ယဉ်ကျေးဖို့ အတွက်
ငါ့လက်တွေ ထုဆစ်ခဲ့တာမှ မဟုတ်တာ
သည်းခံခြင်းဆိုတဲ့ ဝေါဟာရအတွက်
ဘာတွေထပ်ပြီး ပေးဆပ်ရမလဲ
ရိုင်းစိုင်းဖို့ အတွက်ရော
ဘာတွေကို ဖောက်ထွက်ရဦးမှာလဲ
စိတ်ဓါတ်ကို မှတ်ကျောက်အတင်ခံမလို့လား
ကြိုက်တာယှဉ်ပါ
အနိုင်အရှုံး နှစ်ခုပဲရှိတယ်
ကိုယ်ကျင့်တရားအတွက်တော့
နှစ်ဘ၀စာ အကျောပေးလိုက်မယ်
ခရမ်းလွန်ရောင်ခြည်သင့်ပြီးတဲ့ နှလုံးသားက
ဒဏ်ရာထပ်ရရင်
ရင်ခုန်မယ်ထင်လို့လား
မသိသေးရင် ထပ်ပြောမယ်
ယောင်္ကျားချင်းကတော့ ခပ်ပါးပါးပဲ .............................။
ဘာရယ်မဟုတ်ပါဘူးဗျာ အထက်စီးက ပြုံးတတ်တဲ့သူတွေကို မခံစားနိုင်လို့ပါ .......။
တန်ပြန်
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
4 comments:
ရေးထားတာလေးကြိုက်တယ်
လောကကြီးမှာ ဒီလိုပါဘဲ..
အဲ့ဒီအရာတွေက အတိတ်မှာ ကျန်ခဲ့တဲ့အချိန်ကျရင် ဘာမှမဟုတ်တော့ပါဘူး..
ထင်တာရမ်းပြောတာ..မှားတာရှိ ၀န်ဒါမိပါ ကိုမျှားပြာ
ညီလေးရေ ... ကိုယ့်ကိုယ်ကို အထပ်ထပ် ပြန်ဆန်းစစ်ပါ ... လိပ်ပြာသန့်နေရင် ရပြီ ... ယူဆဂိ ပြောသလိုပါပဲ ... ဒီလိုပါဘဲ.. အဲ့ဒီ အရာတွေက အတိတ်မှာ ကျန်ခဲ့တဲ့ အချိန်ကျရင် ဘာမှ မဟုတ်တော့ပါဘူး... အစ်ကိုလည်း အားမှ ထပ်ရေးဦမယ် ... ဆက်လုပ် .. :)
ပေါက်ကွဲနေတာလား.....
ဆဂိရေ အတိတ်မှာ ကျန်ခဲ့တောလဲ ရီစရာပေါ့
ကိုစိုးထက် ဟုတ်ကဲ့ အစ်ကိုရေ ကျေးဇူးပါဗျာ
လေးမ ပေါက်ကွဲချင်နေတာ
Post a Comment