားဟင်။

ပြန်ရင် ထားခဲ့ရမှာလား။
မောင်လေး တော့ ငိုတော့မှာဘဲ။
အလွမ်းတွေနဲ့ပြည့်နေပါတယ်ဆိုမှ။
မီးမီးကိုထပ်လွမ်းရရင်
မတွေးရက်တော့ဘူး။
နာ့မောင်လေး သနားဖို့ကောင်းလိုက်တာ

မိုးချစ်သူ

This is about... said...

တော်တော် ချစ်ဖို.ကောင်းတယ်။ ဒေါသကြီးမယ့်ပုံပဲ။

စိုးထက် - Soe Htet ! said...

အဆင်ပြေပါစေ မီးမီးရေ ... ဗမာလို နားလည် ရဲ့ လားဗျ... ထပ်လာခဲ့ပါဦးမယ် .. :)

ထွန်း said...

ဟုတ်လား တင်းပုတ် လေးနဲ့  ပုတ်ပေးမဲ့သူ ပေါ်လာရင် ရော ဟီးဟီး

Winkabar said...

ချစ်ဖို့ကောင်းသလောက်ဆိုးတာပဲနော်။ ဒီကြောင်နဲ့ အစ်မ chaos နဲ့တွေ့ရင်ဘယ်လိုနေမလဲမသိဘူး။

ချစ်ဖို့တော်တော်ကောင်းတယ်။

သုလွန်းအိမ် said...

တော့တိုးက ကြောင်အရမ်းချစ်တာ။ ခွေးလဲ ချစ်တာပဲ။ ချစ်စရာကောင်းတဲ့ အကောင်လေးတွေ အကုန်ချစ်တာပဲ။ မျှားပြာ ကြောင်လေးက ချစ်ချာလေးနော်။ ကုတ်ရင်တော့ ကြောက်တယ်တော့ .. တော့တိုးက အကောင်လေးတွေသာချစ်တတ်တာ သူတို့ အမွှေးလေးတွေနဲ့ မတဲ့ဘူး allergic ရှိတယ်။ သူတို့ ကုတ်ခံရရင်လဲ ချက်ချင်းရဲတက်လာတာ။ မျှားပြာကြောင်လေးက ချစ်စရာ ကြောက်စရာ လေးပေါ့။

မြရွက်ဝေ said...

ကြောင်လေးက ချစ်စရာလေး။ ဒါကြောင့် ကိုမျှားပြာတို့ မီးမီး မီးမီးနဲ့ တုန်နေတာကိုး။ ဒါနဲ့ ကြားဖူးလားတော့မသိဘူး psychoမေးခွန်းလေး - ကြောင်ချစ်သူတွေက ကိုယ့်ကိုယ်ကိုထက် ကိုယ့်ချစ်သူကို ပိုချစ်ပြီး ခွေးချစ်သူတွေက ကိုယ့်ချစ်သူထက် ကိုယ့်ကိုယ်ကို ပိုချစ်တယ်ဆိုဘဲ။ °∨°

Chaos said...

ဆိုးရင်ချစ်တယ်
ဟုတ်လား
ဟတ်ဟတ်

MgMyo said...

ကိုမျှားပြာ ကြောင်မလေးကအရမ်းချစ်ဖို့ ကောင်းတာပဲ ၊ ကျနော်လဲ ကြောင်အရမ်းချစ်တယ် အားကျသွားပြီ ကြောင်မွေးဖို့ သူဋေးဆီ မှာလျှောက်လွှာတင်လိုက်အုံးမယ် တစ်ယောက်ထဲသမားတွေအတွက်ကြောင်လေးရှိရင် ဘယ်ပျင်းတော့မလဲနော် --ဟေ့ ဆိုးရင်ချစ်တယ်ဆိုတော့ရွာမြောင်ပိုင်းက ဒေါ်ဂျမ်းစိန်ကိုပြောလိုက်မယ်

nu-san said...

မျှားပြာရဲ့ blog ရောက်ရောက်ချင်း “ကျွန်တော် ချစ်သော မီးမီး” ဆိုလို့ သူ့ ကောင်မလေးအကြောင်း များရေးထားလား မသိဘူးဆိုပြီး တွေးနေတုန်းရှိသေးတယ် အောက်က ဓာတ်ပုံနဲ့ စာကို ဖတ်တော့မှ မီးမီးက ကြောင်မလေး ဖြစ်နေတာကိုး.. :D :D

အမလည်း ကြောင်ချစ်တယ်။ မျှားပြာ ရဲ့ ကြောင်မလေးက ချစ်ဖို့ကောင်းတယ်။

Thet Htoo@Myat Lone said...

ချစ်စရာကြောင်လေးနော်။ ကျွန်တော်ကတော့ အခုနောက်ပိုင်း ကြောင်ရော ခွေးရော မမွေးတော့ဘူးဗျာ။ အရင်တုန်းကတော့ ကြောင်တွေ၊ ခွေးတွေကို မွေးလည်းမွေး ချစ်လည်း ချစ်ပါတယ်။ အခုတော့ ဂရုမစိုက်နိုင်မှာ စိုးလို့ မမွေးဖြစ်တော့ဘူး။

MELODYMAUNG said...

မီးမီးက ခေါ်ရင် မြန်မာလို ထူးလား ကိုရီးယားလို ထူးလားဟင် :P

Su said...

ချစ်စရာလေး။ပြောရင်းဆိုရင် အိမ်ကခွေးလေးတွေတောင် သတိရတယ် လေးလေးရယ်

Unknown said...

လူဆိုးကြီး မိုးသီးလောက်ကတော့ ဆားပုလင်းမျှားပြာတို့ကတော့
အပျော့ပေါ့ ...။ အဟတ် အစ်မဆုမွန်ရ သနားရင် ရှာပေးလေ ...။ ဒေါသကတော့ ကြီးတယ် မလွမ်းအိမ်ရေ အနော့်လိုပဲ ..။ သူ့နာမည်ခေါ်ရင်တော့ ထူးတယ်ကိုစိုးထက်ရ ..။
မဂျေရေ တင်းပုတ်နဲ့က အထုခံပြီးသားခင်ဗျး( ။ ချစ်ဖို့ကောင်းတဲ့လူတွေ အကုန်လုံးဆိုးတယ်ဗျ ကျွန်တော်အပါအ၀င်( ပြောရတာ အရသာရှိလိုက်တာ)။ ဟုတ်ပ မတော့တိုးရေ ချစ်စရာကြောက်စရာလေးပေါ့။ အစ်မမြရွက်ဝေ ပြောတာဟုတ်မယ်ထင်တယ် .. တိဝူးး(။
chaos အဲ ရယ်တယ်ဗျး)။ မောင်မျုး မင်းတင်ချင်တာ ဘာလျှောက်လွှာဆိုတာ ငါသိပါတယ် ဟတ် ဟတ်။ မနုစံရေ နောက်မှ ထုတ်ကြွားတော့မယ် ခုတော့း(။ ကိုမျက်လုံးရေ သားသားလေးရှိနေတာကို မလိုပါဘူးဗျ အနော်က မရှိလို့း)။ မမီ ခင်ညောင်လို့ ထူးတယ်ဗျ။ တူမကြီး အိမ်ကခွေးတွေကိုပဲ လွမ်းနေတာကိုးးးးးးးးး)။အားလုံးပဲ မီးမီးလေးကို ချစ်ကြတဲ့အတွက် ၀မ်းသာပါတယ်ဗျာ..။ အဆင်ပြေကြပါစေ။။

Anonymous said...

မီးမီးကများဆီလာတယ်--သူ့သခင်ကဆိုးမှချစ်တာဆိုလို့သူကိုဆိုးပေးပါတဲ့--
မာမီစိန်--

chomee said...

အစ်ကိုရေ မြည်းမမှာလဲချစ်စရာကောင်းတဲ့ သားလေးရှိတယ် နော် ဟဲဟဲ... သဘောတူပေးပါလားဟင် အစ်ကိုရေ
သူလည်း တော်တော်ဆိုးတယ် သိလား။