ဒုတိယမြောက် ဖွင့်မိခြင်း

၂၁ ရာစု အလွန်မှာ
အသိဥာဏ် ဆိုတာ
'လက်တစ်လုံးခြား လှည့်ဖျားခြင်း'တဲ့..............။

အတ္တဘောတွေကတော့ တစုံတရာနောက်
ဝရုန်းသုံးကား ပြေးလိုက်ကြ
ကဗျာတွေကတော့ သွေးသံရဲရဲ
အတ္တတွေကတော့ ဖရိုဖရဲ ပြန့်ကျဲလို့

ခွေးတွေက အာပြီး
ကျီးတွေက ဟောင်တယ်
ငါကတော့ တယောတစ်လက်နဲ့ 
အဲဒီအချိန်မှာပဲ............
ရောမ မြို့ ကြီးဆီက မီးတောက်တွေ မြင်လိုက်ရတယ် ..........။ ။

3 comments:

Anonymous said...

့hey dude,

this is a nice poem, ကဗျာက မိုက်လှချီလားဗျ.. =) များများရေး..အဲဒီ့လိုမျိုး..

ယူဆဂိ said...

တတိယမြောက်ဖွင့်ပြီးရင် လာအကြောင်းကြားပါအုံး
:P

မျှားပြာ said...

ဟုတ်ကဲ့ ဒီမို
ဆဂိ လာပြောမယ်ဗျး)