ထိုနေရာသို့ လှမ်းကြည့်ခြင်း

အမြဲပြုံးနေတဲ့ ခင်ဗျားမျက်နှာမြင်တိုင်း
လူတိုင်းကို အပြုံးနဲ့ဆက်ဆံပါလို့
ပြောခဲ့တဲ့သူကို ပြေးပြေးရိုက်ချင်တယ် ...
ဘာသည်သာ အကောင်းဆုံးလက်နက်ဆိုလား
ပြောကြတဲ့စကားတွေနဲ့ နယူတန်လည်း
ခင်ဗျားနဲ့တွေ့ မှ ငပေါကြီးလုံးလုံး ဖြစ်တော့တယ် ...

အမြီးခွေအိပ်နေတဲ့ ကောင်တွေတောင်
လှည့်မကြည့်တဲ့ အရာကြီးကို
ခင်ဗျားမို့ မရွံမရှာ ဖက်တွယ်ထားတာ
ကျုပ်ဖြင့် အံ့သြလို့မဆုံးဘူး ...
အင်းလေ ...
ငရဲက လာသူဆိုတော့ ပြာပူဘယ်ကြောက်မလဲ ...

ထမိန်မခြုံပဲနဲ့ စုန်းမဖြစ်နေတဲ့
ဒေါ်အိုစာတစ်ယောက်လဲ အခုထိ
တံမြက်စည်းစုတ်ကို စီးပြီးတော့
ပျော့ပျော့လေးနဲ့ နံတုန်း ....
မီးတစ်စတွေ့ တိုင်း လက်ခမောင်းထထခတ်တတ်တဲ့
လက်သည်းဖွက်လူတန်းစားတွေလဲ
ဟောင်လွန်းတော့ လူမလေးတော့ဘူး ...

ခင်ဗျားတို့လို အတ္တဘောတွေ
အချိန်တိုင်း တက်တက်စီးခံနေရတဲ့
ဖိနပ်တွေအစား ရင်နာမိတယ်
သည်ဖိနပ်တွေ ခင်ဗျားတို့ပါးပြင်ပေါ်ရောက်ဦးမှာပါ ...
ခင်ဗျားတို့ကို ရော့ခ်စတီးဝပ်ဆိုတဲ့သူ
ကျုပ်ဆီကိုခေါ်လာတဲ့ အချိန်ကြရင်တော့
မမြဲခြင်းတရားတွေကို သင်ကြားပေးဦးမယ် ... ။ ။

အကြွေးတွေကို မကြာခင်ဆပ်ပါမယ်ခင်ဗျာ...။ လောလောဆယ်တော့ အမေ့ရဲ့ရင်ထဲက မျက်ရည်တစ်စက်ကို မြင်လိုက်ရလို့ စိတ်အချဉ်ပေါက်နေပါတယ် ......။ ။

4 comments:

This is about... said...

ကိုမျှားပြာရေ အရမ်းခံစားသွားရတယ်။ အမေအခုတစ်လော ရိုက်တဲ့ဓါတ်ပုံတွေမှာ မျက်နှာမသာမယာရှိတာကိုသတိထားမိပါတယ်။ အမေရင်ထဲမှာ ငိုနေတာကိုကျွန်မတို.အားလုံးမြင်နေရပါတယ်။

Layma said...

(ပြေးရိုက်ချင်တယ် ...
ငပေါကြီး
အမြီးခွေအိပ်နေတဲ့ ကောင်တွေ
ငရဲက
စုန်းမ
လက်သည်းဖွက်လူတန်းစား
အတ္တဘောတွေ
မမြဲခြင်းတရား)
မြင်မြင်သမျှ (စာသားတွေ) စိတ်ပျက်အောင် (ပြောင်မြောက်စွာ) လှပါတဲ့ အိုဘယ့် ကဗျာဆရာ...။

စိုးထက် - Soe Htet ! said...

အိုကေ ... ဒီအတိုင်းပဲ ခံစားသွားတယ် ... :)

မျှားပြာ said...

ဟုတ်ပါတယ် မလွမ်းအိမ်ရယ် .. မပြောတော့ပါဘူးဗျာ
လေးမရေ ... အဟတ် အဲဒါ မူရင်းမဟုတ်သေးဘူးဗျ ..
နည်းနည်းလေး ပြင်ထားတား)
ကောင်းလားကိုစိုးထက် အိပ်လို့ပြောပါတယ်း)