မဖြစ် ညစ်ကျယ်

ခေါက်ရိုးကျိုးနေတဲ့ ရင်ဘတ်ထဲက
ထွက်ထွက်လာတဲ့ အညှီအဟောက်တွေကို
ရှုရှိုက်နေရတဲ့ ငါ့ကိုယ်ငါလည်း
တခါတလေတော့ အားနာမိရဲ့ ...

လုံးဝန်းနေတဲ့ ကမ္ဘာကြီးကို
တြိဂံလိုလို ဗဟုဂံလိုလို
လိုရာဆွဲပြောနေကြတဲ့
လူတွေကို အငေးသားကြည့်နေခဲ့တဲ့
နှစ်ပေါင်းလည်း မရေတွက်နိုင်တော့ဘူး ...

ရာစုနှစ်ပေါင်းများစွာမှာ
အဆင်မပြေမှုတွေကို
ထပ်ခါထပ်ခါ ၀တ်ဆင်ခဲ့ရတဲ့
အညတရ တစ်ကောင်ပါ ...

သက်တန့်တွေပေါ်
ခဏတဖြုတ် လမ်းတက်လျှောက်မိတဲ့
ငါ့ကို ဘာဖြစ်ချင်နေလဲတဲ့ .....
ရှင်းတယ် ......
လောကဓံကို နဘန်ကျင်း
ကံကြမ္မာကို ရင်ဝ ခုနှစ်ချက်လောက်
ပိတ်ကန်ချင်တယ် ...... ။ ။

10 comments:

Layma said...

ခေါက်ရိုးကျိုးနေတဲ့ ရင်ဘတ်ထဲက
ထွက်ထွက်လာတဲ့ အညှီအဟောက်တွေကို
လာလာဖတ် နေတဲ့ ငါ့ကိုယ်ငါလည်း
တခါတလေတော့ သနားမိရဲ့ ...

လုံးဝန်းနေတဲ့ ကမ္ဘာကြီးကို
တြိဂံလိုလို ဗဟုဂံလိုလို
လိုရာဆွဲပြောနေကြတဲ့
လူတွေထဲမှာ ငါလဲပါကြည့်မယ်...

ရာစုနှစ်ပေါင်းများစွာမှာ
အဆင်မပြေမှုတွေကို
ထပ်ခါထပ်ခါ ဖွပ်လျှော်ခဲ့ရလို့
အရောင်အဆင်းမရှိတော့တဲ့
မွဲခြောက်ခြောက် တစ်ကောင်ပါ ...

လောကဓံက နဘန်ကျင်း
ကံကြမ္မာက ရင်ဝ ခုနှစ်ချက်လောက်
ပိတ်ကန်လိုက်တဲ့အခါ
ငါဟာ ဘ၀ရဲ့ သုံ့ပန်းဖြစ်သွားခဲ့တယ် ...... ။

(ဟီး..ဟီး..သူများကဗျာကို ဖျက်စီးသွားတာ..အရသာရှိလိုက်တာ)

Winkabar said...

"လောကဓံကို နဘန်ကျင်း
ကံကြမ္မာကို ရင်ဝ ခုနှစ်ချက်လောက်
ပိတ်ကန်ချင်တယ် ...... ။ ။"
ဒီစာသားတွေအရမ်းကြိုက်တယ်။
ဒါနဲ့ ခုနကဖတ်တုန်းက ခုနှစ်ချက်မဟုတ်ပါဘူး
နှစ်ချက်လားလို့။ မျက်စိလျှမ်းသွားတယ်ထင်တယ်။

tuzzaung said...

လောကဓံကို နဘန်ကျင်း တဲ့ထဲ တို့လည်းပါချင်တယ်။သူနဘန်းကျင်းတာချည်းခံနေရရင်ဘယ်မျှတမလဲနော်။

Chaos said...

ကိုမျှားပြာရေ
တစ်ယောက်ထဲမနိုင်ရင် လာခေါ်နော်
chaos လဲ နဘန်ကျင်းချင်နေတာကြာပြီ
ပိတ်ကန်မယ် ဆိုရင်လဲ
တစ်ယောက်ထဲ ကြိတ်ကြံမနေနဲ့
အစစ်အမှန်ဆို ပိတ်ကန်ဖို့လဲ
ဝန်မလေးဘူးလို့.................

MELODYMAUNG said...

အာာ နည်းနည်းလေး စိတ်လျှော့ပါဦး လောကဓံကြီးသနားပါတယ်

မြရွက်ဝေ said...

လောကဓံကို နဘန်ကျင်း
ကံကြမ္မာကို ရင်ဝ ခုနှစ်ချက်လောက်
ပိတ်ကန်ချင်တယ် ......တဲ့
အတော်စိတ်ကြီးပါလား
ကြောက်ချာကြီး!!!

Anonymous said...

ခုံဖိနပ်ကိုနှပ်ချီးသုတ်ပြီး-နှာနုကိုပါ၁၀-ချက်လောက်ရိုက်ပါလား-စိတ်နာနီန်းနို့ပါ-

မျှားပြာ said...

ဗျို ဂျီတော် ..
ကောင်းတယ်ဗျာ အတူတူပေါ့
ခင်ရင် နာမည်လေးတော့ ပြောဗျာ
အဆင်ပြေပါစေ ......။

မျှားပြာ said...

မေ့သွားတော့မလို့ ...း)
ကောင်းလိုက်တဲ့ကဗျာပါလား လေးမရေ
ဝင်္ကပါရေ ကျေဇူးဗျာ
ဟုတ်ပ တူးတူးရေ လုပ်လိုက်တော့
chaos လာသွားမယ် .
မရတော့ဘူး မမီရေ ..
အစ်မ မြရွက်ဝေရ မကြောက်ပါနဲ့ဗျ

hnin said...

အားပေးတယ်ကိုမျှားပြာ၊ ကဗျာတွေ... ရင်ထဲကလာတဲ့ ကဗျာတွေကိုပေါ့... နည်းပညာလေးတွေ မျှဦးနော်။