ကပ်ကျော်ဘုရားဘေးမှာ
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀နဲ့
ဒေ၀ါလီခံလို့ ဒုက္ခရောက်နေသူတွေ
ဒုနဲ့ဒေးမြင်ရမယ်
လွတ်လပ်ရေး ကျောက်တိုင်နဲ့ ဆူးလေဘုရားဟာ
လူတွေရဲ့ အခါခါလှည့်ပတ်ဖြတ်လျှောက်ခြင်းကို
အိနြေ္ဒကြီးစွာ သီးညည်းခံလို့
ဗလီတွေကတော့ ခန့်ညားထည်ဝါစွာ
ပဲစေ့တွေကို စောင့်မျှော်နေတဲ့ ခိုတွေကတော့
ရန်ကုန်မြို့လယ်ရဲ့ အညမညဖြစ်တယ်
သိမ်ကြီးဈေးရဲ့ ဘေးပတ်လည်ဝရံတာတွေဟာ
ပုဆိုးအကွက်ကျဲနဲ့ မုတ်ဆိတ်တို့ကြီးစိုးရာ
သောက်စားပျော်ပါးရာ နေရာစစ်စစ်ဖြစ်ရဲ့
စင်တင်မလေးဟာ ခိုးခိုးခစ်ခစ်နဲ့ စပိုင်ကိုသောက်ပြီး
ဘူတားတစ်ကောင်ရဲ့ဗိုက်ကိုပွတ်တယ်
ငါတို့နားမလည်တဲ့ အာရဗီစကားဟာ
သူမရဲ့ အစာအိမ်ကို ခဏတော့ငြိမ်သက်စေမယ်
သိမ်ကြီးဈေးရဲ့ တံတားဟာ ဂုံးကျော်တံတားလား
ကုန်းကျော်တံတားလား မသေချာဘူး
နှုတ်ခမ်းနီမလေးတွေဟာ ရီဝေေ၀အကြည့်ရဲ့
အဓိပ္ဘါယ်ဖော်နိုင်သူကို ရှာဖွေကြတယ်
နှုတ်ခမ်းမည်းမည်းထူထူတွေနဲ့ နှစ်ပိုင်းတစ်ပိုင်းတွေဟာ
ညရဲ့အမှန်တရားကို ဖျက်ဆီးသူများဖြစ်တယ်
မင်္ဂလာဈေးရဲ့ ဘာသာဗေဒဟာ
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကထက် လှတယ်
တစ်ဖျတ်ဖျတ်တောက်ပမှုတွေကြား
ခမ်းနားမှုတွေ မူးယစ်မှုတွေဟာ
နွေညတွေကို အပြုံးတုတွေနဲ့ ကြိုဆိုနေလေရဲ့
ရင်ပူလွန်းလို့ ထင်ပါရဲ့ မိန်းမပျိုလေးဟာ
ရေခဲကို အတုံးလိုက်မျိုချနေတယ်
ဘ၀က မိုးခါးရေဆိုတော့
အများသောက်တိုင်းလိုက်သောက်စရာမလိုအောင် ခါးတယ်
ဒီလိုနဲ့ ရန်ကုန်ဟာ
ငွေအတွက် အချိန်တွေကို ဖြားယောင်းသွေးဆောင်
အသံမထွက်တဲ့ ညည်းညူမှုတွေကြား
အသွေးအသားကို ဖော်ချွတ်ပြ
ဗီသိုဗင်ရဲ့ တေးသွားဟာ
နလပိန်းတုံးအတွက် ဂီတဖြစ်တယ်
ကကြိုးတွေအောက် အကြိမ်ကြိမ်လဲပြိုကြ
ရန်ကုန်ညဟာ ဖြူနီပြာဝါနဲ့
ကိုယ်တွင်းအင်္ဂါတွေကို ဘီယာနဲ့ဆေးတယ် …..။
ဧကဧရာ
ရန်ကုန်ညဟာ ကျွန်တော်နဲ့ အတူကတယ်
ကျွန်တော်နေတဲ့မြို့ 
ကျွန်တော်နေတဲ့မြို့ 
(အဲဒီနေရာဟာ လွန်ခဲ့တဲ့လများဆီက မိုင်းတွေတ၀ုန်းဝုန်းကွဲပြီး
ရထားတွေ ခဏခဏမှောက်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ လွန်ခဲ့တဲ့လများဆီက ပစ်သံခတ်သံတွေနဲ့
ကျီးလန့်စာစား အိပ်မရတဲ့ညတွေနဲ့ လုံးထွေးနေတဲ့နေရာဖြစ်တယ်။)
အဲဒီနေရာဟာ တောင်တန်းတွေဝိုင်းပြီး
ခြေကျင်းဝတ်လောက်သာမြှပ်တဲ့ ချောင်းကလေးတွေစီးဆင်းတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ချောင်းတွေက ပြောင်းပြန်စီးပြီး
လူတွေက စောက်ထိုးတွေပြောတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ကုလားနဲ့တရုတ်တွေက မြို့ လည်မှာနေပြီး
တိုင်းရင်းသားတွေက မြို့ စွန်မှာနေတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာမှာ အပေါဆုံးက အရက်ဆိုင်နဲ့ ခေါက်ဆွဲဆိုင် ဖြစ်တယ်။
အဲဒီနေရာဟာ တအားချစ်စရာကောင်းတဲ့ ကချင်မလေးတွေရှိပြီး
အရမ်းရိုးတဲ့ ရှမ်းဗမာမလေးတွေနေတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ဘုန်းကြီးကျောင်းတွေက ဟည်းထနေပြီး
လူနေအိမ်တွေက စုတ်ခြာတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ယောင်္ကျားတွေက မှော်ထဲတက်ပြီး
မိန်းမတွေက လယ်လုပ်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ သီတင်းကျွတ်ကစလို့ တန်ခူးအထိ
ဘုရားပွဲတွေ အလှူပွဲတွေမပြတ်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ အရမ်းကို ချစ်စရာကောင်းတဲ့
ထမင်းပေါင်းပွဲတွေ ပြုလုပ်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ မိုးညှင်းသတိုးရဲ့နေပြည်တော်ဖြစ်ပြီး
သိုဟန်ဘွားရဲ့ အပိုင်စားရာ နေရာဖြစ်တယ်။
အဲဒီနေရာဟာ အရမ်းရိုးတဲ့ လူလည်တွေနဲ့
အရမ်းကို မျက်နှာချိုတဲ့ လူမိုက်တွေရှိတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ဆင်ခေါင်းတောင်ကြီးပျောက်သွားရင်
မိုးတွေသည်းသည်းမဲမဲ ရွာတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ဆရာသော်တာဆွေနဲ့ မသူတို့
ချစ်ရည်လူးခဲ့တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ စာရွက်နဲ့ဘောပင်ရှိရင်
တွေ့ရာလူကို တိုင်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ကေတီဗွီမရှိ၊ စင်တင်မရှိ
အနှိပ်ခန်းမရှိ ဘာမရှိ ဘာမရှိ နေရာဖြစ်တယ်။
အဲဒီနေရာဟာ အဲဒီနေရာဟာ
အဲဒီနေရာဟာ ……………………………………
တောင်က မြောက်ကို ပြောင်းပြန်စီးတဲ့ နန့်ရင်းချောင်းဟာ
နေ့နေ့ညည တစ်မြို့ လုံးကို ပတ်ခွေရစ်နေလေရဲ့။
ဘလော့ ဘလော့ ဘလော့
ဒီနေ့ပဲစက်တင်ဘာ ၂ ရက်ရှိပြီ .... ဘလော့ဒေးက သြဂုတ် ၃၁ ... ဘလော့ဒေးမှာ ဘလော့အကြောင်းရေးဖို့ ကိုရန်အောင်က သူ့ပိုစ်ကိုဖတ်မိသူတိုင်းကို တိုက်တွန်းသည်.။မလေးအိမ့်ချမ်းမြေ့ကလည်း ကျွန်တော့်ကို ရေးပါတဲ့။ ဘလော့အကြောင်းကို ဘာရေးရမလဲစဉ်းစားရင်း အရင်က ဘလော့လောကအကြောင်းတွေ ခေါင်းတွေမှာ တန်းစီပြီး ပေါ်လာသည်။ အဲဒီမှာတင် ဘလော့အကြောင်းမရေးမိတော့ပဲ အတွေးများက အမျှင်တန်းသွားပြီး အတိတ်ဆီကို ရောက်သွားပြီ....။ ခက်တော့လည်း ခက်သည်.... လူဆိုတာ မတွေးမိရင်လည်း စိတ်ထဲမှာအဲဒီလောက်ကြီး မဖြစ်၊ တွေးမိပြန်တော့လည်း အဆုံးအစမရှိဖြစ်သွားပြန်သည်။ အရင်တုန်းက စွဲလမ်းမိသမျှ ဘလော့ဂါတွေ၏အကြောင်းကို သိချင်လာသည်။ သိချင်လာသောစိတ်ကို မတားတော့ပဲ လွှတ်ပေးမိတော့ ဘလော့တွေကို လိုက်လှန်မိသွားပြန်သည်။ ကြည့်မိသမျှ ဘလော့ဂါတော်တော်များများက ဘလော့နဲ့ ကင်းကွာနေကြပြီ..... အချို့ဆို ဘလော့တွေကို ပိတ်တောင်ထားသည်..။ ၀မ်းနည်းတဲ့စိတ်ကို ထိမ်းမရတော့ .... အဲဒါနဲ့ပဲ ဘလော့ဒေးပို့စ်ကို ရေးဖို့နေနေသာသာ အိပ်မရတဲ့ညတွေသာ ရင်ဘတ်ထဲရောက်လာခဲ့သည်။
တစ်ချိန်က ဘလော့ကို အရူးအမူးစွဲလန်းခဲ့သူများတွင် ကျွန်တော်လည်း အပါအ၀င်ဖြစ်သည်..။ ဘလော့ဖတ်ဖို့၊ ဘလော့ရေးဖို့ဆိုရင် နေ့မအိပ် ညမအိပ်၊ အချိန်တိုင်းခေါင်းထဲမှာဘလော့ ဘလော့နဲ့ ဖြစ်ဘူးခဲ့သည်.။ အကြောင်းကြောင်းတွေကြောင့် ဘလော့နဲ့ ကင်းကွာခဲ့သော်လည်း ကိုယ့်ရဲ့မသိစိတ်ရော သိစိတ်မှာပါ အမြဲတမ်း သတိရနေမိသည်.။ ကြုံ့တိုင်းဆုံတိုင်း အွန်လိုင်းပေါ်ရောက်တိုင်း ဘလော့တွေကို အရင်ကြည့်မိသည်.။ ဘယ်လိုပဲ ကျော်ရ ခွရ ..ဘယ်လိုပဲ တက်လိုက် ကျလိုက်ဖြစ်ဖြစ် အပြာဝိုင်းလေးလည်နေတာကို ထိုင်ကြည့်ရင်းဘလော့လေးများ ပွင့်လာလေမလား ဆိုပြီး အချိန်တွေကုန်သွားတဲ့ရက်တွေလည်း မနည်းတော့။ ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ရေးသူတစ်ယောက်အနေနဲ့ ဘလော့တွေကို တမ်းတမိတာတော့ အမှန်ပင်။ ဘလော့အကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော် ဒီပို့စ်ကို ကိုပီကေတက်ဂ်လို့ရေးဘူးသည်.။ အဲဒီအချိန်က ဘလော့ဂါတွေ တော်တော်များများ ရေးအားသွက်နေချိန်ဖြစ်သည်.။ စာတွေဖတ်လိုက်၊ ကွန့်မန့်တွေရေးလိုက် ဆီဗုံးမှာ နောက်လိုက်
ပြောင်လိုက်နဲ့ အတော်ကြီးကို ပျော်စရာကောင်းခဲ့သော ကာလတစ်ခုဖြစ်သည်.။ ဒီလိုနဲ့ပဲ ရေးလိုက် ဖတ်လိုက် တက်ဂ်လိုက် စလိုက် နောက်လိုက်နဲ့ ကျွန်တော်လည်း ဘလော့တွေနဲ့ ကင်းကွာသွားခဲ့ပါတယ်။
အခုအခြေအနေလေးပေးတုန်း ဘလော့ကိုပြန်ရေးမယ်လို့ စိတ်ကူးလိုက်တဲ့အခါ ဘလော့ဒေးနဲ့တောင် နီးနေပြီ။ MBS ကလည်း မြန်မာဘလော့ဂါဖိုရမ်ကို ကျင်းပတော့မယ်......။ဟိုးအရင် မြန်မာဘလော့ဂါတွေ ပထမဆုံးကျင်းပတဲ့ ဘလော့ဒေးကိုပြန်သတိရမိတယ် ... အဲဒီတုန်းက ရန်ကုန်ကဘလော့ဂါတွေက ဘလော့ဒေးအစီအစဉ်တွေကို အချိန်နဲ့အမျှတင် ... ပြည်ပက ဘလော့ဂါတွေက ကွန့်မန့်တွေရေးလိုက် ဆီဗုံးမှာ အော်လိုက်နဲ့ တော်တော်ကို ပျော်စရာကောင်းသော ဘလော့နေ့လေးဖြစ်သည်.။ ဘလော့အကြောင်းကိုရေးမယ်ဆိုရင် တော်တော်လေးကို အမှတ်ရစရာတွေများသလို ရေးရင်လည်း ဆုံးမယ်မထင် ...။ ရေးချင်တာတွေများနေတော့ တကယ်တမ်းရေးမယ်ဆိုရင် အများကြီးဖြစ်သွားနိုင်သည် ... ဒီတော့ ဒီမှာတင်ဘဲ ရပ်လိုက်တော့မည်........။ ဘလော့တွေထဲမှာ အသိပညာပေးသူတွေ၊ သုတရသပေးသူတွေ၊ ပျော်ရွှင်မှုကို မျှဝေသူတွေ၊ နည်းပညာတွေရေးသားသူတွေ၊ ဘလော့ဂါတွေ ဘလော့ရေး
သူတွေ အများကြီးရှိသလို၊ နောက်လည်းအများကြီးရှိနေမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ် ...။ ကျွန်တော်တို့ မြန်မာဘလော့လောကကြီး တိုးတက်ပြီး ပျော်ရွှင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်ခင်ဗျာ .... အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေ။
၅ နှစ်ကြာပြီးနောက်
ကျွန်တော့်ဘလော့ဂ်ကို မရေးဖြစ်တာ ငါးနှစ်တောင်ကျော်နေပြီရော .... ပြန်တွေးကြည့်ရင် မနေ့တစ်နေ့ကလိုပဲ အဖြစ်အပျက်တွေက ရင်ဘတ်ထဲကို တန်းစီပြီးရောက်လာလိုက်တာ ..ဘလော့ဂါတွေ၊ဘလော့ရေးသူတွေ၊ ဘလော့ဖတ်သူတွေ အားလုံးအားလုံးကို ပြန်သတိရမိပါတယ်။ အရင်ကသိခဲ့ဘူးတဲ့၊ခင်မင်ခဲ့ဘူးတဲ့ ဘလော့ဂ်တွေကို သွားကြည့်လိုက်တော့ ပိတ်တဲ့သူကပိတ်၊မရေးတဲ့သူတွေက မရေးတော့နဲ့ ၀မ်းနည်းစရာကောင်းလိုက်တာ။ အေးလေ ကိုယ်တောင်မှ ဘလော့မရေးတာ နှစ်ချီပြီးတောင် ကြာနေပြီဆိုတော့ ကျန်တဲ့သူတွေလည်း အကြောင်းကြောင်းနဲ့မရေးဖြစ်တော့တာ မဆန်းပါဘူး.။ ဘာပဲဖြစ်ဖြစ်ပါလေ ကျွန်တော်ကတော့ အားလုံးကို သတိရပါတယ် ....။ ဒီဘလော့ဂ်လေးကိုလည်း အခြေအနေပေးရင် ပေးသလို ကျွန်တော်ကတော့ဆက်ရေးနေမှာပါ.။ ဘလော့ရေးခဲ့သူတွေ၊ ဘလော့ရေးနေဆဲသူတွေ၊ ဘလော့ရေးမယ့်သူတွေ အားလုံး ငြိမ်းချမ်း၊အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေဗျာ .....။
နူတ်မဆက်ဘူး

ဟောဒီမှာ
လေတွေတိုက်နေသရွေ့ တော့
ခင်ဗျားတို့နဲ့ ကျွန်တော့်ရဲ့
အနံ့ အသက်တွေကို
ရှုရှိုက်နေရဦးမှာပါ ...။ ။
နောက်ဆုံး
နောက်ဆုံး
တသမတ်တည်း စီးဆင်းနေတဲ့
သဘာဝတရားကြီးပါ
ဘယ်သူ့ကိုမှ မရိုက်ချသလို
ဘယ်သူ့ကိုမှလည်း မမြှောက်ပင့်ပါဘူး
လေယူရာ ယိမ်းနိုင်ခဲ့ရင်တောင်
အချိန်တန်တော့လည်း ဒီလောက်ပါပဲ
အဲဒါလေးကိုပဲ ယစ်မူးခဲ့တဲ့
ဟောဒီ တလွဲကောင်က
နောက်ဆုံးတော့ ရင်ဘတ်ဟောင်းလောင်းနဲ့
ကိုယ့်စီရင်ချက် ကိုယ်ချခဲ့တယ် ... ... ...။
ကျေးဇူးတင်ပါတယ်ဗျာ ...
ကျွန်တော့်ကို အခုလိုတကူးတက ဆုတောင်းပေးကြတဲ့ ညီအစ်ကို မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ ..။ သေသေချာချာ ဘာမှမလုပ်ပေးနိုင်တာကိုတော့ နားလည်ပေးစေချင်ပါတယ် ..။ စာမေးပွဲတွေနဲ့ လုံးပန်းနေရလို့ပါ ..။ ကြောင်ကလေးဆီမှာပဲ အ၀အပြဲသုံးဆောင်ကြပါ . :P ။ ကြောင်ကလေးရေ ကျေးဇူးအထူး ဟဲ ဟဲ ..။ အားလုံးပဲ ငြိမ်းချမ်းအောင်မြင် ပျော်ရွှင် အဆင်ပြေပါစေဗျာ ..။
အာဘွားးးးးးးးးးးးးးးးးးး
သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန်
သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန်
ရုရှားနိုင်ငံရောက် မြန်မာကျောင်းသားများထံမှ ကောက်ခံရရှိသော မုန်တိုင်းဒုက္ခသည် အလှူငွေများအနက်မှ ဗုဒ္ဓ ကလျာနယုဝအသင်း (YMBA-MEPhI)မှလက်ခံရရှိသော အလှူငွေ US$2500 အား (ပထမအကြိမ်) အဖြစ် မြန်မာနိုင်ငံရှိ ဒုက္ခသည်များထံသို့ (တိုက်ရိုက်) ပေးပို့လှူဒါန်းရာတွင် ဆက်သွယ်မှု့ အခက်အခဲများကြောင့် အ နည်းငယ် ကြန့်ကြာခဲ့ရာ ရုရှားရောက် မြန်မာ Blogger ကျောင်းသားတစ်ဦး၏ မိဘများထံမှ တစ်ဆင့်ဆက်သွယ် ပေးပို့လှူဒါန်းနိုင်ခဲ့ပါသည်။
၎င်းကျောင်းသား မိသားစုမှ လက်ခံရရှိသော (ပထမအကြိမ်) အလှူငွေများနှင့်အတူ အလှူငွေ ကျပ် (၁၀)သိန်း အား ထပ်မံထည့်ဝင်လှူဒါန်းကာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကန်ဦးဇေတ၀န် ကျောင်းတိုက်မှ ကျောင်းထိုင် ဆ ရာတော်ထံသို့ လှူဒါန်းပြီး၊ စေတနာရှင် လူငယ်ဆရာဝန်များ နှင့်အတူ မုန်တိုင်းဒဏ်အား အဆိုးရွားဆုံး ခံစားခဲ့ရ သော ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် အတွင်းရှိ အစဲကြီးရွာ၊ ညောင်တနီးရွာနှင့် သိဖက်ရွာ သုံးရွာတို့အား ကာလ တန်ဖိုး စုစုပေါင်း ကျပ်သိန်း (၄၀) ခန့်တန်ဖိုးအားဖြင့် ရှိသော တာလဘတ် အမိုးများ၊ ဆန်၊ ပဲ၊ အ၀တ် အထည်နှင့် ဆေးဝါးများအား ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသားများကိုယ်စား (၁၆.၅.၀၈) တွင် ကိုယ်တိုင် ကိုယ်ကျ (တိုက်ရိုက်) သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း မြန်မာပြည်သူပြည်သားအပေါင်း သာဓုအနုမောဓ နာ ခေါ်ဆိုနိုင်ကြစေရန် အသိပေး တင်ပြအပ်ပါသည်။
(ဒုတိယအသုတ်) အနေဖြင့် ထပ်မံလှူဒါန်းနိုင်ရန်အတွက် အစီအစဉ်များကိုလည်း ထပ်မံဆောင်ရွက်ပြီး ဖြစ် ပါသည်။
ချမ်းသာသမျှ
ချမ်းသာသမျှ
ဘာမှဝေေ၀၀ါးဝါးမရှိတဲ့
ဟောဒီကောင်မှာ
စည်းစိမ်ပြုတ်မှ
ချစ်တတ်တဲ့ အသည်းနှလုံးတစ်ခုရယ်ပါ မမရယ် ...။
Золотая Бирма
Мьянманский мальчик машет мне рукой
Автобус мчится в Бирме Золотой.
Поля мелькают ,пагоды,леса
И гор древнейших ленты полоса,
И хижины из пальмовых ветвей....
Ах, Бирма, в сердце мне бальзам пролей .
Жить на Земле издревле научи,
В снегах далёких в сердце постучи,
Чтобы не забыть в московском мне метро
Улыбки безлозубой:"Where from?"
Мьянманский мальчик машет мне рукой
Автобус мчится в Бирме Золотой.
Поля мелькают ,пагоды,леса
И гор древнейших ленты полоса,
И хижины из пальмовых ветвей....
Ах, Бирма, в сердце мне бальзам пролей .
Жить на Земле издревле научи,
В снегах далёких в сердце постучи,
Чтобы не забыть в московском мне метро
Улыбки безлозубой:"Where from?"
Мьянманский мальчик машет мне рукой
Автобус мчится в Бирме Золотой.
Поля мелькают ,пагоды,леса
И гор древнейших ленты полоса,
И хижины из пальмовых ветвей....
Ах, Бирма, в сердце мне бальзам пролей .
Жить на Земле издревле научи,
В снегах далёких в сердце постучи,
Чтобы не забыть в московском мне метро
Улыбки безлозубой:"Where from?"
Мьянманский мальчик машет мне рукой
Автобус мчится в Бирме Золотой.
Поля мелькают ,пагоды,леса
И гор древнейших ленты полоса,
И хижины из пальмовых ветвей....
Ах, Бирма, в сердце мне бальзам пролей .
Жить на Земле издревле научи,
В снегах далёких в сердце постучи,
Чтобы не забыть в московском мне метро
Улыбки безлозубой:"Where from?"
Вера Якубовская
ဦးမင်းလူ နုတ်ထွက်သွားခြင်း
ဦးမင်းလူ နုတ်ထွက်သွားခြင်း
ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာဆိုရင် …။
ရိုးသားတယ်ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင် …။
ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …။
ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …။
အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။
မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
`ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။ ။
သူငယ်ချင်းများနှင့် အမှတ်တရသင်္ကြန်
ပေးချင်တဲ့နာမည်ပေး ငါခွေးမဖြစ်ရင်ပြီးရော
ပေးချင်တဲ့နာမည်ပေး ငါခွေးမဖြစ်ရင်ပြီးရော
အစလေးလုံး
အလယ်သုံး
အဆုံးငါးခုနစ်
ဘယ်သူချစ်ချစ် မချစ်ချစ်
အားလုံးကို ငါချစ်တယ်
လေးသုံးနှစ်တစ်
လေးနှစ်လေးနှစ်
ဘယ်လိုဖြစ်ဖြစ် ငါချစ်တယ်
မကျည်းရွက်စိပ်ပဲဖြစ်ဖြစ်
သပ်စေ့နှက် သုံးချက်ညီပဲဖြစ်ဖြစ်
ဘီလူးရယ်သံပဲဖြစ်ဖြစ်
ချစ်တယ်ဆို ချစ်တယ်ပဲကွာ
ငါ့ရင်ခုန်သံကိုပဲ
ချစ်ချစ်ချစ်ချစ်....
ပိုဒ်စုံရတုတစ်ပုဒ် ရေးချလိုက်တယ်
သူငယ်ချင်းတွေဆီကရတဲ့ သြဘာသံ
"တော်ပါတော့" တဲ့
ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့
ဒီအသံကို ငါစောင့်နေတာ...။
ဒီညအလွမ်းတွေကို
အကြိမ်ကြိမ်ခါချတယ်
တစ်သုံးခုနှစ်သုည
နှစ်တွေသာ အခါခါထပ်သွားတယ်
ငါတို့ မနက်ဖြန်တွေ
ဘယ်တော့တွေ့လေမလဲ
အထပ်ထပ်အကြိမ်ကြိမ်
ငါတွေးတယ်
ကြိတ်မျိုချလိုက်မိလိုက်တဲ့
`အားလုံးကိုအတည်´ ပြောကြ
ဆိုတဲ့စကားသံတွေ
နားပိတ်ထားလိုက်မိတယ်
ငါ့အတွေးတွေကိုချစ်တယ်
ငါ့အမြင်တွေယုံကြည်တယ်
တစ်နေ့ ငါတို့
အနာဂတ်တွေ နဂါးငွေ့တန်းရဲ့
တစ်ဖက်မှာ လင်းလက်ရမှာပေါ့....
ဒွိဟအတွေးတွေ
ခပ်မြင့်မြင့် အထပ်ပေါ်က ပစ်ချ
အိပ်ပျက်တဲ့ညတွေကို
စွန့်ပစ်မယ် သူငယ်ချင်း .....။
မနက်ဖြန် ဘာဖြစ်မယ်
ငါမသိ
ဒီနေ့ အကောင်းဆုံးကို
ငါထိတွေ့ပြီး ငါခံစားတယ်
ဒီနေ့ ဘာနေ့လည်း?
ငါမသိဘူး ...
ငါမခံစားတတ်ခဲ့ဘူး...
ဒါပေမဲ့
လွတ်လွတ်လပ်လပ်
ပျော်ပျော်ရွှင်ရွှင်ပေါ့
ငါ.....
စိတ်တွေကို
လေပေါ်တင်လွှတ်လိုက်တယ်....။
ခွေးမဖြစ်၇င် ပြီးရောတဲ့
သိပ်အဆင်ပြေတာပေါ့
ဖြစ်ချင်လည်း ဖြစ်ပေါ့ကွယ်
မြတ်နိုးစရာဆိုလို့ ဒါလေးတွေပဲရှိတာ
ဟော .... ပါးစပ်ဖျားက ထွက်ကြလာတာ မဟုတ်ဘူး
ရင်ဘတ်ထဲက ပစ်စလက်ခတ်ကြလာတာ
သိပ်များများမကြည့်ပါနဲ့
ခြေဖျားလေးလောက်ပဲ မြင်အောင်ကြည့်ပေါ့
လက်တွေကို ဆုပ်ချည်ဖြန့်ချည်နဲ့
ဖြေချလိုက်တော့ ပါးပါးလေးတဲ့
တကယ်ကို ပါးပါးလေးပဲ
လှပ်ကြည့်လိုက်မယ်
မျက်တောင်မခတ်ကြေး
........................
ဘာတွေလဲ မမေးနဲ့
ခင်ဗျား အသည်းကွဲသွားမယ် ....။
လောကရဲ့ ဖြစ်ပျက်ခဲ့တဲ့ အမှန်တရား
တွေ့ခဲ့သူအတွက်
အံ့သြမိလို့ချပြမိတယ်
ငါ့စေတနာကို ငါ့သူငယ်ချင်းတွေ
မြင်နိုင်လောက်ရဲ့။
လောကရဲ့လွတ်လပ်မှုတရား
ဒီညမှာ အားရပါးရတွေ့ခဲ့ရတယ်
ဆုံနေကျအထီးကျန်မှုတွေ
ဒီညမှာတော့ သူငယ်ချင်းတစ်စုကြောင့်
အဝေးဆုံးမှာ လွင့်ပါးလို့
စိတ်ရဲ့ အကြွင်းမဲ့ဟာ
နှစ်သစ်သင်္ကြန်မှာပဲ လွင့်မျောထားစေတယ်...။
ဒီနှစ်သစ်မှာလည်း အထီးကျန်နေဆဲပါပဲ
အရာရာဟာ အသစ်အသစ်တွေနဲ့ နေ့သစ်တွေစနေပါစေ
လွမ်းမောမှု့တွေ အထီးကျန်မှု့တွေ အားလုံးထားခဲ့မယ်
မနက်ဖြန်မှာ နှစ်သစ်ရဲ့ နေ့သစ်တွေ ရှိနေမယ်
အားလုံးဟာ သင်္က္ခရ သဘောပဲပေါ့
ခင်ဗျားဟာ မနေ့ကထက် ဒီနေ့အတွက်တော့လူသစ်ပဲလေ
ခင်ဗျားပြောလိုက်ပါ ဒါဟာ ကျွန်တော်တို့အတွက် ဖြေသိမ့်မှု့တစ်ခုမဟုတ်ခဲ့ဖူးလား ။
မနက်ဖြန်ရဲ့အတွက် ကျွန်တော် အိပ်မက် မက်ဦးမယ်
ကျွန်တော့်တို့ ကောင်းကင်မှာ ကြယ်တွေ လင်းလက်နေမယ်
ခင်ဗျာအတွက်ဆိုတာထက် ကမ္ဘာမြေအတွက် ကြယ်တွေ လင်းလက်နေတယ်
တစ်ကိုယ်ကောင်းစိတ်လေးတော့ လျှော့
မနက်ဖြန်ဟာ ၁၃၇၀ နေ့သစ်တွေပဲပေါ့
မပျော်ခဲ့ဖူးတဲ့နေ့ဟာ တစ္တေအချောက်ဆုံးနေ့ဆိုရင်
ကျွန်တော် ခင်ဗျားကို နွေလည် နေ့တွေ လက်ဆောင်ပေးမယ်
နှစ်သစ်ဟာ အသစ် အသစ်တွေနဲ့ ဖူးပွင့်လို့ကောင်းနေတုံး ။ ။
ညိမ်းညို၊ တင့်ထူးရွှေ၊ မျှားပြာ၊ မင်းကျန်စစ်၊လွမ်းလုင်၊ လွမ်းစေ
ထင်သလိုရေးတယ် ရေးချင်သလိုရေးတယ် ငါမှားသွားလို့လဲ ကမ္ဘာမပျက်ဘူး
ထင်သလိုရေးတယ် ရေးချင်သလိုရေးတယ် ငါမှားသွားလို့လဲ ကမ္ဘာမပျက်ဘူး
ယောင်တောင်ပေါင်တောင်
ကြောင်တောင်တောင်ကောင်တွေရဲ့
အစာအိမ်ဝမှာ မုသာဝါဒတွေနဲ့ ပိတ်ဆို့နေတယ်
ကမ္ဘာကြီးကပဲ ပိုပြီးတိမ်းစောင်းလာတာလား
လူတွေကပဲ စောင်းငန်းငန်းဖြစ်လာတာလား
လက်တွေတယမ်းယမ်း အံတွေတကျိတ်ကျိတ်နဲ့
လမ်းတွေက မကောက်ပေမယ့်
စိတ်တွေကတော့ မဖြောင့်တော့ဘူး
မနေ့တနေ့ကတော့ ကျွန်တော်နဲ့ ငါ
လက်မောင်းသွေးဖောက်လို့ သစ္စာရေသောက်ကြတယ်
( တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိကြေးပေါ့ )
သောက်ပြီးခဏမှာပဲ ဗိုင်းခနဲလဲကျတယ်
( မသေသေးဘူး ဆန့်ငင်ဆန့်ငင်နဲ့ )
ကဲ ကဲ အားရပါးရကခုန်ကြ
ဒါဟာ အလ္လာအရှင်မြတ်ရဲ့ အမိန့်တော်ကို ခံယူတာမဟုတ်သလို
ခရစ်တော်မှာလည်း အိပ်ပျော်တာမဟုတ်ဘူး
နေ့စဉ်ထုတ်သတင်းစာမှာ ၁" . ၂" အကွက်တစ်ကွက်ပါဖို့လဲ မဟုတ်ဘူး
ကျင့်ခြင်သလို ကျင့်ပြီး ဆင်ကြံ ကြံနေကျတဲ့
နိုင်ငံကြီးသားများ နှုတ်သီးကောင်းလျှာပါးဖို့ဖြစ်တယ်
အတောင်နှစ်ဆယ် ၀တ် မ၀တ်
မသေချာတဲ့ ယောကျာင်္းရင့်မာကြီးများ
ပုဆိုးခြုံထဲက လက်သီးပြဖို့ဖြစ်တယ်
ရယ်ကြ မောကြ ပျော်ကြ ပါးကြ
လူတော်လူကောင်းတွေရဲ့ ပုံစံခွက်ထဲ
ဒလိမ့်ကောက်ကွေး ပြုတ်မကျခင်
ပိဿလေးနဲ့ ဘေးပစ်ကြ
ဒါမှမဟုတ် အလွှာပါးပါးခြုံပြီး ငိုကြွေးကြ
ပဉ္စမံအနမ်းတွေနဲ့ အားပါးတရနမ်းကြ
ဟောဒီနေရာမှာ စာရေးတာ၊ကဗျာရေးတာမဟုတ်သလို
အနုပညာကို ချပြတာလည်းမဟုတ်ဘူး
စိတ်ထင်ရာကို လျှောက်ရေးတာ
မိုက်တယ်ဆိုတာ သိပ်လွယ်တာပေါ့
လက်ညှိုးလေးကွေးတတ်ဖို့ မလိုဘူး
နားရွက်တံတွေးဆွတ်တတ်ဖို့ပဲ လိုတယ်
အကုန်လုံးမှန်နေတဲ့ လူတွေကြားမှာ
တစ်ယောက်မှားသွားလို့ ဘာဖြစ်သွားမလဲ
ကဲပါလေ လူညီကြသားပဲ
ဤ ကျွဲဖတ်လိုက်ကြတာပေါ့ ... ... ...။
ကဗျာခေါင်းစဉ်ကို အစ်မဟန်နီရဲ့ ဘန်နာက စာသားကို ယူထားတာပါ ..။
ဒီနေ့မှာ သူမအတွက် ကျွန်တော်နူးညံ့စွာရူးသွပ်တယ်
ဒီနေ့မှာ သူမအတွက် ကျွန်တော်နူးညံ့စွာရူးသွပ်တယ်
ဟောဒီနေ့မှာ ကျွန်တော့်ရဲ့ ရင်ဘတ်ပေါ်ကို
ကျွန်တော် တဖုတ်ဖုတ်နဲ့ ပစ်ကျတယ်
သူမမျက်နှာညှိုးငယ်တဲ့အခါ
ကျွန်တော့်ဘာသာဗေဒတွေ
ဖောက်လွှဲဖောက်ပြန် ဖြစ်ကုန်တယ်
သူမရဲ့ မျက်ရည်တွေကြားမှာ
ကျွန်တော် စုန်းစုန်းမြှုပ်တယ်
စီကာစဉ်ကာ မဟုတ်ပဲ
ကျလာတဲ့ကျွန်တော့်ရဲ့မျက်ရည်တွေကိုတော့
ခပ်ဝေးဝေးကို ကန်ထုတ်ပြစ်မိတယ်
အရှအနများတဲ့ ကျွန်တော့်ကဗျာတွေဟာ
သူမနဲ့မသက်ဆိုင်ပါဘူးဆိုတာ
ကျွန်တော်တိုးတိုးလေး ရေရွတ်တယ်
ကျွန်တော်နဲ့သူမ ရင်ခြင်းအပ်တဲ့အခါ
ကျွန်တော်ရဲ့နူးညံ့မှုတွေနဲ့
သူမကို နွေးထွေးစေမယ်
မြောက်ပြန်လေတွေ မတိုက်ခတ်မီ
သူမနဲ့ပါးပြင်ချင်း နီးချင်တဲ့အကြောင်း
ကျွန်တော် စာလုံးပေါင်းပြမယ်
တိမ်တွေပြာမယ့် တစ်နေ့
ကျွန်တော့်ရင်ခွင်မှာ သူမကိုထွေးပွေ့လို့
ချစ်ခြင်းသံစဉ်တွေကိုသီဆိုပြမယ်
သူမရဲ့ မနက်ခင်းတိုင်းကို
ကျွန်တော့်အနမ်းတွေနဲ့
နိုးထစေမယ်ဆိုတဲ့အကြောင်း
သူမရဲ့ နှုတ်ခမ်းတွေကို တိုင်တည်ပါတယ်။
စိတ်ညစ်နေတဲ့အခါ …
စိတ်ညစ်နေတဲ့အခါ
စိတ်ညစ်နေတဲ့အခါ
ကျွန်တော့်မျက်နှာကို ပွတ်သပ်ပေးတတ်တဲ့
ချစ်သူရဲ့ လက်ကလေးတွေကို လွမ်းတယ် ...။
စိတ်ညစ်နေတဲ့အခါ
တစ်ခါတည်း ကိုင်ကြည့်ဖူးတဲ့
ချစ်သူရဲ့ခြေသန်းလေးကို လွမ်းတယ် ...။
စိတ်ညစ်နေတဲ့အခါ
အမြဲတမ်းနမ်းခဲ့ရတဲ့
ချစ်သူရဲ့ ဆံပင်ရှည်ရှည်တွေကို လွမ်းတယ် ...။
စိတ်ညစ်နေတဲ့အခါ
တစ်ခါမှ မနမ်းဖူးတဲ့
ချစ်သူရဲ့ နှုတ်ခမ်းပါးပါးလေးကို လွမ်းတယ် ...။
စိတ်ညစ်နေတဲ့အခါ
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့
ချစ်သူရဲ့ ရင်ငွေ့ နွေးနွေးကို လွမ်းတယ် ...။
စိတ်ညစ်နေတဲ့အခါ
ချစ်သူရဲ့ အစိတ်အပိုင်းအားလုံးကို လွမ်းတယ် ...။
Blog Archive
Labels
- ကဗျာ (52)
- ကျွန်တော်ကြိုက်သောကဗျာများ (6)
- တက်ဂ် (13)
- ဘာရယ်မဟုတ် (6)
- သီချင်း (6)
- ဟာသ (4)
- အမှတ်တရ (9)
- အကြောင်းအရာ (11)
- ကောင်းမှူ့ကုသိုလ် (1)
- ဆော့ဝဲလ် (2)

