ဆေးလိပ်တိုနဲ့ လျစ်လျူရှု့ ခြင်း

ဆေးလိပ်တို


ဖြူဖြူတောင့်တောင့်

ခပ်ဖြောင့်ဖြောင့်

စတိုင်အတွက်ဖြစ်ဖြစ်

အကြိုက်ကြောင့်ဖြစ်ဖြစ်

ငါ့မှာ့လူကြိုက်များလို့ ...

(မနှစ်မြို့တဲ့ သူတွေလည်းရှိတာပေါ့ ) ။

ကြည့်စမ်းပါအုံ့း့

သူ့ဆန္ဒ ပြည့်ဝဖို့

ငါ့မှာလောင်ကျွမ်းလိုက်ရတာ

မီးခိုးတွေတောင် တအူအူထွက်လို့ ။

ခါးကနေအညှပ်ခံ

ငါ့ဆံပင်တွေမီးလောင်တိုက်သွင်းရင်း

ဘ၀ ဆိုတာပေးဆပ်ခြင်းတဲ့လား

သို့လော...သို့လော တွေးနေရင်း

ငါ့ ဘ၀ကို ငါကျေနပ်လို့ ။ ။

သိပ်မကြာလိုက်ပါဘူး

အစာဝရင် ပျံကြသတဲ့

လိုအင်ပြည့်ရင် စွန့်ပစ်တတ်တဲ့

အစီခံသာကျန်တော့လို့

ပြန်လည်ငဲ့ကြည့်ခြင်းမခံရတော့တဲ့

အမှိုက်ပုံးထဲက ငါ့ ဘ၀ ကို

တစ်ခါတစ်လေတော့ စိတ်နာသလိုဖြစ်သား ။ ။

သဲဦးပိုင် (တန့်ဆည် )


လျစ်လျူရှု့ ခြင်း


ကြာခဲ့ပြီ ကိုယ့်ကိုကိုယ် ပြန်ဖတ်တတ်အောင်

မကြိုးစားခဲ့တဲ့အချိန်ထိ သူနဲ့အသက်ရှုတယ်

ပေါပေါများများရတဲ့လေတွေကို

အနံ့ရွေးလာတဲ့ နှာခေါင်းက

မက်မက်စက်စက် ရှုသွင်းပြီး

ဒီအတ္တဘောကြီး အလုပ်လုပ်ဖို့အတွက်

သူက သစ္စာရှိတယ်

ကျွန်တော်ကတော့ စိတ်ချမ်းသာဖို့အတွက်

သူ့ကို တိုက်ခိုက်တယ်၊ ထိုးနှက်တယ်၊ဖျက်ဆီးတယ်

သူကတော့ အပြုံးမပျက်ဘူး

ဘယ်လောက်ပဲ မောပန်းနေပါစေ

ကျွန်တော့်အတွက် အမြဲအလုပ်လုပ်တယ်

သူက သစ္စာရှိတယ်

နောက်တော့ ကျွန်တော်တဖြည်းဖြည်းမိုက်ရိုင်းလာတယ်

ကျွန်တော့်သူ့ ကို ကန်ထုတ်လာတယ်

သူ့အလုပ်တွေကို ရင်ဘတ်ကိုလုပ်ခိုင်းလာတယ်

ကျွန်တော့်ရင်ဘတ်ကြီးနုံးချိလာရင်တောင်

သူက အမြဲတမ်းအားပေးတယ်

သူ့ တာဝန်သူကျေတယ်၊ သူကသစ္စာရှိတယ်

ဒီနေ့ သူက တိုးတိုးလေးပြောသွားတယ်

အရမ်းမောတယ်တဲ့ …

ကျွန်တော်ကတော့ ဟက်ဟက်ပက်ပက်ပြုံးပြီး

အပြာရောင်အငွေ့ တွေကို

မက်မက်မောမောရှိုက်သွင်းလို့ … … …။

ကိုသဲဦးပိုင်ရဲ့ကဗျာလေးဖတ်ပြီး ကိုယ့်ဘက်ကိုယ်ယက်ကြည့်တာ။ ကိုယ့်ကိုကိုယ် မီးရှို့ဖို့တောင် ပိုက်ပိုက်မရှိတဲ့ဘ၀ ဟတ်ဟတ် ပျော်စရာကြီးဗျာ ….။

6 comments:

မွန် said...

နှာခေါင်းကြီးရော ရင်ဘတ်ကြီးပါအလုပ်မလုပ်တော့ရင်လဲ
နှာခေါင်းထဲသွင်းတဲ့ ပိုက်တွေ အဆုတ်ထဲက အရည်စုပ်ထုတ်တဲ့ စက်တွေက အလုပ်လုပ်လိမ့်မယ်
ဘာမှစိတ်မပူနဲ့
ဒါနဲ့မှ မရရင်လဲ အဆင်ပြေပါတယ်
တစ်ကိုယ်လုံးအလုပ်မလုပ်တော့ နားရတာပေါ့
ဆက်သာရှု သိလား
ပိုက်ပိုက်မရှိရင် ချေးမယ်

သဇင်ဏီ said...

ဆေးလိပ်တို..အင်း..ဒီလိုတော့လဲ
ဲသူ့ဘ၀ကသနားစရာကောင်းသား
အညှပ်ခံကြီးပေါ့နော်.. :P

nu-san said...

မျှားပြာရေ.. ကဗျာလေးတွေ ဖတ်သွားတယ်။
မီးရှို့ဖို့ ပိုက်ဆံရှိဘူးလား..:)
စာမေးပွဲကရော ဘယ်လိုလဲ.. ပြီးသွားပြီလား..

Layma said...

ဘာဂါမွန်က ရှိစုမဲ့စု ပိုက်၂လေး ထုတ်ချေးမယ်တဲ့...။
ရှို့လိုက်တော့...။ ဆက်ပြီး လောင်ကျွမ်းလိုက်တော့..။

တင့်ထူးရွှေ said...

ချစ်နယ် ငါ့မှာတော့ ရှိသေးတယ်
ဒါလေးနဲ့ အဖေါ် လုပ်နေရတာ
တစ်လိပ်လာယူ ...

Unknown said...

Hello..i see ur web everyday at least 3 times per day and always read u poem. .... she is strange to me..so that what i did...u like cigarette so much.. take care.. i wish u all the best success for ur life....