အဝေးဆုံးကို သွားချင်လို့
အနီးဆုံးကို ကျောခိုင်းတယ်
ဟိုတစ်ဘက်ကမ်းက
တရားဒေသနာကို
နာဖို့အတွက်
ဒီဘက်ကမ်းက
ငြိမ်းချမ်းခြင်း တချို့ ကို
လျစ်လျူရှုတယ်
အင်း .... လူဖြစ်ရတာ
မီးခြစ်ထိုင်ခြစ်ရတာလောက်
ရင်ခုန်စရာ မကောင်းဘူး
...............................
...............................
...............................
..............................
..............................
ခဏနေလို့ ရေအိုးခွဲမှ တို့တွေ
ရှိုက်ကြီးတငင် ငိုကြတာပေါ့ ...။
ခဏ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
8 comments:
ဟုတ်တယ်...မီးခြစ်ခြစ်ရတာ တော်တော် ရင်ခုန်ဖို့ကောင်းတယ်...။ သစ်သားမီးခြစ်ကလေးနဲ့ဆို ပို စိတ်ဝင်စားဖို့ကောင်းတယ်...။လက်မပူအောင်လည်း သတိထားရတယ်...။ မီးမငြိမ်းအောင်လည်း လုပ်ရတယ်...။ လေတိုက်နေရင် ပို ဂရုစိုက်ရသေး..။
this is so good
so........ good
i like about that river
မီးခြစ် ခြစ်ပြီးကင်ဆာကို install လုပ်မနေနဲ့အုံးချက်ကြီးရေ..
ခဏဆိုတာသိပ်မကြာပေမယ့် စောစောစီးစီးတော့ရေအိုးမခွဲစေချင်ဘူးဟဲ့။
အဟဲ။
အဝေးဆုံးကို သွားချင်လို့
အနီးဆုံးကို ကျောခိုင်းတယ်
ဟိုတစ်ဘက်ကမ်းက
တရားဒေသနာကို
နာဖို့အတွက်
ဒီဘက်ကမ်းက
ငြိမ်းချမ်းခြင်း တချို့ ကို
လျစ်လျူရှုတယ်
အင်း .... လူဖြစ်ရတာ
မီးခြစ်ထိုင်ခြစ်ရတာလောက်
ရင်ခုန်စရာ မကောင်းဘူး
တဲ့ လား ဟယ်နင်ကလဲ။
ဟိုတစ်ဘက်ကမ်းက
တရားဒေသနာကို
နာဖို့အတွက်
ဒီဘက်ကမ်းက
ငြိမ်းချမ်းခြင်း တချို့ ကို
လျစ်လျူရှုတယ်။
ကဗျာလေးမိုက်တယ်ညီလေးရေ။
တရားဒေသနာကို
နာနေရတဲ့ သူငယ်ချင်းကြီး
ငြိမ်းချမ်းခြင်း တချို့ ကို
လျစ်လျူရှုနေရပေမယ့်
မင်းကို အပြည့်အ၀ နာလည်ပါတယ်ကွာ
ရှိုက်ကြီးတငင် ငိုတဲ့ အချိန် ထာ၀၇အားပေးနိုင်မယ့် အဖော်မွန် ကောင်းလေးတွေ့ ပါစေဗျာ..
အားလုံးအဆင်ပြေပါစေ...
great poem
အဓိပ္ပါယ်ပါလှတဲ့ ကဗျာလေးပဲ သူငယ်ချင်း။ ပြောချင်နေတဲ့ မင်းရင်ထဲက စကားတွေကို ငါမြင်သွားတယ်။ ကောင်းတယ်ကွာ။ မလေးမပြောသလိုပဲ လက်ပူမှာတော့ ဂရုစိုက်ကွာ။
Post a Comment