နှင်းမြူတွေ ဝေ့သီဝေ့သီ ... ရာသီဥတုက အေးစက်စက် မိုးစက်လိုလို နှင်းပေါက်တွေက တဖျောက်ဖျောက် ။ ၀ိုးတ၀ါးအလင်းရောင်က လင်းတလှည့် မှိန်တလှည့် ... နှလုံးသားရဲ့ ဟိုမှာဘက်ကမ်းမှာတော့ ပိန်းပိတ်အောင်မှောင်လို့ ..... ကြယ်စင်တွေရဲ့ ကကြိုးတွေကတော့ မပီမပြင်နဲ့ ဘ၀ကို ရေးရေးလေး လှမ်းမြင်နေရတယ် ... ။ ကျောက်ဆောင်တွေနဲ့ ဒီရေတို့ရဲ့ အနမ်းကို ပင့်သက်ရှိုက်ပြီး ကြည့်လိုက်မိရင် လရိပ်ပဲ ပျောက်ကွယ်သွားမလား ...။ တိမ်ညိုတွေ မဖုံးပေမယ့် ကောင်းကင်ကြီးက မသာယာဘူး ရယ်သံတွေက အက်ကွဲကွဲ ... ။ ၀ါရော်ရော် သစ်ရွက်တွေဆီက လှုပ်လီလှုပ်လဲ့နဲ့ ရေစက်တွေ ကမ္ဘာမြေရဲ့ ဆွဲအားကို အံတုနေကြပြီ ... ။ မြက်ပင်တွေကတော့ လေယူရာ တိမ်းလို့ ညရဲ့လေပြေမှာ ယိမ်းသွဲ့သွဲ့ ... .... ... ...
ဟိုးအဝေးက မြစ်ကမ်းဘေးတနေရာမှာတော့ လူတစ်ယောက် ... ... ... အရပ်ရှည်ရှည်၊ ဖောသွပ်သွပ် ကိုယ်ခန္ဓာ၊ မျက်လုံးများက ရီဝေေ၀ တနေရာကို ငေးစိုက်ကြည့်နေရင် တခြားဘာကိုမှ မမြင်တော့သလိုမျိုး ... ... နှုတ်ခမ်းတွေက အမြဲတမ်းစေ့ထား၍ ထီမထင်သော အပြုံးက ပီပီသသကြီး တွဲခိုလို့  ... နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတို့က စိမ်းဖန့်ဖန့် မြင်တွေ့ နေကြ ယောက်ကျားင်္ဆန်သော ယောင်္ကျားတစ်ယောက်ထက် ဘာတစ်ခုမှ မပို .. ... ... ။
နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးလာတာ ကြာလာတော့ စီးကရက်မီးခိုးတွေက ခန္ဓာကိုယ်ကို အထပ်ထပ်ရစ်ပတ်လို့ ... ... ကျန်ခဲ့တဲ့ ဟိုးအတိတ်က အရိပ်တွေကို ကောက်သင်းကောက်ကြည့်မယ် ... ရွတတ ကျွတ်ဆတ်ဆတ်ဘ၀ကို သေမင်းနဲ့ လောင်းကြေးထပ်သလိုမျိုး စနစ်တကျပြုလုပ်ထားတဲ့ အန္တာရယ်တွေကို အထပ်ထပ်ချိုးဖောက်လို့ ... ... ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့သူတွေကို မျက်စိထဲမတွေ့တိုင်း ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း စိတ်မြန်လက်မြန်နဲ့ တုံ့ပြန်ခဲ့... ... ဒီလိုနဲ့ ဘ၀ရဲ့ဒဏ်ရာတွေကို ပခုံးထက်မှာ ထမ်းပိုးလို့ ကံကြမ္မာလမ်းကို လေးတိလေးကန်နဲ့  လျှောက်လှမ်းတုန်း ... ... ...
ကောင်းကင်ကြီးကတော့ မိုးသားတွေ မကင်းစင်သေးဘူး ... ... တွေ့ ရာကြုံစားတယ်ဆိုပေမယ့်လဲ ဇာတ်တူသားကိုတော့ ရှောင်တယ် ... ... ခြေဦးတည့်ရာ လျှောက်ပေမယ့် သည်လမ်းနဲ့  သည်ခြေထောက်က အခုထက်ထိ သဟဇာတမဖြစ်သေးဘူး ... ... ခါးသက်သက်အရည်တွေက မကောင်းပေမယ့် စွဲစွဲလမ်းလမ်း သောက်ဖြစ်တုန်းပဲ ... ... စိတ်ရှိတိုင်း လုပ်ဖြစ်တာကိုပဲ ကိုယ့်ကိုကိုယ့် ကြံဖန်ကျေးဇူးတင်တယ် ... ... အဲဒီလိုနဲ့  လူတွေကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြတတ်လာတယ် ... ... စိတ်ဝိညာဉ်ရဲ့ အလှည့်အပြောင်းကို သေချာမသုံးသပ်မိခင်မှာ နယူတန်ရဲ့ တတိယနိယာမကို လက်ခံလိုက်တယ် ... အိပ်ပျော်အောင် ကြိုးစားရင် အိမ်မက်တွေကို ကြည်ကြည်ဖြူဖြူ မက်တတ်လာတယ် ... ... သိုးမည်းတွေရဲ့ ဥယျာဉ်မှာ အလွမ်းတွေရော အပြုံးတွေပါ ဝေေ၀ဆာဆာဖူးပွင့်ခဲ့ပြီ ... ... ... နွေဦးရဲ့တေးသံကို ဌက်ကျေးတွေနဲ့ အတူတူ လိုက်ဆိုတတ်လာပြီ ... ... ... နှလုံးသားကို တည့်တည့်လာတဲ့ ကျည်ဆံတွေကို ခေါင်းအုံးအိပ်တတ်ခဲ့ပြီ ... ... တစုံတရာအတွက်တော့ လေထဲမှာ ပြာတွေကို မျှားနေမိတုန်းပဲ ... ... ... မိုက်မဲရူးသွပ်မှုတွေကို ရိုက်ချိုးဖို့အတွက် မာယာတွေကို မက်မက်စက်စက် သောက်သုံးမယ် ... ... ... ဒါပေမယ့် ဒီရင်ဘတ်ထဲကိုတော့ အပြာရောင်မျှားတွေ တစ်စင်းပြီး တစ်စင်း အထပ်ထပ်စိုက်ဝင်လို့ သေအံ့မူးမူး ... ... ... ။
ကိုဇီးရိုးရေ ... ငါ ဘာကောင်လဲဆိုတာတော့ ရေးလိုက်ပြီဗျ ... ကိုယ့်အကြောင်းကိုယ် ရေးရင်တော့ ဘာတစ်ခုမှကောင်းတာမရှိဘူး ... ကိုယ်တိုင်က လူဆိုးဆိုတော့ အရင်ကလဲဆိုးတယ် အခုလဲဆိုးနေတုန်းပဲ နောက်လဲ မသေချာဘူး ... လူမိုက်တွေ ခေတ်ကောင်းနေတဲ့အချိန်မှာ မိုးခါးရေတော့ မသောက်ချင်သေးဘူးဗျာ ... ... ဘာမှမစဉ်းစားပဲ ထင်ရာမြင်ရာ လေဖမ်း ဒန်းစီးနေတဲ့ လူမိုက်တွေထက်တော့ လူဆိုးက ပိုကောင်းမယ်ထင်တယ် ... အဲဒါနဲ့ပဲ အဲလိုရေးလိုက်ပါတယ် ဟင် ဘာမှလဲဆိုင်ဘူး ... ဟတ် ဟတ် ဟတ် ... ... ... အဆင်ပြေမယ်ထင်ပါတယ် ... .... .... ။
ဒီတစ်ခါတော့ တစ်ယောက်လောက်ကို ဒုက္ခပေးလိုက်ဦးမယ် ... မောင်မျိုးရေ မင်းအကြောင်းလေး လုပ်ပါဦး ... အဆင်ပြေမယ် မဟုတ်လား ... .... ... ။ ။
7 comments:
လူဆိုး ကတော့ မိုက်တယ်ကွာ ... ဒါနဲ့ စကားမစပ် ဗျစ်ခါးရည်တွေ များပြီး မြားပြာ ... အသားဝါနေပြီလားး (ကိုဆိုးသွမ်း ကတော့ အဲဒီလို ရေးထားလို့) ... လူမိုက် တွေ ဆိုးတာလဲ တွေ့ နေရသဗျ ... :D
အလဲ့ မိုက်လှချည်လား ကိုပြာမြှားရဲ့။
စကားပြလား၊
ကဗျာလား မှတ်နေတာ။
အဆုံးရောက်မှ သူ့အကြောင်းသူရေးထားတာကို။
သိပ်ပြီးမမိုက်နဲကွယ့် တော်ကြာ်.....ဘလာ...ဘလာ..ဘလာ
အဲ ဖြစ်နေဦးမယ်။
နေကောင်းအောင်နေနော့။
ပျော်ရွှင်ပါစေကွယ်။
နင်ဘာကောင်လည်း .... ငါဘာကောင်လည်း .... ဘယ်သူဘာကောင်လည်း....
မသိတော့ဘူး... ဟဲဟဲ
ကောင်းတယ် ကိုမျှားပြာအရေးအသားတွေ
ပျော်ရွင်ပါစေ
ခင်တဲ့
နှင်းပွင့်ဖြူလေး
အော် အစက လူကောင်းမှတ်နေတာ လူဆိုးကိုး အတော်ပဲ ဒါမှ ဘက်တူသွားမှာ အဟက်ဟက် ပေါင်းလို့ ရပြီပေါ့ကွာ။ အင်း ခုလို ရေးပေးတာကို ကျေးဇူးပါပဲ။ နောင်တက်ခ်ခံရရင်လည်း ထပ်ရေးပါအုံးဆိုတာ ကြိုပြောထားပါရစေ။ :D
ကဲ လူဆိုးကြီး ၊ဆိုးခဲ့တာလေးတွေ က်ုအမဗတ်ရစရာပေါ့ နယ်:$
လူမိုက်တွေ ဆိုးသလား ကိုစိုးထက်ရး)။
မနှင်းဆီနီနီရေ .. ဘလာ ဘလာ ဘလာ ။
နှင်းပွင့်ဖြူလေးရေ ဟိုဟာ ဒီကောင်ပဲး)။
ရေးမှာပေါ့ ကိုသုညရ .. လူဆိုးတွေပဲး)။
နယ် ငါက အဲလောက်ဆိုးလားကွ ဟတ် ဟတ်ဟတ်
နွေရက်မိုးဆောင်း
ဘယ်လိုပြောင်းလည်း
အဟောင်းသွေဖီ
အသစ်တည်မည်
ရာသီတိုင်းမှာ
မောင်မျှားပြာ
Post a Comment