အလွမ်းရဲ့ ကဗျာ

မချစ်တတ်ခဲ့လို့ အချစ်ငတ်ခဲ့သူပါ
မနမ်းတတ်တာထက် မနမ်းရက်ခဲ့တော့လည်း
အလွမ်းတွေ ဆက်နေရပြီ ချစ်သူ ....

နွေးထွေးတဲ့ သူ့ လက်ဖ၀ါးတွေရယ်
သူ့ နှုတ်ခမ်း ပါးလျလျလေးရယ်
ပြီးတော့ ...
အရူးအမူး စွဲလမ်းခဲ့မိတဲ့
သူ့ ဆံပင်ရှည်ရှည်တွေရယ်
သူနဲ့ပတ်သတ်သမျှ အရာအားလုံး
နှလုံးသည်းပွတ်ထဲက
နက်နက်ရှိုင်းရှိုင်း လွမ်းနေတယ် ...

ငါ့နှလုံးသားရင်ပြင်မှာ
အလွမ်းတွေ တောင်ပုံရာပုံဆင့်လို့ 
လွမ်းလို့ ကဗျာတွေရေးရင်း
ကဗျာတွေရေးရင်း လွမ်းရင်းနဲ့ပဲ
.........................................
.........................................
လွမ်းတယ် ချစ်သဲရယ် ....... ။ ။

လွမ်းတယ်ဗျာ။ တအားကို လွမ်းတယ်။ ရင်ဘတ်ထဲ အောင့်နေအောင် လွမ်းတယ်။ မခံမရပ်နိုင်အောင်ကို လွမ်းတယ်။ ပြောမပြတတ်အောင်ကို လွမ်းတယ်။ မက်မက်စက်စက်ကို လွမ်းတယ်.။ စိတ်ရှိသလောက် လွမ်းတယ်။ အချိန်တိုင်း လွမ်းတယ်။ ကဲ ယုံ မယုံယုံဗျာ လွမ်းကို လွမ်းတယ်ဗျာ .... ။

အားလုံးကိုလည်း အသည်းအသန် လွမ်းတယ်ဗျာ.။ ကျွန်တော့်ဆီကို လာကြတဲ့ ညီအစ်ကို မောင်နှမတွေအားလုံးကို ခင်ခင်မင်မင် စာမပြန်နိုင်တာ နားလည်ပေးပါဗျာ.။ ရင်ထဲမှာ အမြဲတမ်းရှိပါတယ်.။ အခုကျွန်တော် မနက်ဖြန်ကို လွှတ်ချပြီး အားချင်ယောင်ဆောင်လိုက်တယ်.။ နောက်လာမယ့် မနက်ဖြန်တွေကိုတော့ လွှတ်ချလို့ရမယ် မထင်ဘူးဗျာ ..။ ကျွန်တော် အလွမ်းလာဖြေတာပါ.။ ရင်ဘတ်ကြီးနဲ့  မဆန့်အောင်ကို လွမ်းနေမိတာပါ.။ တကယ်ကြီးကို လွမ်းနေမိတယ်ဗျာ.။ နောက်ပြန်တွေ့မယ့် အချိန်ကို ကြိုတွေးပြီး ပျော်နေလိုက်မယ်..။ အခုတော့ အားရအောင် လွမ်းလိုက်ဦးမယ်ဗျာ.။

5 comments:

Layma said...

ူသူ့ကောင်မလေးသူ အသည်းအသန်လွမ်းပြပြီးမှ လာလည် စာဖတ်တဲ့ သူတွေကို စိတ်ကျေနပ်အောင် အချိုသတ်ထားလိုက်တယ်ပေါ့လေ...။
( ခုနက ရေးတာ မမြင်ရလို့ ထပ်တင်လိုက်တယ်.. ၂ ခုထပ်သွားရင် တခု ဖျက်လိုက်ပါ)

Anonymous said...

အောင်ညလေး ဖြည်း၂လွမ်းပါဟယ် ဟားဟား ။

မျှားပြာ said...

ကောင်မလေးကို လွမ်းတာမဟုတ်ဘူးရယ်လို့တော့ မပြောပါဘူး ဒါပေမယ့် ဘလော့ရပ်ဝန်းလေးကို ပိုလွမ်းတယ်ဗျ
မဂျစ် ရတော့ဘူးဗျ ဖြည်းဖြည်းလွမ်းလို့း)

thamudayanwe said...

လွမ်းစေ...ခွင့်ပေးပါတယ်..
လွမ်းပါ..အားပါးတရ..ဟားဟား
သူများလည်းလွမ်းတယ်..
ကဗျာဖတ်ပြီးပိုလွမ်းတယ်.ဟင့်..ဟင့်

မျှားပြာ said...

လမ်းပါ မသမုဒယရေ