ဒီနေ့မှာ သူမအတွက် ကျွန်တော်နူးညံ့စွာရူးသွပ်တယ်

ဒီနေ့မှာ သူမအတွက် ကျွန်တော်နူးညံ့စွာရူးသွပ်တယ်

ဟောဒီနေ့မှာ ကျွန်တော့်ရဲ့ ရင်ဘတ်ပေါ်ကို
ကျွန်တော် တဖုတ်ဖုတ်နဲ့ ပစ်ကျတယ်
သူမမျက်နှာညှိုးငယ်တဲ့အခါ
ကျွန်တော့်ဘာသာဗေဒတွေ
ဖောက်လွှဲဖောက်ပြန် ဖြစ်ကုန်တယ်
သူမရဲ့ မျက်ရည်တွေကြားမှာ
ကျွန်တော် စုန်းစုန်းမြှုပ်တယ်
စီကာစဉ်ကာ မဟုတ်ပဲ
ကျလာတဲ့ကျွန်တော့်ရဲ့မျက်ရည်တွေကိုတော့
ခပ်ဝေးဝေးကို ကန်ထုတ်ပြစ်မိတယ်
အရှအနများတဲ့ ကျွန်တော့်ကဗျာတွေဟာ
သူမနဲ့မသက်ဆိုင်ပါဘူးဆိုတာ
ကျွန်တော်တိုးတိုးလေး ရေရွတ်တယ်
ကျွန်တော်နဲ့သူမ ရင်ခြင်းအပ်တဲ့အခါ
ကျွန်တော်ရဲ့နူးညံ့မှုတွေနဲ့
သူမကို နွေးထွေးစေမယ်
မြောက်ပြန်လေတွေ မတိုက်ခတ်မီ
သူမနဲ့ပါးပြင်ချင်း နီးချင်တဲ့အကြောင်း
ကျွန်တော် စာလုံးပေါင်းပြမယ်
တိမ်တွေပြာမယ့် တစ်နေ့
ကျွန်တော့်ရင်ခွင်မှာ သူမကိုထွေးပွေ့လို့
ချစ်ခြင်းသံစဉ်တွေကိုသီဆိုပြမယ်
သူမရဲ့ မနက်ခင်းတိုင်းကို
ကျွန်တော့်အနမ်းတွေနဲ့
နိုးထစေမယ်ဆိုတဲ့အကြောင်း
သူမရဲ့ နှုတ်ခမ်းတွေကို တိုင်တည်ပါတယ်။



18 comments:

Unknown said...

လောကကြီးက..မျက်နှာလိုက်တယ်..ရတာမလို..လိုတာမရ..တဲ့လောကကြီးနဲ့ အဆင်မပြေတောင်...ချစ်သူလေးနားလည်ရင်ကောင်းမယ်...။မင်းရဲ့ နူးညံ့စွာရှူးသွပ်မှုတွေကိုသူမကျေနပ်နေမှာပါ..ဒီထက်ပိုပြီးအဆင်ပြေပါစေရှင်

Yan said...

သူမရဲ့ မနက်ခင်းတိုင်းကို
ကျွန်တော့်အနမ်းတွေနဲ့
နိုးထစေမယ်ဆိုတဲ့အကြောင်း
သူမရဲ့ နှုတ်ခမ်းတွေကို တိုင်တည်ပါတယ်။

အားပါးပါး

အဲဒီ့နားမှာ ရင်တွေခုန်သွားတယ်. ကျွန်တော်လည်း သူမကို အဲလိုလေး နှိုးချင်နေတာကြာပြီ.

သင့်ခ်ယူ ကိုမျှားပြာရေ...

း)

ယုန်ကလေး said...

ကဗျာတွေ ကောင်းတယ်နော် ချစ်သူလေးက ကိုမျှားပြာ ကို နားလည်ပြီးသားတဲ့နော်

Layma said...

သူမလေးကတော့ ဖတ်မိရင် ပုလဲမြေခ... အသည်းကြွေကျတော့မယ်...။

lwansay said...

အေးကွ အေးကွ
ဖြစ်ရမယ် ဖြစ်ရမယ်။

အိုင်လွယ်ပန် said...

ဒီနေ့မှာသူမအတွက်
်ကျွန်တော်
နူးညံ့စွာရူးသွပ်တယ်......
ခေါင်းစဉ်လေးသဘောကျတယ်ဗျာ....
ကောင်းတယ်အစ်ကိုရေ......

တင့်ထူးရွှေ said...

ကောင်မလေး ကတော့သွားပြီ :)

မင်းကျန်စစ်။ said...

ဒီနေ့မှာ လခထုတ်တယ် ဒီနေ့မှာပဲ ကုန်သွားပြီ :D ကောင်မလေးတော့ ဟက်တက်ထိမှာ သေချာတယ်။

ဆောင်းယွန်းလ said...

သူမနဲ့ပါးပြင်ချင်း နီးချင်တဲ့အကြောင်း
ကျွန်တော် စာလုံးပေါင်းပြမယ်
တိမ်တွေပြာမယ့် တစ်နေ့
ကျွန်တော့်ရင်ခွင်မှာ သူမကိုထွေးပွေ့လို့
ချစ်ခြင်းသံစဉ်တွေကိုသီဆိုပြမယ်
သူမရဲ့ မနက်ခင်းတိုင်းကို
ကျွန်တော့်အနမ်းတွေနဲ့
နိုးထစေမယ်ဆိုတဲ့အကြောင်း
သူမရဲ့ နှုတ်ခမ်းတွေကို တိုင်တည်ပါတယ်။


သူမ ကြွေမကြွေမသိ.လာဖတ်တဲ့သူတော့ကြွေသွားတယ်

tuzzaung said...

တိမ်ပြာတဲ့နေ့မြန်မြန်ရောက်မှပဲနော်။
တစ်ဖုတ်ဖုတ်နဲ့ ခဏခဏသာ ပြုတ်ကျနေရင်
အဲ့ဒီရင်ဘတ်ပုပ်တော့မှာပဲ။

စိုးထက် - Soe Htet ! said...

ဒီမှာ ၀င်ကြွား လိုက်ဦးမယ် ... လိုတာရပါတယ် ဗျို့ ... ဒါပဲ :P

ThinkingHoney said...

ဟရှားဘား
လက်ဖျားခါသွားပီ ကိုမျှားပြာရေ...

Unknown said...

ရေးလည်းရေးနိုင်ပါတယ်ကွာ...တကယ်ပါ :)

Anonymous said...

ရူးသွပ်နေတဲ့ ကဗျာခံစားမှုလေးကို ဖတ်သွားပါ၏...:)

hnin said...

ကိုမျှားပြာရေ...
အချစ်ကဗျာတွေ အများကြီး ရေးထားတာပဲနော်။ ရင်ထဲကလာတဲ့ အရိုးသားဆုံး စကားလုံးတိုင်းဟာ အမြဲလှနေမှာပါ။

အားပေးလျက်
အေးချမ်းသူ

မြရွက်ဝေ said...

အရေးအသားကတော့ အပျံစားဘဲ။ မျှားပြာရဲ့ ဆိုင်သူ ဖတ်မိရင် ကြွေသွားလောက်ရဲ့နော်။

မွန် said...

ကြွေပါတယ်

Unknown said...

ဟိုအရင်ကမ္ဘာမြေတစ်နရာမှာဟိုအရင်အတိုင်းရှိခဲ့ပါတယ်