တကယ်တော့ ငါဟာ
လောကနိယာမတွေကို ကြေကြေညက်ညက်
မသင်ယူခဲ့ရတဲ့ သနားစရာသတ္တ၀ါတစ်ကောင်ပါ
အပြာရောင်တွေကို နှစ်ခြိုက်စွာမော့သောက်ရင်း
ကြယ်စင်တွေကို ကျောခိုင်းထားခဲ့မိတဲ့ ငါ
ခုတော့ သံသရာတွေ တစ်ပတ်ပြန်လည်ပြီး
အရှိန်အဟုန်ပြင်းပြင်းနဲ့ ၀င်ရောက်လာခဲ့ပြီ ....
တကယ်ဆို ရာဇ၀င်တွေအတွက်
ထစ်ချုန်းမိုးတွေ ရွာနေပြီးသားပဲ
ဖန်ဆင်းရှင်ရဲ့ ခရမ်းရင့်ရောင်တွေနောက်
အမောတကော ပြေးလိုက်နေရတာ
ရပ်တည်မှုတွေ ချိနဲ့လွန်းပါတယ် ...
ဟော ... ကံကြမ္မာကတော့ ထီးဆောင်းပြီးလာနေပြီ
ညနေခင်းရေ မီးထွန်းပြီး ကြိုဆိုလိုက်ပါဦး
ငါကတော့ အစွမ်းသတ္တိမရှိတဲ့ ခြေရာတွေနောက်
တကောက်ကောက် လိုက်ရဦးမယ် ...... ။ ။
ဝေးလွင့်ခြင်း ...
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
5 comments:
လောကနိယာမတွေကို ကြေကြေညက်ညက်
မသင်ယူခဲ့ရတဲ့ သနားစရာသတ္တ၀ါတစ်ကောင်ပါ ( မညက်တညက်လေးတော့ သင်ယူခဲ့ဖူးတယ်ပေါ့နော်...ကြေညက်ဖို့ အချိန်တွေကျန်ပါသေးတယ်...)
အပြာရောင်တွေကို နှစ်ခြိုက်စွာမော့သောက်ရင်း ( ပယင်းရောင် ဟုတ်ဘူးလား....)
ဖန်ဆင်းရှင်ရဲ့ ခရမ်းရင့်ရောင်တွေနောက်
အမောတကော ပြေးလိုက်နေရတာ ( အဲဒါဘာပြောတာလဲ...)
ကံကြမ္မာကတော့ ထီးဆောင်းပြီးလာနေပြီ ( နေပူလို့လား...မိုးရှာလို့လား...သူ့ကိုယ်သူကာကွယ်ထားတာတော့သေချာတယ်... )
ညနေခင်းရေ မီးထွန်းပြီး ကြိုဆိုလိုက်ပါဦး ( မီးပျက်နေတယ်တဲ့ )
တကောက်ကောက် လိုက်ရဦးမယ် ...... ( လိုက်...လိုက်ပေဦးတော့ ကိုမျှားပြာ)
လောကနိယာမ
လိုက်လေ ပြေးလေ
ပြေးလေ လိုက်လေ
ဒါနဲ့ပဲလုံးချာလိုက်ပြီး ဝေးလေ....
ိများနီရေ... အဲ မှားလို့... ထင်တော့ ထင်သား ခြေရာလိုက်ရှာနေတဲ့ လူတစ်ယောက်က များပြာပဲဆိုတာ ခုမှသိတယ်။ ပိုက်ဆံလိုက်ရှာနေတာလားလို့ ဟိဟိ...
မျှားပြာရေ.. ကဗျာလေး ကြိုက်တယ်
လေးမရေ မပြောဘူး သတ်ချင်သတ် ဟတ် ဟတ် ဟတ်
chaos ဝေးလေ ပြေးလေ မောလေး)
မယမင်း သိသွားပြီပေါ့လေ
မဂျစ်ရေ ကျေးဇူးပါဗှာ
Post a Comment