ကာရန်မဲ့ ဝေဒနာ

ရင်ဘတ်တွေ ထပ်တူမကျနိုင်ပေမဲ့
အမြဲတမ်း ဖွင့်ထားတဲ့ တံခါးတစ်ချပ်
အက်ကြောင်းထပ်နေတဲ့ သံစဉ်တွေနဲ့
အစိမ်းရောင်ဝတ်ရုံတွေတော့ ခဏထားခဲ့
မတည်မြဲခြင်းတွေနဲ့ လွတ်လပ်စွာ
ထိုးဖောက်ကြည့်လိုက်တော့...............

ငြိမ်းချမ်းခြင်းနဲ့ ရိုးသားမှုတွေ
လဲလျောင်းငြိမ်သက် ...
ကိုယ်ကျင့်တရားနဲ့ သစ္စာတရားကတော့
မားမားမတ်မတ် ...
ဝမ်းနည်းကြေကွဲခြင်းနဲ့ နာကျည်းဒေါသထွက်ခြင်းတွေတော့
ဟိုတစ်ကွက် ဒီတစ်ကွက် ...
သွေးနဲ့ မျက်ရည်တွေကတော့
ခြေလှမ်းတိုင်းမှာ တစက်စက်နဲ့ ...
မျှဝေခံစားခြင်းကတော့
စုတ်ပြတ်သတ်လို့ ...

ယောင်္ကျားတန်မဲ့ ရင်ဘတ်ထဲမှာ
အကြိမ်ကြိမ်မျက်ရည်ကျခဲ့ရပေါင်းလဲ များပြီ
တစုံတရာအတွက်ဆို
အဖြည့်ခံနှလုံးသားတွေက ထိခိုက်လွယ်တော့လည်း
ဒဏ်ရာတွေကို ကြိတ်မှိတ်မြိုသိပ်လို့
စိတ်ဓါတ်တွေကို လည်စင်းပေးလိုက်တော့မယ်
ဝဋ်ရှိခဲ့ရင်လည်း သည်ဘ၀မှာပဲ ကျေပါစေတော့လေ ... ။ ။

5 comments:

hnin said...

လူတိုင်းမှာ ၀ဋ်ကြွေးဆိုတာ ပါလာတယ်။ မသိမသာနဲ့ သိသိသာသာပဲ ကွာတယ်။ လက်တွေ့ သိုးလေးမှာလည်း ငဋ်ခံနေရတာပဲ။ ဒါတွေကို အများသိအောင် ထုတ်ပြောတာထက် အကောင်းဆုံးက အခုဘ၀မှာ လည်တဲ့ ငဋ် နောက်ဘ၀ထိ မပါဖို့ အရေးကြီးတယ်လေ။ ဟုတ်ဘူးလား။ သွေးမျက်ရည်တွေကျနေတဲ့ အခုဘ၀... တဲ့။ တကယ်တော့ လူ လုပ်သမျှ လူခံရတာပဲဟာ။ စိတ်ဓာတ်တွေကိုတော့ လည်မစင်းပေးပါနဲ့။ အဲဒါမှမရှိရင် ဘာမှလှုပ်ရှားလို့ရတော့မှာမဟုတ်ဘူးလေ။ ကာရန်မဲ့ဝေဒနာအတွက် အဖြေရှာပေးတဲ့သူကလည်း ကာရန်မရှိလေတော့... ... ...

khainglayphyu said...

ကဗျာလေးကအရမ်းခံစားရတယ်.. ငိုချင်တယ်..အဟင့်ဟင့် ကိုမျှားပြာနဲ့ထပ်တူပါပဲ

Layma said...

စိတ်ဓါတ်တွေလည်စင်းပေးရင်တော့ တောက်၂စင်းပြီး ချိုချဉ်ကြော်လုပ်စားလိုက်မယ်...ဟတ်..ဟတ်..ဟတ်ချိုး..( စတာ)
ဒီကဗျာ မိုက်တယ်...ဂွဒ်...ဒါနဲ့စကားမစပ်...မီးမီးပုံတင်ဦးလေ...။

Anonymous said...

kglay ..
de kabyar lay ko like tal..kglay blog ka bal ka sa tae so tar ma thi khae pay mae htet aung linn link ka nay read ya loe kglay blog ko sa thi ya tar par..kglay blog ko arr yin win read par tal.. kglay kabyar twe ko like tal..time ya yin sat write naw ..arr pay nay mal...

မျှားပြာ said...

သိုးမလေးရေ ကာရန်ဆိုတာ ရှာစရာမလိုပါဘူးလေ ပြုသူရဲ့ စိတ်ထဲမှာပဲ ရှိနေတဲ့  အရာပါ
မကျော့ မငိုပါနဲ့ဗျ
ချိုချဉ်ကြော်ပြီးရင် အတူတူစားတာပေါ့ဗျား)
ကို-မ အမည်မသိခင်ဗျာ ကျေးဇူးပါ တကယ်လို့ ကျွန်တော့်ကို
ခင်ရင်တော့ နာမည်လေးတော့ ပြောသွားပေးပါ