ကျွန်တော်နှင့် ကြောင်နှစ်ကောင်အိမ်မက်

'အား ... အေးလိုက်တာ ...'
ဖြတ်ခနဲ မျက်လုံးကို ဖွင့်လိုက်တော့ ကျွန်တော့်ဂုတ်ကို လက်အေးကြီးနဲ့ ကိုင်ထားတဲ့ လူတစ်ယောက်...
'ဟေ့လူ ဘာလုပ်တာလဲဗျ'
'လျှာမရှည်နဲ့ ထစမ်း' "ဗြောင်း"
(အာ ဒီလူ ရုပ်ကြည့်တော့ သန့်သန့်ပြန့်ပြန့်နဲ့ တော်တော်လက်သံပြောင်တာပဲ)
'ဘာလဲဗျ ဘာလုပ်မလို့လဲ'

'မင်းကို ပြောစရာရှိလို့ကွ၊ မင်းတို့က ဘလော်ဂါ အချင်းချင်းမှ ချစ်တာလား။ ဘလော့မရေးပဲ မင်းတို့ကို အားပေးတဲ့သူကိုတော့ မင်းက အဖက်မလုပ်ချင်ဘူးပေါ့လေ ဟုတ်လား'
'အာဗျာ ဟုတ်ပါဘူးဗျာ ကျွန်တော့်ရဲ့ ကမြောက်ကချောက်စာတွေကို အချိန်ကုန်ခံပြီး လာဖတ်တဲ့သူကို ကျွန်တော် လေးစားပါတယ်ဗျ။ ဘလော့ရေးရေး မရေးရေး ကျွန်တော့်ကို ခင်လို့လာတာပဲဗျ အဲလိုစိတ်မျိုး ကျွန်တော့်မှာ မရှိပါဘူး။'
"တော်စမ်း" ... 'မင်း ပေါက်ကရတွေ မပြောနဲ့ ။ ပြောတော့ တစ်မျိုး လုပ်တော့ တလွဲဆိုတာ မင်းလိုလူစားမျိုးပဲ '
'ဟာ .. ခင်ဗျားက ကျွန်တော်ကို အသားလွတ်ကြီး စွပ်စွဲနေပါလားဗျ ... နေပါဦး ကျွန်တော်က ဘာလုပ်မိလို့ ခင်ဗျားက ဘာတွေပြောနေတာလဲ။ ခင်ဗျားကရော ဘယ်သူလဲဗျ။'
'ငါ မောင်မျိုးပဲကွ၊ မင်းဆီကိုလာတဲ့ သူတွေအကုန်လုံးကိုကျ မင်းက တစ်ယောက်ခြင်းပြန်ပြောတယ်။ ငါ့ကျတော့ မင်းကချန်ထားတယ် .. အဲဒါ ကောင်းသလား။တော်ပြီ ဟေ့ကောင် မင်းဆီကိုမလာတော့ဘူး သွားမယ် ဒါပဲ'
'ဟာ ... ကိုမောင်မျိုး ကိုမောင်မျိုး ....... အစ်ကို အစ်ကို ...'
အဲဒီအချိန်မှာပဲ ကျွန်တော်နိုးသွားတယ်။ ကဗျာကသီနဲ့ ထပြီး ဘလော့ကို ဖွင့်ကြည့်လိုက်တော့ ကိုမောင်မျိုးက သူ့ကိုစကားပြန်မပြောလို့ဆိုပြီး ဆီဗုံးမှာ အော်သွားတယ်။ ကျွန်တော့် မနေ့ကရီပလိုင်းလုပ်ထားတာတွေ ပြန်ကြည့်လိုက်တော့ ဟုတ်တယ်ဗျာ ကိုမောင်မျိုး တစ်ယောက်ပဲ ကျန်ခဲ့တယ်...။ ကိုမောင်မျိုးကြီးရေ ချိတ်ချိုးပါနဲ့ဗျာ ကျွန်တော် ကဗျာရွတ်ပြမယ် ...။

ကျွန်တော်မျှားပြာရီပလိုင်းမှာ ကိုမောင်မျိုးကြီးမပါ
ကိုမောင်မျိုးကြီးစိတ်ကဆိုး ကျွန်တော့်ကို လိုက်ထိုး
မထိုးပါနဲ့အစ်ကိုကြီးရာ ကျွန်တော်တောင်းပန်မှာ
တောင်းပန်လိုက်တော့ကျေအေးသွား ကိုမောင်မျိုးကြီး ရူပါစတား
ကောင်မလေးတွေခပ်များများ သူ့မှာ ပြေးပေါက်မှားးးးးးးးးး ။း)

အိမ်မက်ကတော့ တကယ်မက်တာပါ.။ အပေါ်ကစာတွေကတော့ ကျွန်တော့်ဘာသာ ပေါက်ကရရေးထားတာ အဟေး ဟေးး။ အိမ်မက်ထဲမှာ ကျွန်တော့်ကို ကိုမောင်မျိုးက သူ့ကို ရီပလိုင်းမလုပ်လို့ဆိုပြီး လာပြောသွားတာပါ.။ မနက်လင်းတော့ ကျွန်တော့်ဘလော့ကို ဖွင့်ဖတ်လိုက်တော့ တကယ်ပဲ ကိုမောင်မျိုးက လာပြောသွားတယ် .. ကံဆိုးချင်တော့ အကုန်လုံးကိုပြန်ပြောတဲ့အထဲမှာ သူ့တစ်ယောက်ပဲ ကျန်ခဲ့တာ။ စိတ်မဆိုးပါနဲဗျာ .. နော့ ကိုမောင်မျိုးကြီးးးးးးးး

ကျွန်တော့်လဲ သည်ဘလော့လေးရေးမိပါတယ် စိတ်ကအဲဒီအထဲပဲ အကုန်ရောက်နေတော့တာပဲဗျာ..။ တခါမှလည်း မမြင်ဘူး မတွေ့ ဘူးတဲ့ သူတွေကို သံယောဇဉ်တွယ်နေတာ အံ့သြဖို့ လဲ ကောင်းပါတယ်.။ ကြာရင်တော့ ခက်ရချည့်ရဲ့ဗျာ ...။ အခုတောင် အိမ်မက်ထဲထိရောက်ကုန်ပြီ ..။ သြော် ဘလော့ ဘလော့ .... ။

ကြောင်နှစ်ကောင်ဆိုတာ ကိုမောင်မျိုးကို ပြောတာဗျ။ ရန်ကုန်က ကြောင်နှစ်ကောင်စာပေတိုက်ပိုင်ရှင် မောင်မျိုးနဲ့  ကိုမောင်မျိုးက နာမည်ခြင်းဆင်လို့ ကိုယ့်ဘာသာ စိတ်ထဲရှိရာ ခေါင်းစဉ်ပေးလိုက်တာ ဟတ် ဟတ် ဟတ် ...။

6 comments:

Layma said...

မောင်မျိုးရေ...ကြောင် နှစ်ကောင်ဆိုတာ ..မောင်မျိုးကို ကြောင်တဲ့ကောင် လို့ရေးချင်တာဖြစ်မယ်...။ မခံနဲ့ ..သိလား...။

Anonymous said...

ကိုမျှားပြာက ဘလော့ရေးဖို့ အချိန်တွေ လုံးလုံးလျားလျား အားသွားပြီးလား။ ဒါဆိုလည်း သိုးလေးကို နည်းနည်းမျှ။ အချိန်ရော ပြီးတော့ အင်တာနက်ပါ အလကားသုံးလို့ရရင် ပိုတောင်ကောင်းသေး။ ခုတော့
အချိန်မအား
ငွေကရှားနဲ့
စာလည်း မရ
တို့ဘဝ
ဘယ်တော့များမှ အေးချမ်းမယ်...
ဟဲဟဲ လက်တန်းမှုတ်ဘူး၊ စိတ်တန်း... ရေးချင်ရာရေးလိုက်တာ။ ဒီအိပ်မက်က အင်နဲ့ ရီရယ်နဲ့ ရောသမမွှေပေါ့။ ဘာပဲပြောပြော အိပ်မက်ထဲမှာတောင် ရန်လုပ်ခံရတယ်ဆိုတော့ ဘုရားမရှိခိုးဘူးနဲ့ တူတယ်။
အေးချမ်းသူ

မျှားပြာ said...

ဟုတ်တယ် မောင်မျိုးရေ လေးမပြောသလိုပဲ မခံနဲ့း)
နှင်းနှင်းရေ အချိန်ကတော့ ဒီအတိုင်းပါပဲ ..
အိပ်ချိန်ကို လျှော့လိုက်တာလေ ... လိုချင်ရင် ယူပါလေး) ....

Anonymous said...

တခါမှလည်း မမြင်ဘူး မတွေ့ ဘူးတဲ့ သူတွေကို သံယောဇဉ်တွယ်နေတာ အံ့သြဖို့ လဲ ကောင်းပါတယ်.။
ဆိုတာဟုတ်တယ် ကိုမျှားပြာရေ… ထူးဆန်းတယ်။

MgMyo said...

မျှားပြာရေ..သူငယ်ချင်းဒီပို့စ်လေးအတွက်ကျေးဇူးနော် --တစ်ခါခါကျ ကိုယ်က ဘလော့ဂါလဲ မဟုတ်ပဲ ဆီပုံးတွေမှာ ကွန့် မန် ရေးရတာ မျက်နှာငယ်တယ်ကွ.. အခုလို ဘလော့ဂါမဟုတ်ပဲ အားပေးတဲ့ သူတွေကို နားလည်ပေတဲ့ ဝမ်းသာပါတယ် ။
မလေးမပြောတဲ့ ကြောင်တဲ့ ကောင်ဟုတ်ရပါဘူးကွာ ၊ သွားလည်ဖူးတဲ့ ဘလော့ဂါတွေထဲမှာ မလေးမကို အကြောက်ဆုံးပဲ ။ တခါမှလည်း မမြင်ဘူး မတွေ့ ဘူးတဲ့ သူတွေကို သံယောဇဉ်တွယ်နေတာ အံ့သြဖို့ လဲ ကောင်တယ်ဆိုတာလက်ခံတယ် ။ တစ်နေ့ တစ်နေ့  ဘလော့မဖတ်ရရင် တစ်ခုခုလိုနေ သလိုးပဲ ...

ဟာသမြောင်အောင်ရေနိုင်တဲ့ သူငယ်ချင်းရဲ့ ရေးအသားကိုလေးစာတယ်ကွာ..

မျှားပြာ said...

ဟုတ်ပ မလေးရယ် နော် ...။
မောင်မျိုးရေ ငါ့ကိုတော့ တကယ်မတီးနဲ့နော် ...
ဟတ် ဟတ် ဟတ်