ပြောလိုက်စမ်း
ဒီရင်ဘတ်ကို
ပျစ်ပျစ်နှစ်နှစ်၊
ဆဲလိုက်စမ်း
ဒီရင်ဘတ်ကို
ပက်ပက်စက်စက်၊
ကန်လိုက်စမ်း
ဒီရင်ဘတ်ကို
စိတ်ရှိလက်ရှိ၊
ထွေးလိုက်စမ်း
ဒီရင်ဘတ်ကို
'ထွီ' ကနဲ၊
မင်းတို့နင်းဖို့
ဒီရင်ဘတ်ကို
ခင်းပေးထားတာလေ၊
မလုပ်နဲ့
ဒီရင်ဘတ်ထဲက
သစ္စာတရားနဲ့
အနုပညာကို
ယောင်လို့တောင်
မစော်ကားနဲ့
ပြာဖြစ်သွားမယ်။ ။
သတိပေးခြင်း
ကြယ်ကြွေခဲ့ရင်
ဟိုမှာဘက်က အလင်းရောင်တွေ
ပြိုးပြိုးပျက်ပျက် ၀င်းလက်လို့
သံစဉ်တစ်ပုဒ်ရဲ့ တေးသွားအစဟာ
လူးလူးလွန့်လွန့်နဲ့ နိုးထ
ကောင်းကင်ရဲ့ လက်တစ်စုံနဲ့
ထူမနေတဲ့ ငါ့နှလုံးသားက
တဖြည်းဖြည်းနဲ့ ငိုက်ငိုက်ကျ
အကျည်းတန်မှန်တချပ်နဲ့ အပိုင်းအစတွေ
ရင်ထဲမှာ နွေးထွေးလာပြီ၊
လမ်းခွဲမှာမှ ထုဆစ်ခဲ့တဲ့အညိုးတွေက
သဲသဲမဲမဲနဲ့ ရွာလို့ကောင်းတုန်း
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့လက်တွေကိုတော့
အခုထက်ထိ မဖြည်မိသေးဘူး
ရာသီစက်ဝိုင်းတွေ အတွေးလွန်နေတဲ့
ပန်းချီကားဟာ မှော်မအောင်ခဲ့ဘူး
တောင်တန်းတွေရဲ့ အနားသတ်ဟာ
ငါ့ခြံစည်းရိုးဖြစ်မှတော့
ငါ့ဝိညာဉ်ကို ပြန်မခေါ်ချင်တော့ဘူးလေ
ဌက်ကလေးရေ ... ... ...
လောကကြီးကို အလှဆင်ပါ
တောင်ပေါ်မှာ ခေါင်းလောင်းထိုးတဲ့အထိပေါ့ ...။ ။
တစ်ရေးနိုးပါပြီ ... ...
တစ်ရေးအိပ်ဦးမယ်
လူဆိုတာ ငယ်ရာကနေကြီးလာတာဆိုတဲ့
စကားကို ငါလည်းသေချာနားမလည်သေးပါဘူး
အဲဒီတော့ ငါတို့ဟာပေါက်စနလေးတွေပေါ့
ဒီကောင်လေးတွေရဲ့ အဆိပ်ကိုဆေးဖော်ဖို့
မင်းတို့ကမှ မကြိုးစားကြတာလေ
ငါတို့ကတော့ လေလှိုင်းထဲမမျောတတ်ဘူး၊
မင်းတို့ရဲ့ ကမ္ဘာကျော်မယ့်အတွေးတွေကို
ပေလယျကန် ပိတ်ကန်လိုက်စမ်းပါ
လူတိုင်းတွေးတတ်တဲ့ စိမ်ပြေနပြေတွေကို
ငါလည်း ထမင်းလုံးစီတတ်ပါတယ်
အလိပ်လိုက်တက်လာတဲ့ အာဃာတတွေနဲ့တော့
မေတ္တာလည်း စွမ်းမယ်မထင်ဘူး၊
မုန်းတယ်လို့ပြောတတ်ရုံတော့
အထက်စီးကပဲ အပြုံးခံရမှာပေါ့
စကားလုံးတွေနဲ့ ပစ်ပေါက်တမ်းကစားကြရင်တော့
ငါ့ကိုမခေါ်ပါနဲ့ကွာ ငါပျင်းလွန်းလို့ပါ
မင်းတို့ရဲ့ ဆိုင်းဘုတ်ကြီးတွေကိုဖတ်ဖို့လဲ
ငါ့အတွက် အချိန်မရှိပြန်ဘူး၊
အချိန်မတင်ခင်တော့ ကျောခင်းချင်ခင်းမယ်
မိုးစွန်တမွတ် ကြယ်ကိုဆွတ်ဆိုတာ
ပထမတန်းမှာ ငါလည်းဖတ်ဖူးပါတယ်
သေချာတာတော့ ပိုးဖလံမျိုးတွေကို
အမေမခေါ် ခေါင်းဆောင်မတော်နိုင်သေးဘူး၊
'ဗေထိ'ဆိုတာနဲ့ လိုက်ကရအောင်
ငါက ဇာတ်ရူးမှမဟုတ်တာလေကွယ်
မင်းတို့ မင်းသား၊မင်းသမီးလုပ်တဲ့ပြဇာတ်ပြီးရင်တော့
ငါ့ကိုနှိုးပါ ... ... ...
ငါ တစ်ရေးအိပ်ဦးမယ် ... ... ... ။ ။
ချစ်သူသို့ အိတ်ဖွင့်ပေးစာ
ကိုဝေရေ ကျွန်တော် အိတ်ဖွင့်ပြီနော် ... ... ...
ချစ်သူ ... ... ...
ကော်ဖီတစ်ခွက်ရဲ့ ဖြစ်တည်မှုမှာ
ဘာတွေကို ထပ်ပြီးမော့သောက်ရဦးမှာလဲကွယ်
မင်းစိတ်တိုင်းကျ ခါးလို့ချိုလို့ရတဲ့ ဒီဘ၀ကို
ဘာလို့များရက်ရက်စက်စက် မွှေနှောက်နေသေးတာလဲ
အပေါစား လက်ဖက်ရည်ဆိုင်ရဲ့ ကော်ဖီတစ်ခွက်ဟာ
မင်းအတွက်တော့ ရောင်းတန်းဝင်မဟုတ်နိုင်ဘူးလေ
ဒါပေမယ့် ... .... ....
ငါဟာ မင်းအတွက် ကော်ဖီတစ်ခွက်ပါ
မင်းသောက်ချင်လည်း သောက်
မှောက်ချင်လည်း မှောက်ပေါ့ကွယ်
မင်းနှုတ်ခမ်းဖျားနဲ့ ထိတွေ့ မယ့်အချိန်ကိုသာ
ရူးရူးမူးမူးနဲ့ မျှော်နေမိတာပါ ချစ်သူရယ် ... .... ...။ ။
အပြာရောင် မြှားတစ်စင်း
ယုံတမ်း ယုံတမ်း ယုံတမ်း ....
နင့်ကို ချစ်တယ်...။
နင့်ကို အရမ်းချစ်တယ် ...။
ငါတို့တွေရဲ့ ဘ၀ကို အကောင်းဆုံးတည်ဆောက်ကြမယ်နော်...။
ဘုရားမှာ အမြဲတမ်းဆုတောင်းနော် အမြန်ဆုံးနီးရပါစေလို့ ...။
ညညဆို နင့်ကိုလွမ်းလွန်းလို့ ငါ့မှာမျက်ရည်နဲ့ မနက်မိုးလင်းခဲ့တာဆိုပဲ ... ( စကားလုံးတွေနဲ့ သေလို့ရတယ် )
နင်သာ ငါ့ဘေးမှာရှိရင် ဘာမဆိုရင်ဆိုင်ရဲပါတယ် ...။
နင့်ကို ချစ်လွန်းလို့ ချစ်တယ်လို့တောင် ပြောမထွက်ဘူး သိလားတဲ့ ...။
နင်သာ ငါ့ကို မေ့သွားရင် ငါ့ဘ၀ဘယ်လိုဖြစ်သွားမယ်ဆိုတာ မတွေးရဲဘူးတဲ့ ...။
တို့နှစ်ယောက် ဘ၀ဆုံးတိုင် မခွဲကြေးနော် ...။
မဲ့ပြုံး
လုပ်လိုက်ပေါ့ ကံကြမ္မာရေ
ငါက နတ်ဘုရားတွေကို
ဘယ်တော့မှ မော်ဖူးခဲ့တဲ့ကောင်မှ
မဟုတ်တာလေ ...
ပြုံးပါ ပျော်ပါ လိုအပ်ရင်
ငါတို့ရဲ့ အသွေးအသားတွေကို
ယစ်ပူဇော်ပါ
ခါးစောင်းတင်တဲ့အလုပ်လောက်က
ငါလည်း လုပ်တတ်ပါတယ်လေ
ကဲ ကဲ .....
ပြောနေတာကြာပါတယ်လေ
လောကကြီးရေ ...
ရော့ မင်းတစ်ခွက် ငါတစ်ခွက် ...။
အဆိပ်သင့်ကျောက်တုံးများ
မိုးပြိုမှ ဒူးနဲ့တိုက်ရဲတာလားကွာ
နီတိတွေ လာမရွတ်နဲ့
ဝေလေလေ ယောင်ဝါးဝါးတွေကို
ဖုတ်ဖတ်ခါထားတာ
ဆယ်စုနှစ်တစ်ခုကျော်ပြီ
ကလေးအတွေးတွေကို
အရသာခံပြီး ပြောပါ
ချစ်တတ်တဲ့သူတွေကို
အဆိပ်မခတ်မိစေနဲ့
ဓါးဆိုတာ ခုတ်တတ်ရတယ်
သွေးနေရုံကတော့ ပြတိုက်မှာပဲထား
ဘ၀နဲ့ရင်းရမဲ့ ဒီလမ်းမှာ
ဂါထာတွေ မန်းမှုတ်နေရင်တော့
ရေငတ်ပြီး အမောဆို့ရုံရှိမယ်
လုပ်နိုင်ရင် ရှေ့ကသွား
နောက်ကျောဓါးနဲ့ ထိုးမယ့်သူတွေကို
ရင်ဘတ်နဲ့ ၀င်ခံမယ့်သူတွေ
ရိုက်သတ်လို့ မကုန်ဘူး။
နေမ၀င်အင်ပါယာကြီးတောင်
ဒုံရင်း ဒုံရင်းဖြစ်သေးတာ
ကြုံးဝါးသံတွေကို လွှတ်ချပြီး
ရှေ့တစ်လှမ်း တိုးကြစမ်းပါ
နောက်မတွန့်ကြေးပေါ့
ကြောက်တတ်ရင်တော့ ဟိုတစ်ယောက်လို
ပြာတွေကိုပဲ မျှားနေလိုက်ဦး
ကိုးကွယ်မှု မှားနေသူတွေကို
မျက်စဉ်းခတ်ဖို့အတွက်တော့
ယုံကြည်ချက်တွေကို ရွက်လွှင့်ရဦးမယ်။ ။
ကမ္ဘာကြီးရဲ့ မေမေ
အမေ့ကြောင့် ကမ္ဘာကြီးငြိမ်းချမ်းခဲ့
အမေ့ကြောင့် ကမ္ဘာကြီးလှပခဲ့
အမေ့မျက်နှာ မြင်လိုက်ရင်ကို
ငြိမ်းအေးလွန်းပါတယ်လေ
အမေဟာ မေတ္တာ
အမေဟာ အေးချမ်းမှု
အမေဆိုတာ မြင့်မြတ်လွန်းပါတယ်
အမေ့အတွက် ဖွဲ့ ဆိုစရာ
စကားလုံး ဆင်းရဲလွန်းပါတယ်
အမေကြောင့် အမေတွေ
လူသားတွေရင်ထဲ ရောက်ခဲ့တာလေ
ကိုယ်ကျိုးစွန့်ပေမယ့်
ဘေးထွက်ဆိုးကျိုးတွေကြောင့်
တချို့ သူတွေကို အမေမခေါ်နိုင်ဘူး အမေ
အမေဟာ ငြိမ်းချမ်းခြင်းရဲ့အမေ
အမေဟာ အားလုံးရဲ့အမေ
အမေဟာ ကမ္ဘာကြီးရဲ့မေမေ။ ။
လွမ်းသောအရာ
ကဗျာမဟုတ်တဲ့ ငါ
ကျွန်တော်ကြောက်တဲ့ သတ္တ၀ါ
ကျွန်တော်ကြောက်တဲ့သတ္တ၀ါဆိုပါလား။ အာ .. ဒုက္ခပါပဲ ဘာရေးရပ..။ ကျွန်တော်က အကောင်ပလောင်တွေဆို ဘာမှကြောက်တာမဟုတ်တော့ ဘယ်လိုအကောင်ကို ကြောက်တာပြောရပါ့။
ဘီလူးသရဲတွေနဲ့ ရင်ဆိုင်ရမှာလား လာစမ်းပါလေ မှင်စာသဘက်တွေပါ ခေါ်ခဲ့
ကမ္ဘာဦးအစက ဒိုင်နိုဆောတို့ ကင်းကောင်တို့နဲ့ ပြိုင်သတ်ရမလား အကုန်လုံး ခါးကချိုးပြီးကိုင်ပေါက်ပြစ်မယ်
တောသုံးထောင်ကို အစိုးရတဲ့ ကေသရာဇာ ခြသေ့င်္မင်းနဲ့လား သတ်ဦးမယ်ဗျာ
ဂျိန်းဘွန်းစ်တို့ ဂျက်လီတို့နဲ့ ပညာပြိုင်မှာလား အချိန်မရွေးပဲ
ကောင်းဘွိုင်တွေနဲ့ သေနတ်ချင်းပဲ ပစ်ဦးမလား
ဟင် အဲဒီလူမလေးနဲ့လား တော်ပြီဗျာ .. နေတော့ ကြောက်တယ်
ပြေးပြီ … :D
မနှင်းဆီနီနီရေ ... ကျွန်တော်ကြောက်တာ သိပြီနော် ..။ အစ်မပြောလို့ ရေးတာရေးရတယ် ခပ်လန့်လန့်ပဲဗျ..။
ကျွန်တော့်အိတ်ထဲမှာ ...
- စာအုပ်တစ်အုပ်၊
- ခဲတံတစ်ချောင်း ၊
- ဆေးလိပ်ဗူးတစ်ဗူးနဲ့
- မီးခြစ်တစ်လုံး အဲဒါအကုန်ပဲဗျာ.။
ခဲတံတစ်ချောင်း။ ။ စာရေးရင် ခဲတံနဲ့ရေးတာ ငြိမ်းချမ်းသလိုပဲလို့ စိတ်ထဲမှာထင်လို့ ခဲတံနဲ့ပဲရေးတယ်။ ကဗျာရေးရင်လဲ ခဲတံနဲ့ဆိုတော့ ဖျက်ရတာလွယ်တယ်လေ။ ဘာပဲဖြစ်ဖြစ် ခဲတံနဲ့ရေးရတာ စိတ်ချမ်းသာတယ်ဗျ။
ကလေးငယ် .... သို့
ကလေးငယ်ရေ ...
မင်း ကောင်းရာသုဂတိလားပါစေကွာ ...။
ကလေးငယ်ရေ ...
သည်လူတွေရဲ့ ပါးစပ်က
ထွက်ထွက်ကျလာတဲ့ စကားတွေကို
အစတည်းက မယုံကြည်ခဲ့ပါဘူး
ဒါပေမယ့် လောကကြီးက
ငါ့ကို တားမြစ်ပိုင်ခွင့်မပေးဘူးလေ ...။
ကလေးငယ်ရေ ...
အတွေ့ အထိကို မရှောင်ချင်တဲ့
ကာမရမ္မက်ကို ရှေ့တန်းတင်တဲ့
သူ့တို့ဆီမှာမှ သန္ဓေတည်ခဲ့တာ
မင်းကံက ဆိုးရွားလိုက်တာ ...။
ကလေးငယ်ရေ ...
ဘ၀တွေ တိုးတက်အောင်မြင်ဖို့အတွက်
အချိန်တွေ၊ငွေတွေ ရင်းနှီးခဲ့တာ
ပျော်ရွှင်မှု လွတ်လပ်မှု
ခံစားချက်ပေါင်းစုံကို စတေးခဲ့တာ
နောက်ဆုံးတော့ မင်းကိုပါစတေးခဲ့ကြပြီ ...။
ကလေးငယ်ရေ ...
ဖြစ်ပြီးရင် ပျက်တယ်တဲ့
ဝေပြီးရင် ကြွေတယ်တဲ့
မဝေခင်က ကြွေတဲ့
မဖြစ်ခင်က ပျက်တဲ့
မင်းဘ၀နဲ့ လူတွေရဲ့သဘောတရား
ငါ နားမလည်တော့ဘူး ...။
ကလေးငယ်ရေ ...
မေတ္တာသုတ်တွေ
လူ့အခွင့်အရေးတွေ
လူလူချင်း စာနာသနားမှုတွေ
သူတို့ပါးစပ်က ပြောထွက်ခဲ့တာ
ငါ နားကြားမှားခဲ့လေသလား ...။
ကလေးငယ်ရေ ...
အတိတ်က အရှင်လတ်လတ်ဒဏ်ရာတွေနဲ့
အနာဂါတ်ရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကိုတော့
ရင်ဘတ်ထဲ မရောက်ခဲ့ရိုးအမှန်ပါ
ပစ္စပ္ပန်ရဲ့ အရှိတရားကတော့
ခါးသက်လွန်းပါတယ်လေ ...။
ကလေးငယ်ရေ ...
ငါရဲ့ အသုံးမကျမှုတွေအတွက်
ဆဲဆိုပါ ရိုက်နှက်ပါ
ထုထောင်းပါ အပြစ်ပေးပါ
မင်းရဲ့ ၀မ်းနည်းမျက်ရည်တွေနဲ့
ငါ့ကိုယ်ငါ အခါခါဆေးကြောပါ့မယ်
သေဆုံးခြင်းရဲ့နောက် ဟိုးးးးးးတစ်နေရာထိ ...။
ကလေးငယ်ရေ ...
မင်း ကောင်းရာသုဂတိလားပါစေကွာ ...။
အရသာ
ကျိုးကြေနေတဲ့ ညနေခင်းတွေမှာ
ယိုင်နဲ့နေတဲ့ လမ်းကလေးဆီ
ငေးမောကြည့်ရင်း
မညီညာသံစဉ်တွေကို လိုက်ဖမ်းရတာလည်း
အရသာတစ်ခုပေါ့ ....
လူမိုက်တွေ သောက်သုံးနေကြ
ငါကြိုက်တဲ့ ပျင်းရှရှတွေနဲ့
အားလုံးကိုလွှတ်ချ
အတွေးတွေကို မူးယစ်ရတာလည်း
အရသာတစ်ခုပေါ့ ...
ကဝေပျိုရဲ့ မာယာတွေနဲ့
နူးညံ့တဲ့ မျက်စောင်းတွေကို
သိမ်းဆည်းပြီး
မျက်ရည်တွေကို မြည်းစမ်းရတာလည်း
အရသာတစ်ခုပေါ့ ...
ဒါပေမယ့် ...
ဒါပေမယ့် ...
................
................
ခါးတယ် ... ။ ။
ကျွန်တော်၏ ချစ်သောမီးမီး
ိ
အိပ်ရင် ပိုးလိုးပက်လက်နဲ့ ကြောင်မနဲ့ကို မတူဘူး။း)
အိပ်နေလို့ကတော့ ဘာလုပ်လုပ် ဂရုကိုမစိုက်ဘူး။(ကျွန်တော့်အရုပ်တွေလဲ သူဆော့လို့ကုန်ပြီ :P )
မအေးသော ဆောင်းရက်များ
ဆောင်းတွင်းအေးအေး ဆောင်းဆိုမှတော့ အေးပြီပေါ့လေ ...။ မအေးတဲ့ဆောင်းတွေလဲ ရှိချင်ရှိမှာပေါ့..။ ရန်ကုန်ဆောင်းလည်း နည်းနည်းတော့ အေးပါတယ်.။ နေဖူးတဲ့ မြို့တွေကလည်း ဆောင်းဆို အေးတာများပါတယ်.။ ဆောင်းအကြောင်းကလဲ လေးမ Tag ပြီးတော့ဆိုတော့ ကျွန်တော့်ရဲ့ မအေးသောဆောင်းရက်များထဲက ပေါ့ပေါ့ပါးပါးလေးကိုပဲ ရေးလိုက်တယ်ဗျာ.။ အေးတာကိုကြိုက်တဲ့ ကျွန်တော်အဖို့ကတော့ အေးလေ ကွေးလေ ကွေးလေ နွေးလေဆိုတော့ နွေးနွေးလေးနဲ့ ကွေးရတာပေါ့ဗျာ.။ အဲ ... မကွေးရတဲ့ ဆောင်းတော့ မှတ်မှတ်ရရ ရှိတယ်ဗျ.။ ဒါလေးကိုပဲ တူမကြီးရဲ့ tag ကိုရေးလိုက်တယ်..။ အဆင်ပြေမှာပါ..။
မှတ်မှတ်ရရ အဲဒီဆောင်းပဲ ဘ၀တစ်ဆစ်ချိုးတယ်လို့ ဆိုမလား.. အတွေ့ အကြုံသစ်စတယ်လို့ပဲ ပြောမလား .။ နှစ်တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကိုအကူး အရမ်းအေးတဲ့အချိန်ပေါ့ဗျာ.... ရောက်သွားတာက တောင်ပေါ်မြို့ လေးတစ်မြို့ ။ တောင်ပေါ်မြို့ ဆိုပေမဲ့လည်း ချိုင့်ဝှမ်းထဲမှာရှိတာဆိုတော့ စိမ့်နေအောင်အေးတာ.။ ရောက်စတစ်ရက်ကတော့ ကောင်းကောင်းကွေးလိုက်ရသေးတယ်.။ နောက်ရက်ကစပြီးတော့ မောင်မျှားပြာတို့ လိမ့်နေအောင် ပြေးရတော့တာပဲ.။ ၁၁း၀၀ လောက်မှနေကိုမြင်ရတဲ့နေရာမှာ ၆း၃၀ လောက်ထပြီး အလုပ်စလုပ်ရတော့တာ စဉ်းစားတာကြည့်တော့.။ မနက်ဆို ကိုယ့်လက်ကိုရှေ့ထုတ်ကြည့်တာ မမြင်ရဘူး.။ မျက်နှာသစ်တာတောင် စမ်းတ၀ါးဝါးနဲ့ ရေကလဲစမ်းချောင်းထဲကဆိုတော့ အေးလိုက်တာဆိုတာ ပြောမနေနဲ့တော့.။ ဒါတောင် ကိုယ့်ဘာသာခပ်ရတာ မဟုတ်ဘူး ကိုယ်တိုင်ခပ်ရရင်တော့ အပျင်းထူတာနဲ့တင် နေ့လည်လောက်မှ မျက်နှာသစ်ရမဲ့ကိန်းပဲ.။ မနက်စာလေး
တစ်ရက်ကတော့ ထူးထူးခြားခြားပဲ.။ လှတပတကျောက်တုံးဝိုင်းဝိုင်းလေးတွေကို ကောက်ရတာပါ.။ သိပ်တော့မကြီးပါဘူး ကလေးခေါင်းသာသာလောက်ပါ.။ ကောက်ရတဲ့နေရာက စမ်းချောင်းထဲမှာ ရေက ဒူးခေါင်းလောက်ရှိတယ်.။ လက်နဲ့ကောက်ရတာကို ၂ကျင်းရအောင်ကောက်ဆိုပဲ.။
စာကြွင်း။ ။ အကြွေးဆပ်ဖို့တစ်ယောက်ကျန်သေးတယ်.. ဘုရင်မကြီးရေ ကျွန်တော်မမေ့ပါဘူးဗျာ.။ ပို့စ်အသစ်တက်ရင် မီးမီးနဲ့စပါ့မယ်..။ ခုတော့ အားလုံးပဲ တာ့တာဗျာ.။နောက်မှတွေ့ တာပေါ့..။