ကြယ်ကြွေခဲ့ရင်

ဟိုမှာဘက်က အလင်းရောင်တွေ
ပြိုးပြိုးပျက်ပျက် ၀င်းလက်လို့
သံစဉ်တစ်ပုဒ်ရဲ့ တေးသွားအစဟာ
လူးလူးလွန့်လွန့်နဲ့ နိုးထ
ကောင်းကင်ရဲ့ လက်တစ်စုံနဲ့
ထူမနေတဲ့ ငါ့နှလုံးသားက
တဖြည်းဖြည်းနဲ့ ငိုက်ငိုက်ကျ
အကျည်းတန်မှန်တချပ်နဲ့ အပိုင်းအစတွေ
ရင်ထဲမှာ နွေးထွေးလာပြီ၊

လမ်းခွဲမှာမှ ထုဆစ်ခဲ့တဲ့အညိုးတွေက
သဲသဲမဲမဲနဲ့ ရွာလို့ကောင်းတုန်း
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့လက်တွေကိုတော့
အခုထက်ထိ မဖြည်မိသေးဘူး
ရာသီစက်ဝိုင်းတွေ အတွေးလွန်နေတဲ့
ပန်းချီကားဟာ မှော်မအောင်ခဲ့ဘူး
တောင်တန်းတွေရဲ့ အနားသတ်ဟာ
ငါ့ခြံစည်းရိုးဖြစ်မှတော့
ငါ့ဝိညာဉ်ကို ပြန်မခေါ်ချင်တော့ဘူးလေ
ဌက်ကလေးရေ ... ... ...
လောကကြီးကို အလှဆင်ပါ
တောင်ပေါ်မှာ ခေါင်းလောင်းထိုးတဲ့အထိပေါ့ ...။ ။

3 comments:

Anonymous said...

ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့လက်တွေကိုဖြေချလိုက်ရင် ဘာတွေတွေ့ ရမလဲ...။ တောင်ပေါ်မှာ ခေါင်းလောင်းရောရှိရဲ့လား...။ ခေါင်းလောင်းထိုးမယ့်သူရောရှိလား...။

မျှားပြာ said...

ဆုပ်ထားတဲ့လက်တွေကို ဖြည်ချလိုက်ရင်တော့ ပြာတွေ တွေ့ ရမှာပေါ့လေ ဟတ် ဟတ်။

ThinkingHoney said...

လမ်းခွဲမှာမှ ထုဆစ်ခဲ့တဲ့အညိုးတွေက
သဲသဲမဲမဲနဲ့ ရွာလို့ကောင်းတုန်း
so cool!