ကျွန်တော်ကြောက်တဲ့ သတ္တ၀ါ

ကျွန်တော်ကြောက်တဲ့သတ္တ၀ါဆိုပါလား။ အာ .. ဒုက္ခပါပဲ ဘာရေးရပ..။ ကျွန်တော်က အကောင်ပလောင်တွေဆို ဘာမှကြောက်တာမဟုတ်တော့ ဘယ်လိုအကောင်ကို ကြောက်တာပြောရပါ့။

အဲ... သတ္တ၀ါထဲမှာ ကြောက်တာဆိုရင်တော့ လူပဲဗျ ..။ လူတွေကိုတော့ တော်တော်ကြောက်တယ်. ခံရပေါင်းလဲများနေတာဆိုတော့ လူကိုကြောက်တယ်ဗျာ။ လူထဲမှာမှ လူမလေးတွေကို ပိုကြောက်တယ်။ ဘာလို့လဲဆိုတော့ အဆိပ်ပြင်းလို့ ..... ဘယ်လိုအဆိပ်ပျင်းလဲဆိုတော့ သူ့ အဆိပ်က တုန်းခနဲ လဲသွားသလိုမျိုးမဟုတ်ဘူး။ တမြေ့မြေ့နဲ့ ခံစားရခက်တာ.။ ဘာနဲ့ကုကု မပျောက်တာတော့ ကိုယ့်တွေ့ ပဲ။ အဲဒီလူမလေးတွေက ကိုက်ရင်လည်း အသည်းနှလုံးကို ရွေးကိုက်တာဆိုတော့ ကုတ်ရခက် လုပ်ရခက်နဲ့။ တအားနာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။တဆစ်ဆစ်နဲ့ အတော်လေးခံရခက်တဲ့ ဝေဒနာပေါ့ဗျာ။

ဘီလူးသရဲတွေနဲ့ ရင်ဆိုင်ရမှာလား လာစမ်းပါလေ မှင်စာသဘက်တွေပါ ခေါ်ခဲ့

ကမ္ဘာဦးအစက ဒိုင်နိုဆောတို့ ကင်းကောင်တို့နဲ့ ပြိုင်သတ်ရမလား အကုန်လုံး ခါးကချိုးပြီးကိုင်ပေါက်ပြစ်မယ်

တောသုံးထောင်ကို အစိုးရတဲ့ ကေသရာဇာ ခြသေ့င်္မင်းနဲ့လား သတ်ဦးမယ်ဗျာ

ဂျိန်းဘွန်းစ်တို့ ဂျက်လီတို့နဲ့ ပညာပြိုင်မှာလား အချိန်မရွေးပဲ

ကောင်းဘွိုင်တွေနဲ့ သေနတ်ချင်းပဲ ပစ်ဦးမလား

ဟင် အဲဒီလူမလေးနဲ့လား တော်ပြီဗျာ .. နေတော့ ကြောက်တယ်

ပြေးပြီ … :D



နှင်းဆီနီနီရေ ... ကျွန်တော်ကြောက်တာ သိပြီနော် ..။ အစ်မပြောလို့ ရေးတာရေးရတယ် ခပ်လန့်လန့်ပဲဗျ..။

12 comments:

Chaos said...

ဟာဟ
မောင်လေးက လူမလေး
ကြောက်တယ်ပေါ့
ဒါဆို လက်ဆောင်လာပေးတာ
ယူပါ ချောချောလေးနော်
ဟဲဟဲ

Anonymous said...

အမယ်လေး..ထောက်ခံမဲတွေ များနေလိုက်တာ...။ သူတို့ တွေက အဲလိုပဲလေ...။ ကြောက်ချင်ယောင်ဆောင်နေတာ ...။ ကြောက်ချင်ယောင်ဆောင်တာ...။

မိုးသောက်ယံ said...

ကိုမျှားပြာရေ ကျနော်ကြောက်တာတွေ ဟုတ်လှပီထင်တာ
တကယ့် လူမလေးတွေကို မေ့ကျန်ခဲ့တယ် :D
တယောက်တည်းမကြောက်နဲ့လေ
ကျနော်လဲ ကြောက်မှာပေါ့ :P
အကိုရေ လာလည်ရင် တခါတည်း လင့်ခ် လုပ်သွားတယ်
ဗျ နောက်အားလဲ လာလည်ပါဦး
အကို vote လုပ်သွားတာ ကျေးဇူးနော် ...

nu-san said...

မျှားပြာရေ.. တကယ်ကြောက်တာလား.. နောက်မှ “ကျွန်တော် ကြောက်တယ် ပြောတဲ့ လူမလေးထဲမှာ သူ မပါဘူး” ဆိုပြီး ဖြစ်နေအုံးမယ်.. :P

Chit Lay Pyay said...

ကြောက်လည်း ကြောက်တယ် ကြိုက်လဲ ကြိုက်တယ် မဟုတ်လား မှန်မှန်ဖြေနော်၊ မလိမ်ရဘူး၊

တင့်ထူးရွှေ said...

ဂယ်လား နယ် ။ ။

MgMyo said...

မင်းကြောက်တယ်ဆိုတာ ငါသိပါတယ်ကွာ--ကုလာမလေးကိုတော့မကြောက်ဘူးဟုတ် နောက်မှ အမေ့ချွေးမပျောက်လို့ ရှာတွေ့ ပြီတွေ့ ပြီသူပဲသူပဲ ဖြစ်နေအုံးမှာမြင်ယောင်သေး

ရိုးမြင့်အောင် said...

ဟကောင် ငါးမျှားချိတ် မင်းဘာပြောပြော ထိပ်ဆံုးက မယုံတဲ့နေရာမှာ ငါဟာမားမားမတ်မတ်ရပ်တည်နေပါတယ်။
ကောင်းအောင်

မှတ်ကရောကွာ ဖုန်းအကြွေးတင်အောင် လုပ်တဲ့ကောင်

Kaung Kin Ko said...

ဟုတ်တယ် ညီလေးရေ၊ ရာနှုန်းပြည့်ထောက်ခံတယ်၊ :-D

မျှားပြာ said...

ဟုတ်တယ် အစ်မချောရေ တကယ်လားဟင်
အစ်မလေးမ မှန်တာပြောတာ ပြောပါစေ ဟတ် ဟတ်
ကိုမိုးသောက်ရေ လာမယ်ဗျာ ကျေးဇူးဗျို့ ။
မနုစံ အဲဒါတော့ အဟီးးး
မချစ်လေပြေရေ အဲဒါတော့ ပြောပြ၀ူး
ဂယ်ပေါ့နယ် ..
မောင်မျိုး ငါ အမေ့ခွေးမတော့ တိဝူး ဟိုတယောက်တော့ သိတယ်
အေးပါ အာစရိရာ ငါက မိုဘိုင်းဘလော့ဂင်းလေးလုပ်ကြည့်တာပါ .. မင်း ဖုန်းလေးကကောင်းလွန်းလို့ပါ စိတ်ဆိုးနဲ့ ဟတ် ဟတ်
ကိုကောင်းကင်ကို မနောက်ပါနဲ့ဗျ .. ဘယ်သူကို ထောက်ခံတာလဲ
ဟတ် ဟတ် ဟတ်

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုမျှားပြာရေ သတောတူတယ်ဗျို့ ။ ထပ်တူထပ်မျှပါ ။

MgMyo said...

မျှားပြာရေ့ ငါရေးတာ ချွေးမပါကွာ စာလုံးပေါင်းမမှားပါဘူး--မင်းရေးထားတာကြီးငါလန့် သွားတာပဲ