ခတ်ပြစ်လိုက်စမ်းပါ
မင်းတို့ရဲ့ အတောင်ပံတွေကို
အားအင်ရှိသလောက်ပေါ့ ...
ဘာတွေကိုကြောက်ပြီး
ဘယ်သူကို အားနာနေမှာလဲ
အချိန်ဆိုတာ လူကလုပ်တာပါကွာ
လေစုန်မှာ မျှောနေမယ့်အစား
လေဆန်မှာ ပျံတက်ပြီး
ငါတို့ရဲ့ ရင်ကိုအကွဲခံလိုက်မယ်
ဘယ်သူမှ အသိအမှတ်မပြုရင်တောင်
ကမ္ဘာမြေကြီးက သူ့ရဲ့ရင်ခွင်မှာ
ငါ့တို့ကို ငြိမ်းချမ်းစွာ လဲလျောင်းစေမှာပါ ....။ ။
လေလွင့်ဌက်၏ နားခိုရာ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
7 comments:
ငြိမ်းချမ်းစွာ လဲလျောင်းရမယ်လို့ ထင်သလား..ထင်သလား...။ မြေကြီးတောင် ရပ်တည်ဖို့မြေရှားနေရတဲ့ အထဲ...။ ဟီး...စတာ..။
ဒီကဗျာ တော်တော် မိုက်တယ်...။
တောင်ပံတွေတောင်
ခတ်ချင်တိုင်းခတ်လို့မရအောင်
ထိန်းချုပ်ခံနေရတယ်
ဟေးးး.. စီဘောက်ခ်စ်က အော်မရလို့ ကွန်မန့်မှာ ၀င်အော် သွားပါတယ်ဗျို့ ... ကဗျာလည်း ခံစားသွားပါတယ် ... :)
really nice..i can feel it...rock ya..!!
မျှားပြာရေ... ကဗျာလေး က ကောင်းတယ်။
cbox က နက်ပြာလိုင်းဆိုရင် အမက မျက်စိမကောင်းတော့ ဖတ်မရတာနဲ့ ဒီမှာပဲ ရေးသွားလိုက်တော့တယ်... :D
လေလွင့်ငှက်တွေ rest in peace လုပ်နိုင်ဖို့ dig own grave လုပ်စရာ မလိုဘူးပေါ့ဗျာ။ နားခိုရာလေး ညွှန်ပြပေးတာ ကျေးဇူးပါ။
မရှာပါဘူး လေးမရေ ယူမလားး)
ချားအို့စ် ဒီလိုပါပဲဗျာ..
ကိုစိုးထက်ကြီး ဟုတ်ကဲ့း)
ကိုအိမ်မက်နက်ရေ ကျေးဇူးပါဗျာ
မနုစံရေ ကျေးဇူးဗျို့  ကျွန်တော် ပြောင်းလိုက်ပါမယ်
ကိုနေမွန်းသင်း) လောကကြီးက အလိုလိုပြောင်းလဲနေမှာပါ
Post a Comment