အပြုံးတစ်ပွင့်၏ကောက်ကြောင်း

အပြုံးတစ်ပွင့်၏ကောက်ကြောင်း

တခါတခါ ဦးနှောက်ကိုအလုပ်ပေးလွန်းတော့
ဝိရောဓိတွေနဲ မိုးလင်းခဲ့တယ်
( တလွဲဆံပင်ကောင်းခဲ့တာတော့ မဟုတ်ဘူး )
ခန္တီစတရားရဲ့သင်ခန်းစာတွေကို အလွတ်ကျက်မှတ်ခဲ့တာ
ရာဇ၀င်သစ်သက်သက် ရေးသားဖို့မဟုတ်ဘူး
ပျော်ရွှင်မှုကို အလွဲသုံးစားလုပ်တတ်တဲ့သူတွေမှာ
ရိုးသားမှုကချိနဲ့လွန်းလို့ အိမ်တွင်းအောင်းနေပေမယ့်
လိမ်ညာမှုတွေက ဒေါင်ဒေါင်မြည်လျှောက်သွားတတ်တယ်
ဆရာဝန်တစ်ယောက်ကတော့ Rehabilitation ကို
ခြေကျိုးလက်ကျိုး၊မြင်းလှည်းမောင်း၊ဆိုက်ကားနင်း၊ရေထမ်းလို့
နောက်တီးနောက်တောက် အဓိပ္ပါယ်ဖွင့်တယ်
ငါကတော့ Rehabilitation ကို
"ရင်ဘတ်အဌားချခြင်း"လို့ အဓိပ္ပါယ်ဖွင့်မယ်
လှုပ်လီလှုပ်လဲ့နဲ့ ရထားတစ်စင်းကတော့ သွားနေတုန်းပဲ
အေးစက်ငြင်သာတဲ့ ဇာတ်သိမ်းခန်းမရောက်ခင်ကို
ရင်ဘတ်ထဲဝင်ကြည့်တတ်တဲ့ နလပိန်းတုံးတစ်ယောက်ရဲ့
မျက်နှာမှာ အပြုံးတစ်ချက်အသက်ဝင်သွားတယ်။ ။

8 comments:

Unknown said...

I want to advise, pls don't think anymore about of this ,pls accept ur fate and don't be sad any more ur age is young and do for best in ur life at futre.I wich u will be convenient in everything. :) ;cool

nu-san said...

မျှားပြာရေ..စာမေးပွဲဖြေရော.. ပြီးသွားပြီလား.. အစစ အဆင်ပြေပါစေ.. (မျှားပြာစကားကို ခဏငှားသုံးပါတယ်.. )

Layma said...

ဒီကဗျာကတော့ မော်ဒန်ပဲ...။
အပြုံးတစ်ခုရဲ့ ကောက်ကြောင်းတွေ နောက်ကြောင်းတွေ ကို ပြန်သုံးသပ်မနေနဲ့ ...။ ပြုံးချင်သလိုသာပြုံးလိုက်... စိတ်ချမ်းသာဖို့အရေးကြီးတယ်...။

သဇင်ဏီ said...

လှလှလေးပြုံးနော်.. ခွိခွိ
မိုက်တယ်..ကဗျာက.. :)

Anonymous said...

သယ်ရင်းငမျှားချိတ်!

အပြုံးတစ်ပွင့်၏ကောက်ကြောင်းတဲ့ လားဟ......

ခန္တီစတရားရဲ့သင်ခန်းစာတွေကို အလွတ်ကျက်မှတ်နေပြီပေါ့ ..ဂလို လဲ လုပ်နေပီဟုတ်.....။

စာမေးပွဲ လည်း ဖြေနိုင်တယ်ဟုတ်........
အဟဲ..အစစ အဆင်ပြေပါစေနော...:)

Yan said...

ပျော်ရွှင်မှုကို အလွဲသုံးစားလုပ်တတ်တဲ့သူတွေမှာ
ရိုးသားမှုကချိနဲ့လွန်းလို့ အိမ်တွင်းအောင်းနေပေမယ့်
လိမ်ညာမှုတွေက ဒေါင်ဒေါင်မြည်လျှောက်သွားတတ်တယ်

ဂွတ်ဒီးဂွတ်ဒီး ဂွတ်ဗျာ...

မျှားပြာ said...

ma mae thzs 4 all. Be happy .
အစ်မနုစံရေ ဆာမွဲကတော့ ပီးသေးဘူး အဆင်ပြေပါတယ်း)။
စိတ်ချမ်းသာဖို့ထက် အဆင်ပြေဖို့က ပိုအရေးကြီးတယ် ထင်တယ် အစ်မလေးမရေ ဟတ် ဟတ် ( ဆရာလုပ်သည်။ )
မသဇင်လေ လှလှလေးတော့ ပြုံးတာပဲ အသက်မပါဘူးဗျ။
ဟေး အိမ်လေးအဆင်ပြေတယ်ကွ .. နင်ရော ဘယ်လိုလဲ ..။
ကိုရန် ဂွတ်ဒီး ဂွတ်ဒီး ဂွတ်တဲ့လား .. ဟတ်ဟတ် ။
မှတ်ထားလိုက်ပီ အဲဒီစာလုံးကို

Unknown said...

i like ur poem.အေးစက်ငြင်သာတဲ့ ဇာတ်သိမ်းခန်းမရောက်ခင်ကို
ရင်ဘတ်ထဲဝင်ကြည့်တတ်တဲ့ နလပိန်းတုံးတစ်ယောက်ရဲ့
မျက်နှာမှာ အပြုံးတစ်ချက်အသက်ဝင်သွားတယ်။
..............
အဲဒီစာကြောင်းကိုအကြိုက်ဆုံးဘဲ...thz par