ထင်သလိုရေးတယ် ရေးချင်သလိုရေးတယ် ငါမှားသွားလို့လဲ ကမ္ဘာမပျက်ဘူး

ထင်သလိုရေးတယ် ရေးချင်သလိုရေးတယ် ငါမှားသွားလို့လဲ ကမ္ဘာမပျက်ဘူး

ယောင်တောင်ပေါင်တောင်
ကြောင်တောင်တောင်ကောင်တွေရဲ့
အစာအိမ်ဝမှာ မုသာဝါဒတွေနဲ့ ပိတ်ဆို့နေတယ်
ကမ္ဘာကြီးကပဲ ပိုပြီးတိမ်းစောင်းလာတာလား
လူတွေကပဲ စောင်းငန်းငန်းဖြစ်လာတာလား
လက်တွေတယမ်းယမ်း အံတွေတကျိတ်ကျိတ်နဲ့
လမ်းတွေက မကောက်ပေမယ့်
စိတ်တွေကတော့ မဖြောင့်တော့ဘူး
မနေ့တနေ့ကတော့ ကျွန်တော်နဲ့ ငါ
လက်မောင်းသွေးဖောက်လို့ သစ္စာရေသောက်ကြတယ်
( တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိကြေးပေါ့ )
သောက်ပြီးခဏမှာပဲ ဗိုင်းခနဲလဲကျတယ်
( မသေသေးဘူး ဆန့်ငင်ဆန့်ငင်နဲ့ )
ကဲ ကဲ အားရပါးရကခုန်ကြ
ဒါဟာ အလ္လာအရှင်မြတ်ရဲ့ အမိန့်တော်ကို ခံယူတာမဟုတ်သလို
ခရစ်တော်မှာလည်း အိပ်ပျော်တာမဟုတ်ဘူး
နေ့စဉ်ထုတ်သတင်းစာမှာ ၁" . ၂" အကွက်တစ်ကွက်ပါဖို့လဲ မဟုတ်ဘူး
ကျင့်ခြင်သလို ကျင့်ပြီး ဆင်ကြံ ကြံနေကျတဲ့
နိုင်ငံကြီးသားများ နှုတ်သီးကောင်းလျှာပါးဖို့ဖြစ်တယ်
အတောင်နှစ်ဆယ် ၀တ် မ၀တ်
မသေချာတဲ့ ယောကျာင်္းရင့်မာကြီးများ
ပုဆိုးခြုံထဲက လက်သီးပြဖို့ဖြစ်တယ်
ရယ်ကြ မောကြ ပျော်ကြ ပါးကြ
လူတော်လူကောင်းတွေရဲ့ ပုံစံခွက်ထဲ
ဒလိမ့်ကောက်ကွေး ပြုတ်မကျခင်
ပိဿလေးနဲ့ ဘေးပစ်ကြ
ဒါမှမဟုတ် အလွှာပါးပါးခြုံပြီး ငိုကြွေးကြ
ပဉ္စမံအနမ်းတွေနဲ့ အားပါးတရနမ်းကြ
ဟောဒီနေရာမှာ စာရေးတာ၊ကဗျာရေးတာမဟုတ်သလို
အနုပညာကို ချပြတာလည်းမဟုတ်ဘူး
စိတ်ထင်ရာကို လျှောက်ရေးတာ
မိုက်တယ်ဆိုတာ သိပ်လွယ်တာပေါ့
လက်ညှိုးလေးကွေးတတ်ဖို့ မလိုဘူး
နားရွက်တံတွေးဆွတ်တတ်ဖို့ပဲ လိုတယ်
အကုန်လုံးမှန်နေတဲ့ လူတွေကြားမှာ
တစ်ယောက်မှားသွားလို့ ဘာဖြစ်သွားမလဲ
ကဲပါလေ လူညီကြသားပဲ
ဤ ကျွဲဖတ်လိုက်ကြတာပေါ့ ... ... ...။

ကဗျာခေါင်းစဉ်ကို အစ်မဟန်နီရဲ့ ဘန်နာက စာသားကို ယူထားတာပါ ..။

16 comments:

ဆောင်းယွန်းလ said...

လူတော်လူကောင်းတွေရဲ့ ပုံစံခွက်ထဲ
ဒလိမ့်ကောက်ကွေး ပြုတ်မကျခင်
ပိဿလေးနဲ့ ဘေးပစ်ကြ
ဒါမှမဟုတ် အလွှာပါးပါးခြုံပြီး ငိုကြွေးကြ
ပဉ္စမံအနမ်းတွေနဲ့ အားပါးတရနမ်းကြ...
ဒီလိုအရေးအသားတွေလည်းကောင်းတာဘဲ...
ကြိုက်တယ်..
အားပေးနေတယ်ညီလေးရေ

ThinkingHoney said...

အင်း.... လက်ရယ် banner ရယ်
အကြွေးမှတ်ထားမယ် :D
ဒီကဗျာကလေ.... အချစ်အကြောင်း ကဗျာတွေလို sniper နဲ့ပစ်တာမဟုတ်ဘူး... ဒီတစ်ခါ machine gun နဲ့
ဟုတ်လား မဟုတ်လား ပြောစမ်း :D
အမလဲ ရှေ့လျှောက် A Bomb လောက်နဲ့ပဲထုတော့မယ် စိတ်ကူးတယ်...ဟူး... စိတ်လျှော့.....

Anonymous said...

ကဗျာ လေးကောင်းတယ်ကိုမျှားပြာရေ။ ခေါင်းစဉ်ကလည်းကောင်းတယ်။ ဟုတ်တယ်နော် တစ်ယောက်မှားလို့ဘာမှမဖြစ်သွားဘူး။ တစ်ခါတစ်လေ ကျရင် အဲလိုစိတ်ထား လိုက်ရင် ပေါ့သွားတယ်နော်။

ein said...

ထင်သလိုရေးတာလဲကောင်းတာပဲနော်သယ်ရင်းလေးရေ...
ဆက်လက်အားပေးနေပါ၏...

စိုးထက် - Soe Htet ! said...

"အကုန်လုံးမှန်နေတဲ့ လူတွေကြားမှာ
တစ်ယောက်မှားသွားလို့ ဘာဖြစ်သွားမလဲ
ကဲပါလေ လူညီကြသားပဲ
ဤ ကျွဲဖတ်လိုက်ကြတာပေါ့ ... ... ...။"

ဒီမှာတော့ လူညီလို့ ဤ ကို ကျွဲဖတ်လိုက်ကြတာ အချိန်တွေ ရှေ့ရွှေ့လိုက် နောက်ရွှေ့လိုက် နဲ့ပေါ့ ... ... ... ။

Anonymous said...

သိပ်မခံစားတတ်ပေမယ့် ကြိုက်တယ်.. တစ်ခုပဲရှိတယ်.. စာသားတွေက တော်တော်မှိန်လို့ မနည်းကိုဖတ်လိုက်ရတယ်.. ပာူးးးးးးးးးးးးးးးးးးးးး

Yan said...

ရယ်ကြ မောကြ ပျော်ကြ ပါးကြ
လူတော်လူကောင်းတွေရဲ့ ပုံစံခွက်ထဲ
ဒလိမ့်ကောက်ကွေး ပြုတ်မကျခင်
ပိဿလေးနဲ့ ဘေးပစ်ကြ
ဒါမှမဟုတ် အလွှာပါးပါးခြုံပြီး ငိုကြွေးကြ
ပဉ္စမံအနမ်းတွေနဲ့ အားပါးတရနမ်းကြ


အဲဒီ့နေရာလေးကို သဘောကျတယ်ဗျာ. အပေါ်က ကော်မန့်တွေကို ဖတ်ကြည့်လိုက်တော့ ကိုဆောင်းလည်း အဲဒီ့စာပိုဒ်လေးကို ထုတ်နှုတ်ထားတာတွေ့ရတယ်. တကယ်ကောင်းတဲ့ ရှတတ အပြင်းစား ရင်ဖွင့်သံစဉ်တစ်ပုဒ်ပါပဲ ကိုမျှားပြာရေ...

Layma said...

ကဗျာဖတ်ရတာ ၀ိုင်ခါးခါးတစ်ခွက် သောက်ရသလိုပဲ...။
ကဗျာနဲ့ လူနဲ့ မလိုက်ဘူး...။ ကဗျာက ကြမ်းကြမ်းလေးနဲ့ လှတယ်။.။။။။

tuzzaung said...

တို့လည်းတံတွေးဆွတ်တတ်ချင်တယ်ဝေး..

စိုးထက် - Soe Htet ! said...

:)

စိုးထက် - Soe Htet ! said...

:)

မင်းကျန်စစ်။ said...

ထင်သလို ရေးနေတဲ့ ကောင်ကြိး မင်းတော့လား ဟင်း ဟင်း :P

pandora said...

ကောင်းတယ်ကွဲ့
သံတမန်ဆန်ဆန် အားပေးသွားပါတယ်

Anonymous said...

ကဗျာလေး ကြိုက်တယ်ဗျာ .. တခါတလေ ဒေါသတွေနဲ့ ကဗျာဖတ်ရတာ နည်းနည်းပေါ့သွားသလားလို့ .. လျှာရှည်ကြည့်တာပါ
ဟဲ အရင်တခါ မွန့်ကို ကိုမျှားပြာပြောဖူးသလိုပဲ
ဒါပဲပြန်ပြောမယ်

Mhaw Sayar said...

ဒီကဗျာကို အတော်ကြိုက်မိတယ်။

စိတ်ထဲရှိရာရေးတယ်၊ စိတ်ထဲရှိတာပြောတယ်။ ကျုပ်မှားသွားလို့လဲ ကမ္ဘာပျက်မသွား ဘူး။

သိပ်ကောင်းတဲ့ စာသားပဲ။

Black Dream said...

ချီးကြူးတဲ့သူတွေက ပြောတာတော်တော်စုံနေတော့ ဘာပြောရမှန်းတောင်မသိတော့ဘူး...ေ_ာရမ်းမိုက် တယ်ကွာ...မင်းမြှားတွေ ပြာတုန်းပါ..။