ချစ်သူသို့ အိတ်ဖွင့်ပေးစာ

ကိုဝေရေ ကျွန်တော် အိတ်ဖွင့်ပြီနော် ... ... ...

ချစ်သူ ... ... ...

မင်းဟာ အချစ်ဆုံးလား ... အချစ်ဟောင်းလားတော့ သေချာမသိဘူး။ သေချာတာကတော့ ငါ မင်းကိုချစ်တယ်။ အချစ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ခိုင်းရင်လည်း ငါမပြောတတ်ပြန်ဘူး။အချစ်ဆိုတာက မင်းလေ ... မင်းကိုဘာလို့ချစ်လဲဆိုရင်တော့ ငါ့အတွက် ပြောပြစရာတွေ အများကြီးပေါ့ကွာ ... မင်းရဲ့ ဆံပင်ရှည်ရှည်တွေ၊ မင်းရဲ့ သန့်စင်တဲ့အပြုံးတွေ၊ မင်းရဲ့ နားလည်တတ်မှုတွေ၊ မင်းရဲ့ ... ... ... ၊ မင်းရဲ့ ... ... ...၊ မင်းရဲ့ ခြေသည်းလေးတွေက အစပေါ့ကွာ ...။ ငါပြောပြရင်တော့ ခန္ဓာဗေဒပညာရှင်တွေ ရူးသွားလောက်မယ်ထင်တယ်။ ဒါတောင်မင်းရဲ့ ကြင်နာတတ်တဲ့စိတ်နဲ့ ချစ်စရာအပြုအမှုတွေ မပါသေးဘူးနော်။ ငါ မင်းကို ချစ်ပါတယ် ချစ်သူရယ်။ ဒါပေမယ့် ... ... ...

ဘ၀ဆိုတာကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတဲ့ အတွေးအခေါ်ပညာရှင်တွေရဲ့ လေလှိုင်းတွေကြားမှာ မင်းရုန်းမထွက်နိုင်သေးဘူးနော်။ နှစ်ယောက်တစ်အိမ်မက်ဆိုတဲ့ဘ၀ကို လက်တွေ့ မက်ချင်တဲ့မင်းအတွက် အချိန်တွေကို မှတ်ကျောက်တင်ပြရမှာလား ချစ်သူရယ်။ တို့နှစ်ယောက်သွေးတွေနဲ့ စီးဆင်းမဲ့အနာဂါတ်မှာ ရုပ်ဝတ္ထုတွေကိုထည့်မတွက်သင့်ဘူးလေ။ အရာရာတိုင်းကို သချာင်္ပညာနဲ့ ကြည့်မယ်ဆိုရင်တော့ ငါလိုကဗျာရူးတစ်ယောက်အတွက် မင်းအတွက်အဆင်သင့်ရှိနိုင်တာ ငါ့ရဲ့ရူးသွပ်မှုတွေပါ ...။ မျိုးဆက်တွေအတွက် မင်းလိုကြိုတင်မတွေးတတ်တာတော့ ငါဝန်ခံပါတယ်။ ဒါပေမယ့် ချစ်သူရယ် ငါတို့လက်တွေခိုင်ခိုင်မြဲနေဖို့ လိုတယ်လို့ပဲ ငါထင်ခဲ့တာလေ ...။ ဟင့်အင်း ... တကယ်ဆို ငါတို့ဝေးသွားကြဖို့ မလိုအပ်ဘူးနော် ... အခုတော့ အခုတော့

အလွမ်းတွေကို စာဖွဲ့ဖို့လောက်လဲ ငါမှာခံနိုင်ရည်မရှိပြန်ဘူး ...။ မင်းအကြောင်းတွေးမိတိုင်း တဆတ်ဆတ်နဲ့ နာကျင်လာတဲ့ ငါ့နှလုံးသားရယ်၊ ခံစားမှုတစ်ခုအတွက် ကျလာတဲ့ ငါ့မျက်ရည်တွေကတော့ ငါ့အချစ်ရဲ့ သက်သေပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ချစ်သူရယ် ဒီနေ့က မင်းရဲ့မွေးနေ့နော် ... ငါ့အပေါ်နားလည်ပေးခဲ့တဲ့ ချစ်သူတစ်ယောက်ကို မွေးဖွားပေးတဲ့ လောကကြီးကို ကျေးဇူးတင်ပါတယ်လေ ...။ ချစ်သူရေ မင်းအတွက် ငါလက်ဆောင်ပေးနေကြ မင်းမလိုချင်တော့တဲ့ ကဗျာတစ်ပုဒ်ပေါ့ ... မင်းမရှိတဲ့နောက်တော့ ငါ့ကဗျာတွေကလည်း မလှပတော့ဘူး ချစ်သူရေ ... ငါကတော့ ကဗျာတွေ နုပျိုလာမယ့်အချိန်တွေ မျှော်နေမိတုန်းပဲ ... ... ...


ကော်ဖီတစ်ခွက်ရဲ့ တမ်းချင်း

ကော်ဖီတစ်ခွက်ရဲ့ ဖြစ်တည်မှုမှာ
ဘာတွေကို ထပ်ပြီးမော့သောက်ရဦးမှာလဲကွယ်
မင်းစိတ်တိုင်းကျ ခါးလို့ချိုလို့ရတဲ့ ဒီဘ၀ကို
ဘာလို့များရက်ရက်စက်စက် မွှေနှောက်နေသေးတာလဲ
အပေါစား လက်ဖက်ရည်ဆိုင်ရဲ့ ကော်ဖီတစ်ခွက်ဟာ
မင်းအတွက်တော့ ရောင်းတန်းဝင်မဟုတ်နိုင်ဘူးလေ
ဒါပေမယ့် ... .... ....
ငါဟာ မင်းအတွက် ကော်ဖီတစ်ခွက်ပါ
မင်းသောက်ချင်လည်း သောက်
မှောက်ချင်လည်း မှောက်ပေါ့ကွယ်
မင်းနှုတ်ခမ်းဖျားနဲ့ ထိတွေ့ မယ့်အချိန်ကိုသာ
ရူးရူးမူးမူးနဲ့ မျှော်နေမိတာပါ ချစ်သူရယ် ... .... ...။ ။

ဘယ်လောက်ပဲဝေးဝေး ငါတို့ရဲ့စိတ်ခြင်း အမြဲတမ်းနီးနေတယ်ဆိုတဲ့ ချစ်သူရေ ... မင်းမွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ... ... ... ။ မင်းအတွက် ငါ ဆုတောင်းပေးနေမယ် ... တိတ်တိတ်လေးပဲ ချစ်သူရယ် ... ... ... ။ ။

13 comments:

မြရွက်ဝေ said...

ကိုမျှားပြာရဲ့ လက်သုံးစကားလေးဘဲ ပြောသွားတော့မယ် -- အဆင်ပြေပါစေလို့----

မေဦးခင် said...

kg lite tae sagar lone twe parlar
mhar pyar.. chit thu lay ko mwe phwar pay tae law ka kyi ko thank tae lar..? coffee tan chin lay ka
lae mite tal...sat write naw.. yin htal ka khan sar chat twe ko read chin tal..

ချစ်စု said...

မြားပြာရေ.. ကောင်းလိုက်တာ။အချစ်ဆိုတာ နှလုံးသားသက်သက်နဲ့ပဲ ခံစားရင်ချိုမြိန်ပါတယ်။
ဒါပေမဲ့ တခါတလေမှာ နှလုံးသားနဲ့ဦးနှောက် ပဋိပက္ခဖြစ်ရင်တော့ တခုခုကိုစတေးလိုက်ရမှာပေါ့။
ချစ်သူချင်းအဆင်ပြေစေဖို့ဆုတောင်းလျှက်ပါနော်...

တင့်ထူးရွှေ said...

ချစ်သူရေ ပူမယ်နော် မှုတ်သောက် :P
ချစ်နယ် ကဗျာလေးလဲ ကြိုက်တယ် ၊စာလေးကလဲ မိုက်တယ်
ပျော်ရွှင်ပါစေ နယ် :)

Anonymous said...

ပြာမြှားရေ
ဘာမှ မပြောတော့ဘူး။
အဆင်ပြေသလို သာနေတော့။
ကဗျာလေးကတော့ မိုက်တယ်၊ မလိမ္မာဘူး။:P
နှင်းဆီနီနီ။။

Anonymous said...

ငိုတောင်ငိုချင်လာပြီ.....။
လက်ကိုင်ပ၀ါလေး ဘာလေး ဆက်သကြပါဦး....။
ဆံပင်ရှည်ရှည်ဆိုတဲ့ အသုံးအနှုန်း ဒီဘလောခ့်မှာ တွေ့ ရတာ ၃ ကြိမ်ရှိပြီ....။ ၃ ကြိမ်ထက်ပိုမလားမသိ....။

tuzzaung said...

``မင်းစိတ်တိုင်းကျ ခါးလို့ချိုလို့ရတဲ့ ဒီဘ၀´´ဆိုမှတော့..
ယုံတမ်းစကားသာမဟုတ်ဘူးဆိုရင်..
ဆံပင်ရှည်ရှည်ကောင်မလေးရေ...
အဲ့ဒီကော်ဖီကိုသောက်လိုက်ပါကွယ်။
ကဗျာတွေပျိုလာအောင်လို့။

nu-san said...

အော်.. မျှားပြာ ကောင်မလေးက ဆံပင်ရှည်လေးနဲ့လား... :P
ကဗျာလေးက ကောင်းလိုက်တာ.. အဆင်ပြေပါစေ မျှားပြာရေ.. :)

Winkabar said...

စိတ်ညစ်မနေပါနဲ့ကိုမျှားပြာရေ။ ဒီလိုပါပဲ။ ဖြေသာသလို
သာနေပါ လို့ပဲပြောတော့မယ်။ မြန်မြန်အဆင်ပြေပါစေ။

မျှားပြာ said...

အစ်မမြရွှက်ဝေရေ ကျေးဇူး ..။
မမေဦးခင် ဟုတ်ကဲ့ ..။
မချစ်စုရေ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။
ချစ်နယ် ၀ုတ်သောက်မယ်။
မနှင်းဆီနီနီ ဟုတ်ကဲ့း)
လေးမ ရော့ လက်ကိုင်ပါဝါး)
ကဗျာတွေက ပျိုမယ်မထင်ပါဘူးဗျာ .. မတူးတူးရေ ကျေးဇူးပါဗျို့  ..။
ဟုတ် မနုစံ ရှည်ရှည်ပဲး)
ဝင်္ကပါရေ ကျေးဇူးပါဗျာ

pandora said...

ကဗျာက မိုက်တယ်
အင်း ကော်ဖီ ကို ပုရွက်ဆိတ်တော့ မတက်စေနဲ့

Su said...

လေးမျှားတို့ကတော့မိုက်တယ်ကွာ ;)

chomee said...

ခံစားသွားပါတယ်။ကိုမျှားပြာရေအရမ်းကို ခိုက်သွားတယ်ဗျာ။ အိမ်မှာ အုန်းသီးဆွဲထားပါတယ်။အရမ်းကောင်းတယ် ဆက်ရေးအုံးနော်။လာလာလည်ပါအုံးမယ်။